23.9.08
22.9.08
505(b) on Saw Wai
ကဗျာဆရာ စောဝေကို အများပြည်သူ ဆူပူလှုံ့ဆော်မှုဖြင့် စွဲချက်တင် RFA 2008-09-22 ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ကဗျာရေးမှုနဲ့ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂၂ရက်နေ့က ဖမ်းဆီးခံရတဲ့ ကဗျာဆရာ စောဝေကို ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) အများပြည်သူ ဆူပူလှုံ့ဆော်မှုနဲ့ စက်တင်ဘာ ၂၂ရက် ဒီနေ့ စွဲချက်တင်လိုက်ပြီလို့ သူ့ဇနီး မနန်းစမ်းစမ်းအေးက ပြောပါတယ်။ နဂိုမူလက ၁၂ကြောင်း ပါရှိတဲ့ ကဗျာကို စာပေစိစစ်ရေးက ပုံနှိပ်ခွင့်မပေးနိုင်ဘူးလို့ ပယ်ချထားတဲ့ကြားက အချစ်ဂျာနယ်က ရှစ်ကြောင်းပါတဲ့ ကဗျာအဖြစ် ဖော်ပြခဲ့တာပါ။ ကဗျာတကြောင်းချင်းစီရဲ့ ထိပ်စည်းအစက ရေးထားတဲ့ စာလုံးတွေကို ထောင်လိုက်ဖတ်ရင် ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’လို့ ဖတ်လို့ရပါတယ်။ တကယ်တမ်းတော့ ဒီကဗျာကို ဂျာနယ်မှာ ဖော်ပြဖို့မဟုတ်ပဲ အပျော်အပျက်ရေးပြီး အယ်ဒီတာကို အလွတ်သဘော ပြကြည့်တာလို့ မနန်းစမ်းစမ်းအေးက ပြောပါတယ်။ မနန်းစမ်းစမ်းအေး။ ။ 'ပါရစေ့ရဲ့ မဟုတ်ဘူး၊ အပြင်မှာ အပျော်အပျက် လက်တန်းရေးပြီးတော့ ပြကြည့်တာ၊ ဒီလိုပြကြည့်တာကို လုပ်စားချင်တဲ့လူက အဲဒီလို လုပ်လိုက်တာလေ၊ ဟို စိစစ်ရေးကိုတော့ သူက ဆယ့်နှစ်ကြောင်းလုပ်ပြီး တင်လိုက်တာ၊ ရုံးမှာလည်း ထွက်ချက်က အဲဒီလိုပဲ ထွက်တယ်။ ပယ်တယ်ပေါ့ စာပေစိစစ်ရေးက၊ ကြက်ခြေခတ်ထားပေမဲ့ ကိုမြတ်ခိုင်တို့က မပါပါအောင် ထည့်လိုက်တယ်၊ ဒါမပါသင့်ဘူးဆို စိစစ်ရေးက ပယ်ထားပြီးပြီဆိုလည်း ပယ်ထားပြီးပြီပေါ့ ဟုတ်တယ်မဟုတ်လား၊ စိစစ်ရေးက ပယ်ထားရက်သားနဲ့ ဘာလို့ပါသလဲ၊ ဆယ့်နှစ်ကြောင်းကို သူက ရှစ်ကြောင်းနဲ့ ပါလာတယ်လေ။' စာပေစိစစ်ရေးက ပယ်ထားတဲ့ကဗျာကို ဖော်ပြတဲ့ အချစ်ဂျာနယ်ကိုတော့ ထုတ်ဝေခွင့်တပတ် ပိတ်တာပဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။ 'ပြီးတော့ အယ်ဒီတာကို ဘယ်လိုအရေးယူသလဲဆိုတော့ နောက်အဲဒီလို မပါရစေပါဘူးဆိုပြီးတော့ လက်မှတ်ပဲထိုးခိုင်းတယ်တဲ့။ သူတို့ကျတော့ ဘာကြောင့် ပြစ်မှုတွေ အဲဒီလောက်ပေါ့ပြီးတော့ ကိုစောဝေကျမှ အခု အချုပ်ခံထားရတာ၊ ကိုးလထဲ ရောက်နေပြီ ပထမဆုံး တာဝန်အရှိဆုံးကတော့ အယ်ဒီတာပဲ၊ ဒါပေမဲ့ ဒီအယ်ဒီတာကျတော့ ဘာဖြစ်လို့ အပြင်မှာ လွတ်လွတ်လပ်လပ်နေသလဲ၊ ကဗျာရေးတဲ့လူ တယောက်ပဲ အပြစ်ရှိသလား၊ ကျမတို့လည်း အဲဒါကို သိချင်ပါတယ်'လို့လည်း ပြောသွားပါတယ်။ ကိုစောဝေကို စက်တင်ဘာလ ၂၉ရက်မှာ ရုံးချိန်းပေးထားပြီး အမှုဆက်လက် စစ်ဆေးပါမယ်။
3.8.08
from www.htooeainthin.com
သြဂုတ်လ ၁၄ ရက်နေ့ဟာ ဂီတပညာရှင် ထူးအိမ်သင်ကွယ်လွန်ပြီး နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ကဗျာလက်တွဲဖော်များထဲက ကဗျာဆရာကိုစောဝေက ကိုယ်ပိုင်သံစဉ် လို့ အော်နေကြတဲ့အချိန်မှာ ကိုငှက်(ထူးအိမ်သင်)ဟာ နိုင်ငံခြားသား ဂီတပညာရှင်တစ်ယောက်လို ဒါဟာ တကယ်ကိုယ်ပိုင်တဲ့ဂီတဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြခဲ့တာနဲ့ပတ်သက်ပြီး နောင်လာ နောက်သားတွေ အတုယူလို့ရအောင်၊ သိလည်းသိထားရအောင် ကိုငှက်(ထူးအိမ်သင်)ရဲ့ နှစ်နှစ်ပြည့် အမှတ်တရအဖြစ် ပေါ်ပြူလာဂျာနယ်ကို ယခုလိုပြောပြခဲ့ပါတယ်။
ဒီလ သြဂုတ်လဟာ ကိုငှက်(ထူးအိမ်သင်)ရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်တဲ့လပေါ့။ သူ့အတွက် ပြောစရာလေးအဖြစ် ဦးလာတာက တော့ ဓာတ်ပုံလေးတစ်ပုံပေါ့။ ဦးမြတ်ခိုင်က အဲဒီဓာတ်ပုံလေးကို ကျွန်တော့်ကို လက်ဆောင်လာပေးတယ်။ အဲဒီဓာတ်ပုံထဲက ကိုမြင့်မိုး တို့ ဆိုရင်လည်း သူ့ဟာနဲ့ သူ့အလုပ်တွေရှုပ်နေကြတယ်လေ။ ဒီဓာတ်ပုံလေးဟာ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်လောက်က ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပေါ့။
အဲဒီဓာတ်ပုံထဲမှာပါတဲ့ လေးယောက်က ကျွန်တော်ရယ်၊လီယိုနာဒ်မောင်မောင်လွင်၊ ကိုမြင့်မိုးအောင်၊ ပြီးတော့ ကိုငှက်(ထူးအိမ်သင်)ပေါ့။ ဒီဓာတ်ပုံလေးက ဘာထူးခြားနေသလဲဆိုရင် ပုံထဲမှာ ကျွန်တော်တို့ သုံးယောက်က ကိုငှက်တစ်ခုခု ပို့ချနေတာကို အာရုံစိုက်ပြီး နားထောင်နေကြတဲ့ပုံစံမျိုး။ နောက် ဒီနှစ်ဒီကာလ မှာ မျိုးဆက်သစ် အဆိုတော်လေးတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ဘာတွေပြောလာကြသလဲဆိုတော့ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ သွားရောက်ဖျော်ဖြေတာဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်တွေကိုပဲ ဖန်တီးသီဆို တော့မယ်လို့ တော်တော်များများ ပြောလာကြတာကို တွေ့ရတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တစ်ခု ပြောချင်တယ်။ ကိုငှက်ရဲ့ နောက်ဆုံးခရီး ပုသိမ်ကိုသွားတဲ့ အကြောင်းလေးပေါ့။ တော်တော်လေး ဂုဏ်ယူစရာ ကောင်းသလို၊ ကြေကွဲစရာလည်းဖြစ်တယ်။ ကိုမြင့်မိုးဘက်ကလည်း အဲဒီအချိန်တုန်းက ဒီကိစ္စကို စာမျက်နှာ ပေါ်မှာ မပြောခဲ့ဘူးပေါ့။ အခုသိပ်မကြာခင်က မဂ္ဂဇင်းတစ်စောင်မှာ ကိုမြင့်မိုးဘက်က ပြောလာတာ ဖတ်လိုက် ရတယ်။ ကိုလူမင်းကလည်း ကျန်စစ်မင်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာမှာလည်း ပြောခဲ့တာကိုလည်း ကျွန်တော် ဖတ်လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုလူမင်း မလေးရှားမှာ ကျန်စစ်မင်းဇာတ်ကားအတွက် ကားသွား ဆက်တော့ အဲဒီဇာတ်ကားမှာ သုံးမယ့်ပုလွေသံအခွေကြမ်းလေးကို ကိုငှက်က ထည့်ပေးလိုက်တယ်။ အဲဒီမှာ မလေးက ဂီတပညာရှင်တစ်ဦးက ဒီသံစဉ်ကို ဖန်တီးတဲ့သူနဲ့ တွေ့ချင်တယ်ဆိုပြီး ကိုလူမင်းတို့ သားအဖကို အကူအညီတောင်းတယ်။ အဲဒါက ကိုလူမင်းပြောခဲ့တဲ့အပိုင်းပေါ့။
အခု ကျွန်တော်က ကျန်တဲ့အပိုင်းလေးကို ဆက်ပြောပြမယ်။ ကိုငှက်နဲ့ ကျွန်တော်တို့တွေ ကဗျာ Work Shop လေး လုပ်ဖြစ်နေတဲ့အချိန်မှာ သူ့လွယ်အိတ်ထဲမှာ တခြား Instument တွေမဟုတ်ဘဲနဲ့ မြန်မာဖြစ်ပုလွေ အကြီး၊ အလတ်၊ အသေး သုံးမျိုးလောက်ပါပါလာတာကို တွေ့ရတယ်။ နောက်တော့ သူကပဲ ပြောလာတယ်။ ကိုလူမင်းက ကျွန်တော့်ကို ပုဂံကားတစ်ကားအပ်ထားတယ်တဲ့။ အဲဒီမှာသုံးမယ့် ပုလွေသံကို အခုအချိန်အထိ အားမရသေးဘူးဗျာတဲ့။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ Recording တွေမှာ အသံဖမ်းတာလည်း သူအားမရသေး ဘူး။ သူလိုချင်တဲ့အရသာကို မရသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့နဲ့ ပြောစရာရှိရင်ပြောမယ်။ ပြောစရာမရှိရင် အဲဒီပုလွေကိုမှုတ်ပြီး သံစဉ်ရှာကြည့်နေတယ်။ ဒီလိုနဲ့တစ်ရက် ကျွန်တော်ရယ်၊ ကိုငှက်ရယ်၊ ကိုနေမျိုးဆေး ရယ် သုံးယောက်ဆုံနေကြ Mr. Guiter က စားပွဲလေးမှာ ဆုံဖြစ်တယ်ပေါ့။ ကိုနေမျိုးက မရောက်သေးဘူး။ အဲဒီမှာ သူကဘာပြောသလဲဆိုတော့ ဒီညဧည့်သည်တစ်ယောက်လာမယ်တဲ့။ မလေးကဂီတပညာရှင်တဲ့။ အဲဒါနဲ့သိပ်မကြာဘူး။ မလေးက ဂီတပညာရှင်ဆိုသူ ရောက်လာတယ်။ ရောက်လာပြီး စားကြသောက်ကြနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကိုငှက်ကလည်း ဘာစကားမှမပြောဘူး။ ဟိုဂီတပညာရှင်ကလည်း ဘာမှမပြော ဘူး။ ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ကြည့်နေတယ်။ စားသောက်လို့ ပြီးခါနီးအချိန်ကြမှ မလေးဂီတ ပညာရှင်က စပြောတယ်။ “မင်းပေးလိုက်တဲ့ ပုလွေသံဟာ တကယ်ရှိတဲ့ အသံလားတဲ့”။ ကိုငှက်က တစ်ခွန်းပဲ ပြန်ပြောတယ်။ “ဟုတ်တယ်”။ အဲဒီကြမှ ကိုငှက်က ကျွန်တော်နဲ့ မိတ်ဆက်ပေးမယ်။ ပြီးတော့ မလေးဂီတပညာရှင်က ဆက်မေးတယ်၊ “မင်းဒီအသံကို ဘယ်ကရတာလဲတဲ့”။ ကိုငှက်က “ငါဒီအသံကို ပုဂံက ရတာတဲ့”။ မလေးဂီတပညာရှင်က မယုံသလိုအကြည့်နဲ့ “မင်းကျိန်းသေတယ်နော်”၊ ကိုငှက်က “အေး-ကျိန်း သေတယ်”။ အဲဒီမှာဆက်ပြီး မလေးဂီတပညာရှင်က “မင်းအဲဒီပုဂံကို ငါ့ကို လိုက်ပို့လို့ရမလား”။ ကိုငှက်က “ငါလိုက်မပို့နိုင်ဘူး။ မင်းဘာသာသွားပြီး အဲဒီအသံကိုရှာလာခဲ့”။ “မင်းတကယ်ကြားချင်တယ်ဆိုရင် တွေ့ကိုတွေ့မှာပါ”၊ “ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်နဲ့တော့မရဘူး။ တစ်ပတ်ဆယ်ရက်နေမှ မင်းရနိုင်မယ်”။ တကယ်ပါ ကိုငှက် အဲဒီအတိုင်းကို ပြောတာပါ။ ကျွန်တော်တောင် ကိုငှက်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကိုတော့ လိုက်ပို့ရမှာပေါ့။ ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်နဲ့ တစ်နေ့ ကျွန်တော်တို့ Mr. Guiter မှာ ထိုင်နေတုန်း ကိုငှက်က ဟိုမလေးက ဂီတပညာရှင်ပြန်ရောက်နေပြီတဲ့။ ဒီနေ့ သူနဲ့ချိန်းထားတယ်တဲ့။ သိပ်မကြာပါဘူး။ အဲဒီဂီတပညာရှင်ရောက်လာတယ်။ ရောက်ရောက်ချင်း ကိုငှက်ကို ပြောတယ်။ “ဒီတစ်ည မင်းတို့ကို ငါပြုစုပါရစေ”၊ ကိုငှက်က “အိုကေရတယ်”တဲ့။ ဒါပဲပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့တွေ စားကြသောက်ကြ၊ တီးဝိုင်းကို ကြည့်ကြပေါ့။
အချိန်နည်းနည်းကြာလာတော့မှ အဲဒီမလေးဂီတပညာရှင်က ကိုငှက်ကို အင်မတန်လေးစားတဲ့ မျက်လုံးမျိုးနဲ့ကြည့်ပြီး “ငါမင်းကို အရမ်းကျေးဇူးတင်တယ်”၊ “မင်းဒီကပြီးရင် Recording သွားမှာလား”၊ “ငါလိုက်ခဲ့မယ်”။ ကိုငှက်က ပြန်ပြောတယ် တစ်ခွန်းတည်းပဲ။ “မလိုက်နဲ့” တဲ့ဗျာ။ ကျွန်တော်တောင် တော်တော်အားနာသွားတယ်။ အဲဒါနဲ့ မလေးဂီတပညာရှင်က ဆက်ပြောတယ်။ “ငါမင်းကို နောက်ဆုံး တောင်းဆိုတဲ့အနေနဲ့ ငါ့ကို နောက်ထပ် Traditional အသံတစ်သံလောက် လိုက်ပြပါလား”။ ကိုငှက်က ဘာပြန်ပြောသလဲဆိုတော့ “လုံးဝမပြနိုင်ဘူး”။ “မင်းလိုချင်တာရပြီ မဟုတ်လား”။ “မင်းအတွက် လိုအပ်သေး လို့လား”။ မလေးဂီတ ပညာရှင်က “ဆောရီး၊ ငါတောင်းပန်တယ်”၊ “မင်းငါ့ကို အခုရသွားတဲ့ အသံလေးနဲ့ပဲ ပြန်စေချင်တာမလား”။ ကိုငှက်က “အေးဟုတ်တယ်”။ အဲဒီတစ်ခွန်းပဲ ပြန်ပြောတယ်။ နောက်တစ်နေ့မှာ အဲဒီ မလေးဂီတပညာရှင် ပြန်သွားတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ကိုငှက်က သူ့ကို ပုဂံရဲ့ဘယ်နေရာ၊ ဘယ်သူ့ဆီသွားဆိုပြီး နေရာအတိအကျလည်း မပြောလိုက်ဘူး။ ဒီလူ ဘယ်ဘုရားကြို၊ ဘုရားကြားက ဒီအသံကို တွေ့သွားပါလိမ့်ပေါ့။ ကိုငှက်ပြောလိုက်တာ တစ်ခုတော့ ရှိတယ်။ မင်းပုဂံရောက်ရင် ဟိုတယ်မှာတော့ အိပ်မနေနဲ့တဲ့။ ဒါပဲ။ သူနဲ့ အဲဒီပညာရှင်နဲ့ ပြောတဲ့စကားဟာ ဒါအကုန်ပဲ။ ကျွန်တော် ပြောချင်တာက ကျွန်တော်သိသလောက်ဆိုရင် ကိုငှက်ကိုလာတွေ့တဲ့ ပညာရှင်နှစ်ယောက်ရှိတယ်။
တစ်ယောက်က အင်္ဂလန်က ကဗျာဆရာမကြီး ရုဒ်ပက်အယ်၊ နောက်တစ်ယောက်က မလေးကဂီတပညာ ရှင်။ အဲဒီနှစ်ယောက်စလုံးဟာ ကိုငှက်ကို လေးစားပြီး ပြန်သွားကြတာချည်းပဲ။ ကိုငှက်က သူ့ဖန်တီးမှုကို လုံးဝအသေအချာ၊ ဒါဟာ ငါတို့နိုင်ငံကဖြစ်တာ၊ ဖန်တီးတာဆိုတာကို သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပြနိုင်ခဲ့တယ်။ နောက်တစ်ချက်ပြောချင်တာ အဲဒီမလေးဂီတပညာရှင်ဟာ ပုဂံရဲ့ဘယ်နေရာကနေ ဒီအသံကိုရသွားတယ်ဆိုတာ ကိုငှက်ကသေသည်အထိ ကျွန်တော်တို့ကို ပြောမသွားခဲ့ဘူး။ ဒါကြောင့် အခု ကိုယ်ပိုင်သံစဉ်လို့အော်နေတဲ့သူတွေကို ကိုငှက်လို ခိုင်မာဖို့ ပြောချင်တဲ့အတွက်ရယ်၊ ဒီလဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်ဖြစ်တာရယ်ကြောင့် အခုလို ပြောရတာပါ။ ကျွန်တော်ကိုငှက်နဲ့ပတ်သက်ပြီး မဟေသီမှာရေးပြီး၊ ပြောပြီးကတည်းက မပြောဖြစ်တာ တော်တော်ကြာပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ပြောတာ၊ ရေးတာကို ပြန်ဖတ်ရတဲ့ ကိုငှက်ရဲ့အမေဟာ အမြဲတမ်း သူ့သားကို သတိရစွာနဲ့ ၀မ်းနည်းတာကိုလည်း မခံစားနိုင်ပါဘူး။ နောက်တစ်ခုပြောချင်တာက သြဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပမယ့် မန္တလေး အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ကိုငှက်ရဲ့ကဗျာတစ်ပုဒ်ကို တစ်ယောက်သောသူက ရွတ်ဖတ်မှာပါ။ ပြီးတော့ သြဂုတ်လဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်လဆိုတော့ အဲဒီကဗျာရွတ်ပွဲမှာ ကိုငှက်အတွက် အမှတ်တရအစီအစဉ် လေးလုပ်ဖို့ ရှိပါတယ်” ဟု ပြောခဲ့ပါတယ်။
သတိုးလွင်
Popular Journal /vol10_no33/
10.7.08
poem from MaHayThi Mag 2001 Aug
ငယ်စဉ်က
ရင်ခွင်မှ ပစ်ခွင်းခဲ့မြားအားလုံး
ဝေဒနာတစ်ခုကြောင့်
ကြီးမှ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ
မြားအားလုံး
နှလုံးသားမှာ စူးဝင်နေခဲ့
ဒါ အချစ်တဲ့လား။
စောဝေ
မဟေသီ ၂၀၀၁ သြဂုတ်
9.7.08
8.7.08
poem for Saya Zawgyi
(၆ ဧပြီ လို့ပဲ ရက်စွဲတပ်ထားတယ်။ မိတ်ဆွေတစ်ယောက်ဆီက ရတယ်။ ဘယ်စာစောင်မှာ ဖော်ပြခဲ့မှန်း မသိရ။ ဆရာဇော်ဂျီရာပြည့်အထိမ်းအမှတ်ကဗျာ။)
ဗေဒါကဝိ နှစ် တစ်ရာ
စောဝေ
လူ့ဘဝကြီး လင်းလက်တောက်ပဖို့
နေတစ်စင်း လတစ်စင်း ရှိခဲ့သလို
မြန်မာကဗျာနဲ့ မြန်မာလူမျိုးးတို့အတွက်
မင်းသုဝဏ်နဲ့ ဇော်ဂျီဟာ
နေ လ နှစ်ပါးပါ။
လူ့ဘဝဆိုတာကို
ရင်ဆိုင်ကျော်ဖြတ် ချီတက်ဖို့
ပျဉ်းမငုတ်တို ဗေဒါပျံနဲ့ အံခဲ
ငါတို့တွေ အမှန်တရားကို
တနေ့ ရောက်ရမယ်
တနေ့ရ ရမယ်
ဗေဒါပျံ စိတ်ပါပဲ ။ ။
1.7.08
lawyer is not able to reach Saw Wai
ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ကဗျာကို ရေးသားမှုနဲ့ ဇန်နဝါရီ လ ၂၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကဗျာဆရာကိုစောဝေကို ပုဒ်မ ၅ဝ၁- ခ နဲ့ တရား စွဲဆိုထားပြီး ရှေ့နေပါဝါ မပါပဲ ရုံးသုံးကြိမ်ထုတ် စစ်ဆေးပြီးပြီလို့ ကိုစောဝေရဲ့ ဇနီးက ပြောပါတယ်။
စာပေစိစစ်ရေးရုံးက အမှုထမ်းတဦးနဲ့ ကဗျာကို ပုံနှိပ်ဖော်ပြခဲ့တဲ့ အချစ်ဂျာနယ်က ကိုသက်ဟိန်းတို့က တရားလိုပြသက်သေတွေအဖြစ် ထွက်ဆိုကြတယ်လို့ ပြောပါတယ်။
မူလက ၁၂ကြောင်း ပါတဲ့ ကဗျာကို စာပေစိစစ်ရေးက ပုံနှိပ်ခွင့်မပေးနိုင်ဘူးလို့ ပယ်ချထားတာကို အချစ်ဂျာနယ်က ရှစ်ကြောင်း ပါရှိတဲ့ ကဗျာအဖြစ် ဖော်ပြခဲ့တာပါ။
ကဗျာတကြောင်းချင်းစီရဲ့ ထိပ်အစမှာ ရေးထားတဲ့ စာလုံးတလုံးစီကို ဒေါင်လိုက်ဖတ်ရင် အာဏာရူးကြီး မှူးကြီးသန်းရွှေ လို့ အသံထွက်ဖတ်လို့ရပါတယ်။
ဗဟန်းတရားရုံးမှာ စာပေစစိစစ်ရေးနဲ့ အချစ်ဂျာနယ်ဖက်က ထွက်ဆိုခဲ့တာတွေကို မနန်းစမ်းစမ်းအေးက ပြောပြပါတယ်။
ဒီလို စာပေစိစစ်ရေးက ပယ်တဲ့ကဗျာကို ပုံနှိပ်ဖော်ပြတဲ့ ဂျာနယ်ကို ဘယ်လိုအရေးယူ သလဲလို့ တရားသူကြီးက မေးတဲ့အခါ ရုံးတော်မှာထွက်ဆိုပုံကိုလည်း မနန်းစမ်းစမ်းအေးက ဆက်ပြောပြပါတယ်။
နဂို မူလကအတိုင်း ၁၂ကြောင်းကဗျာကို ဖော်ပြရင် အဓိပ္ပာယ်က တမျိုးဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ယူဆရတဲ့အကြောင်း မနန်းစမ်းစမ်းအေးက ပြောပါတယ်။ အမှုဖြစ်ရတဲ့ ကဗျာကို ဖော်ပြတဲ့ အချစ်ဂျာနယ်ကတော့ ပုံမှန်ထုတ်ဝေနေတယ်လို့ စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောပါတယ်။
ကိုစောဝေကို မေလ ၂၇ရက်က ပထမဆုံး ရုံးထုတ်ခဲ့ပြီး နောက်ရုံးချိန်းတွေဖြစ်တဲ့ ဇွန်လ ၁ဝရက်နဲ့ ၂၃ရက်မှာလည်း ကိုစောဝေဖက်က ထုချေခုခံချေပမယ့် ရှေ့နေမပါဘဲ ၅ဝ၅-ခ အများပြည်သူ ဆူပူလှုံ့ဆော်စေမှုစွဲချက်နဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ကို ရုံးချိန်းပေးထားပြီး အဲဒိနေ့မှာတော့ ရှေ့နေပါဝါကျလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မနန်းစမ်းစမ်းအေးက ပြောပါတယ်။
25.6.08
saw wai was sent to the court for the third time
mizzima ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 24 2008 20:33 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အသက်အရွယ် ကြီးမြင့်လှပြီဖြစ်သော နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးဟု လှောင်ပြောင် သရော်ခဲ့သူ နာမည်ရ ကဗျာဆရာ ကိုစောဝေကို ဗဟန်းမြို့နယ် တရားရုံးတွင် ယမန်နေ့က တတိယ အကြိမ်မြောက်အဖြစ် တရားရုံးတွင် အမှုစစ်ဆေးခြင်း ပြုခဲ့သည်။
ဖေဖော်ဝါရီ ဆယ့်လေး
5.6.08
ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့
ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား
မြေသြဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်
ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ
ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ င်္ကြပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။
စောဝေ
(မူရင်း - ညိမ်းညိုဘလော့ဂ် )22.5.08
a journalist and a general in red light district

ငါက မင်းကို မြန်မာပြည်သားမှန်း ချက်ချင်းသိတယ်။
- လူကဲခတ်ပညာလေး မျှပါဦးဗျာ။
မျက်လုံးတွေက ဂဏှာမငြိမ်ဘူး၊ ဟိုကြည့် ဒီကြည့်နဲ့။
- အဲသလိုကြည့်တာ သတင်းသမားတွေ၊ ထောက်လှမ်းရေးတွေရဲ့အလုပ်မဟုတ်လားဗျာ။
ဟုတ်တယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ ပြီးတော့ မင်းဝတ်စားထားတာလည်း သက်တောင့်သက်သာ မရှိဘူး။ အတင်းအကြပ်ကြီး သပ်သပ်ယပ်ယပ် လုပ်ထားမှန်း သိသာတယ်။ ဘာပဲပြောပြောကွာ၊ မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။ ဘာလဲ၊ ငါဝမ်းသာတယ်ဆိုတာ မယုံဘူးလား။
- မယုံပါဘူးဗျာ၊ မီဒီယာကို တိုက်မယ်ခိုက်မယ်ပြောထားတော့ ဘယ်လိုယုံရမှာလဲ။
ဒါကတော့ကွာ မူအရ ဟိန်းဟောက်ရတာပေါ့။ မင်းတို့မီဒီယာသမားတွေကိုလည်း ငါတို့က ကျေးဇူးတင်ရမယ့်အပိုင်းတွေ ရှိပါတယ်။ ဥပမာကွာ၊ လုပ်အားပေးကိစ္စ။
- ကျနော်တို့က အဲဒီလုပ်အားပေးကိစ္စ အဆက်မပြတ် အော်နေတာပဲ။ ဘာကြောင့် ကျေးဇူးတင်ချင်ရတာလဲ။ ILO ကိုတောင် တိုင်နေကြတာမဟုတ်ဘူးလား။
အေး- အဲဒီ တိုင်တဲ့ကိစ္စပေါ့ကွာ။ "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး၊ တိုင်လို့ရတယ်၊ တိုင်လို့ရတယ်" ဆိုပြီး အော်နေပေမဲ့ လူတွေက မင့်ဘကြီး ILOကို တိုင်တာမဟုတ်ဘူး ကွ။
- လူတွေက ကြောက်တာကိုးဗျ။
ခက်တာပဲ၊ အခုခေတ် လူတွေက သိပ်မကြောက်တော့ဘူးကွ၊ ဇဝေဇဝါ ဖြစ်နေကြတာ။ မင်းတို့က "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး" အော်နေတော့ သူတို့မျက်စိထဲမှာ သေနတ်နဲ့ချိန် ဓားနဲ့မိုးထားပြီး လုပ်ခိုင်းတဲ့ဟာတွေကိုပဲ မြင်နေကြတာ။ ဟားဟားဟား။
- Forced labour ကို အဓမ္မလုပ်အားပေးလို့ ဘာသာမပြန်ရင် ဘယ်လိုပြန်ရမလဲ။
ဒါကတော့ မင်းတို့ပြဿနာလေ။ စကားလုံးတိုင်းကို အတိအကျ ဘာသာပြန်စရာမလိုဘူးကွ။ သတင်းသမားဆိုတာ လူတွေနေ့တိုင်းပြောတဲ့စကားအတိုင်း ဆီလျော်အောင် မြန်မာမှုပြုရတယ်။ ဘာပဲပြောပြော မင်းတို့ကို ကျေးဇူးတင်ပါတယ်။
- မြန်မာတိုင်းမ်စ် မှာလည်း လုပ်အားပေးအကြောင်း ဖတ်နေရတာပဲ။
ဖတ်ရမှာပေါ့၊ အဲဒါတွေထည့်ဖို့ မြန်မာတိုင်းမ်စ်ကို ငါတို့ပဲ ခိုင်းထားတာ။
- လုပ်အားပေးလို့ အများသူငါနားလည်အောင် ရှင်းရှင်း ရေးလိုက်ရင် ဦးတို့က ဆင်ဆာဖြတ်မယ်ပေါ့။
ဖြတ်ရုံတင်မဟုတ် စာစောင်တောင် ပိတ်လိုက်ဦးမှာ။ ဘယ်လိုလဲ မင်းရော ဒီမှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။ အကူအညီလိုရင်လည်း မြန်မာသံရုံးရှိနေတာပဲ၊ အချိန်မရွေး ဆက်သွယ်ပေါ့ကွာ။
- မြန်မာသံရုံးကြောင့် ခက်နေတာပေါ့ဗျာ၊ ကျနော့်ပတ်စ်ပို့ကို သက်တမ်းမတိုးပေးဘူး တဲ့။
မင်းက နိုင်ငံတော်ကိုအကြည်အညိုမဲ့အောင် ဘာတွေလျှောက်ရေးထားမှန်းမှ မသိတာ။ သူတို့ ဘယ်လုပ်ပေးပါ့မလဲ။ ဒါနဲ့ ကဗျာဆရာစောဝေအကြောင်း မင်းသိပြီးရောပေါ့။
- ဟုတ်ကဲ့။
အေး၊ ငါတို့ သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်ကွာ၊ ငါတို့သိချင်တာက သူ့နောက်မှာ ဘယ်သူတွေက ကြိုးကိုင်နေသလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ပတ်သက်နေသလဲ ဆိုတာပဲ။
- သူ့ကဗျာထဲမှာ သဲလွန်စ ပါနေတယ်လေ၊ ကျနော်သိသလောက်တော့။
ဟာ ဟုတ်လား၊ လုပ်ပါဦး။ မင်းပတ်စ်ပို့ သက်တမ်းတိုးဖို့ဆိုတာ မခက်ပါဘူး၊ နားလည်မှုလွဲနေလို့ ဖြစ်မှာပါ၊ ဒီတစ်ခါ သံရုံးသွားရင် "ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ်" လို့သာ ပြောလိုက်။ အဲဒါ စကားဝှက်ပဲ။ သူတို့ မင်းကို ဘာမှ မမေးရဲတော့ဘူး၊ မင်းလိုချင်တာ ချက်ချင်းလုပ်ပေးလိမ့်မယ်။ စကားဝှက်ကိုလည်း ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းနဲ့ဦး။ ဒါထက် စောစောက ပြောတဲ့ သဲလွန်စ ဆိုတာ ဘာလဲကွ။
- သူ့ကဗျာ ပထမစာကြောင်းမှာ ပါတယ်လေဗျာ။ အာရင်ဘတ်က ပြောတယ်တဲ့။
အေး အဲဒီ အာရင်ဘတ်ဆိုတဲ့ငနဲနဲ့ စောဝေနဲ့ အဆက်အစပ်ရှိလိမ့်မယ်လို့ ငါထင်သားပဲ။ လုပ်စမ်းပါဦး၊ အဲဒီငနဲအကြောင်း။ ဒီကောင် အနောက်နိုင်ငံကမဟုတ်လား။
- ဆိုပါတော့ဗျာ၊ သူက ဂျူးလူမျိုး၊ ပြင်သစ်၊ ရုရှတို့မှာ နေခဲ့ဖူးတယ်။
လုပ်စမ်းပါဦး၊ သူ့နာမည် ဘယ်လိုစာလုံးပေါင်းသလဲ။
- Ehrenberg
အာရင်ဘာ့ဂ်၊ ဟုတ်လား။ သူက ဘာလုပ်သလဲ၊ သံတမန်လား၊ အင်န်ဂျီအိုလုပ်သလား။
- သူက စာအစုံရေးတာပဲ။
ဟ- မင်းက တယ်ဟုတ်ပါလားကွ၊ အင်္ဂလိပ်စာပေတွေဖတ်နိုင်တာကိုး၊ ကောင်းသကွာ။
- မဖတ်နိုင်ပါဘူးဗျာ၊ မြသန်းတင့်က သူ့စာတွေ ဘာသာပြန်ထားလို့ ကျနော်တို့ ဖတ်ရတာပါ။
မြသန်းတင့်က ဘာသာပြန်တယ်၊ ဟုတ်လား၊ ဒီနာမည် ကြားဖူးသလိုပဲ။ မြသန်းတင့်၊ ဒေါ်မြသန်းတင့်- ဘယ်မှာနေလဲ၊ ဘာတွေ ရေးလဲ၊ ဘယ်တုန်းက ဘယ်ဂျာနယ်မှာရေးတာလဲ၊ ဘယ်အရွယ်ရှိပြီလဲ၊ အိမ်ထောင်သည်လား၊ ဒီမိန်းမအကြောင်း မင်း ဘယ်လောက်သိသလဲ။
- မြသန်းတင့်က အမျိုးသားပါဗျာ။
သြော်- ဟုတ်လား၊ အေးကွာ ဒီလောက်သိရရင် အလုပ်ဖြစ်ပါပြီ။ နာမည်တွေ ပေးတဲ့အတွက် ကျေးဇူးပါပဲကွာ။ အာရင်ဘာ့ဂ်ကိုတော့ ပြည်ဝင်ခွင့် ပိတ်ရမယ်။ မြသန်းတင့်ကိုတော့ ဒီညတွင်းချင်းဖမ်းဖို့ ငါလှမ်းပြောလိုက်မယ်။
- ဒီနာမည်တွေ ကျနော့်ဆီကရတယ်လို့ ဘယ်သူမှ မသိပါစေနဲ့ဗျာ။
စိတ်ချပါကွာ။ ကဲ- ငါပြန်မယ်ဟေ့၊ မနက်ဖြန် လေယာဉ်ကွင်းသွားရမယ်၊ လေယာဉ်က ဘန်ကောက်-မန္တလေး။ မန္တလေးကတဆင့် နေပြည်တော်ကိုပြေးရဦးမှာ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်ဦး။
- ဟုတ်ကဲ့ပါခင်ဗျ။
25.4.08
Burma artists hide in shadow their sad work
Jacob Baynham, Chronicle Foreign Service
Wednesday, April 9, 2008
(04-09) 04:00 PDT Rangoon, Burma --
It's midmorning, and Thein Soe is hard at work on a new canvas. A leader of Burma's underground art movement, he has been an artist for more than four decades.
Soe, 61, who asked that his real name not be used for fear of arrest, is bone-thin with a face that resembles Edvard Munch's expressionist painting, "The Scream." Over the years, he has weathered the junta's 46-year rule, watching the military run one of the wealthiest Southeast Asian economies into the ground, crush pro-democracy demonstrations and ban most freedom of expression.
"We paint what we suffer and what we feel," Soe said. "The majority of this is sadness."
While Soe has managed to stay out of jail, he says censors constantly monitor his work, searching for political messages. Each painting destined for public viewing must pass the scrutiny of the Ministry of Information's Censorship Board. Any perceived sign of government criticism can shut the exhibition down and land the artist and gallery owner in jail for several years.
In January, the government closed an exhibit that Soe and several other artists were scheduled to participate in. No explanation was given, but Soe believes the censors considered their works to be politically motivated.
"It's very difficult to show our inner sense, our expression," he said. "They were sending us a message."
Censorship part of lifeIn a country that human rights groups say has about 1,350 political prisoners, dozens of actors, comedians, writers and artists have been imprisoned for work deemed critical of the government. Extreme government censorship is as much a part of life in Burma as pagodas and Buddhism.
Reporters Without Borders' freedom index ranks Burma 164 out of 169 countries, ahead of only Cuba, Iran, Turkmenistan, North Korea and Eritrea. Censors at the Press Scrutiny and Registration Board use mirrors and magnifying glasses to find hidden messages in poems, novels, stories and ads, according to the BBC.
At his studio on a quiet Rangoon street, Soe says many of his paintings express Burmese reality. One depicts five streaks of blood across five rows of horrified faces, while another shows three blank heads, with eyes, ears and mouth crossed out in red, signifying the fear most Burmese feel regarding the military, he says. Such paintings would land him in jail if shown in public. They remain hidden while he ekes out a living selling his abstract paintings.
Moe Lwin, who also asked that his real name not be used, is a leading sculptor. His brother was jailed for writing a poem that criticized the government, and another relative was a member of the National League for Democracy, the political party founded by detained democracy leader Aung San Suu Kyi. He died in prison.
'Artists have a responsibility'Lwin continues to sculpt political pieces in private. One depicts a sleeping mother with a thorn in her ribcage and a rifle barrel for a spine, which he says signifies the slow death of Burma, also known as Myanmar. The piece has since been smuggled out of the country and now sits in a Bangkok gallery.
"Artists have a responsibility to their people and country to express what happens," he said. "(My work) is what I have seen and what I have suffered."
After the brutal crackdown on the monk-led demonstrations in September, arrests have become more frequent, according to press reports.
In late January, poet Saw Wai was jailed for publishing a Valentine's Day poem in a weekly magazine called Love Journal about a brokenhearted man who had fallen in love with a fashion model. Read vertically, the first letter of each line of the poem contained a message that said military junta leader "General Than Shwe is crazy with power."
Like many aspects of Burmese society, art has been set back not only by repression but also by the country's isolation, some observers say. A dearth of quality paints, brushes and art books and magazines, grinding poverty and the frequent closures of Rangoon's art universities - breeding grounds for activism, the government says - have held back the art scene.
Portraits sold in secretAs a result, most paintings sold in the nation's few galleries are portraits of monks or pagodas, which tourists roll up as souvenirs.
But across the country, portraits of Suu Kyi are bought and sold in secret, and the number of young underground artists is growing, older artists say.
In 2006, Burma's art world caught the attention of Pamela Blotner, assistant professor of visual arts at the University of San Francisco.
To expose Burmese artists to the outside world, Blotner created the Burmese American Art Exchange, which showed an exhibition of 12 American and 24 Burmese artists at the U.S. Embassy in Rangoon at the end of 2007. It is scheduled to be shown in San Francisco in May, including political paintings that could never pass government censors.
"I would love for the project to go on indefinitely," Blotner said. "I'm out there looking for funding, and I'm out there looking for people that are interested."
Blotner, who has visited Burma on numerous occasions, has given a series of lectures on the country and has provided Burmese artists with art periodicals and videos of "Spark," the KQED series about Bay Area artists. The exhibition's paintings were sent to her via diplomatic courier to avoid being confiscated by Burmese authorities.
"They bring the same wonder into making art that a child does but with an adult's intelligence and sensibility," Blotner said. "On some levels, the censorship is both horrific but it's also galvanizing. It's something to fight against. These are the things that draw artists together."
Meanwhile, Lwin says he will continue to paint what's on his mind.
"We are not angry," he said. "We are sad. All of these years have been wasted time."
Chronicle Foreign Service reporter Jacob Baynham visited Burma in February on a grant sponsored by the Pulitzer Center on Crisis Reporting in Washington.
This article appeared on page A - 13 of the San Francisco Chronicle
27.3.08
talk with Saw Wai's wife ( voa
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ
voa 25 March 2008
ရန်ကုန်မြို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသခံယူမှုတွေ မရနိုင်တာကြောင့် အခြေအနေတွေ ပိုပြီးဆိုးလာနေတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။ ဒီကနေ့ အကျဉ်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက ဘာတွေပြောကြတယ်ဆိုတာ ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ရာသီဥတုကြမ်းတမ်းတဲ့ဒဏ်၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုချို့တဲ့တဲ့ ထောင်တွင်းအခြေအနေတွေအောက်မှာ ရောဂါဝေဒနာတွေ ခံစားနေရတာ ပိုမိုဆိုးရွားလာနေကြတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောဆိုနေကြတာပါ။
ဒီအထဲက အပတ်စဉ်ထုတ် အချစ်ဂျာနယ်မှာ မြန်မာစစ်အစိုးရခေါင်းဆောင်ကို တိုက်ခိုက်ပြောဆိုထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို ရေးသားဖော်ပြခဲ့တဲ့ ကဗျာဆရာစောဝေလည်း တဦးအပါအ၀င်ဖြစ်ပါတယ်။ အခုဆိုရင် ထောင်ဆေးရုံမှာ အူကျရောဂါနဲ့ ဆေးကုသခံယူနေတာ နှစ်ပတ်ရှိသွားပေမယ့် သူ့အခြေအနေ သက်သာမလာဘူးလို့ ဇနီးသည် မနန်းစမ်းစမ်းအေးက ပြောပါတယ်။
“ထောင်ဆေးရုံမှာပဲပေါ့။ အူကရောင်တယ်၊ အူကျတယ်။ ထမင်းစားလို့မရဘူး။ အခြေအနေကတော့ ချွေးကိုပြန်နေတာပဲ။ နေရထိုင်ရတာမကောင်းဘူး၊ ရာသီဥတုကလည်း ပူတယ်၊ ရောဂါနဲ့ဆိုတော့။ ပြင်ပမှာ ခွဲစိတ်ကုသဖို့ အသနားခံစာတင်ထားတယ်၊ ဆရာဝန်ကြီးတွေကိုပြောထားတယ်။ သူက ခွဲမှဖြစ်မှာကိုး။ ဆရာဝန်ကြီးတွေက အဆင့်ဆင့်တင်ပြရသေးတယ်။ နောက်တပတ် ၁ ရက်နေ့လောက်မှ ဆရာဝန်ရဲ့ ဆေးစစ်ချက်ပြန်လာမယ်။ အဲဒီကျမှ ခွဲဖို့စိတ်ဖို့လိုမယ်ဆိုရင်လည်း အပြင်မှာခွဲမလား၊ အထဲမှာခွဲမလား၊ မပြောတတ်သေးဘူး။ ဆေးရုံတက်တာ နှစ်ပတ်ရှိသွားပြီ။ ထမင်းမစားနိုင်တာလည်း နှစ်ပတ်လောက်ရှိသွားပြီ။ ဆန်ပြုတ်သောက်တယ်၊ ပေါင်မုန့်လေး စားတယ်။ သိပ်စားလို့မရဘူး၊ အူကလက်မခံလို့။”
ကဗျာဆရာစောဝေကို ဒီနေ့ပဲ ထောင်ဝင်စာသွားတွေ့ပြီး မြင်ခဲ့ရတဲ့အခြေအနေတွေကို ဇနီးသည်ဖြစ်သူ မနန်းစမ်းစမ်းအေး ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သရော်ထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ကဗျာကို ရေးသားဖွဲ့ဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် အခုအထိတော့ ကိုစောဝေကို ပုဒ်မတပ်၊ စွဲချက်တင်တာမရှိသေးဘူးလို့လည်း ဇနီးသည်က ဆိုပါတယ်။
ဒီလိုကျန်းမာရေးဆိုးရွားနေပြီး လုံလောက်တဲ့ ဆေးဝါးကုသစောင့်ရှောက်ခံရမှု မရသူ နောက်တဦးကတော့ မျက်စိရောဂါဝေဒနာ ခံစားနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်ပါ။
“ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကတည်းက သူက မျက်စိရောဂါခံစားနေရတာ ကြာပြီ။ အပြင်မှာကတည်းက မျက်မှန်အထူကြီးတပ်ပြီး နေနေရတဲ့လူ။ အဲဒါကို ထောင်ထဲမှာနေရတော့ ထုံစံအတိုင်း ဆေးဝါးကုသမှုကလည်း လုံလောက်မှု မရှိဘူးလေ။ အဲဒါကြောင့် မျက်လုံးက အရမ်းအခြေအနေဆိုးပြီး ကွယ်တော့မယ့် အနေအထားဖြစ်နေတယ်။
“ပြီးခဲ့တဲ့အပတ်ကမှ ထောင်ကနေထုတ်ပြီး အပြင်မျက်စိဆေးရုံမှာ ကုဖို့လုပ်တယ်။ အဲဒီမှာ ကုန်ကျခံရမယ့် ကုန်ကျစရိတ်တွေက မိသားစုကိုယ်တိုင် ကုန်ကျခံရမယ့်ကိစ္စတွေဗျ။ ကျန်တဲ့ တာဝန်ရှိတဲ့လူတွေက ဘယ်သူမှ တာဝန်မယူဘူး။ မိသားစုတွေကလည်း ငွေရေးကြေးရေး အတိုင်းအတာအရ အခက်အခဲရှိတော့ မခွဲသေးဘူးဆိုပြီး ထောင်ထဲကို ပြန်ထည့်တယ်။ အဲတော့ သူ့သူငယ်ချင်း အပေါင်းအသင်းတွေက ကြားပြီး စိတ်မကောင်းဖြစ်၊ ၀ိုင်းကူညီကြမယ့် အနေအထားရှိတော့ အခု ဒီနေ့ ထောင်ကထုတ်ပြီး မျက်စိဆေးရုံလာပို့မယ်ပြောလို့ ကုန်ကျမယ့်ငွေကြေး နှစ်သိန်းခွဲသုံးခွဲယူပြီး လာစောင့်နေတာ၊ အခုအထိတော့ ထုတ်လာတာမရှိသေးဘူး။”
ကိုလှမျိုးနောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ နီးစပ်သူ မိတ်ဆွေတဦးကပြောပြခဲ့တာပါ။ ကိုလှမျိုးနောင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ဖမ်းဆီးခံရစဉ်ကတည်းက မျက်စိနဲ့ အာရုံကြောဝေဒနာ ခံစားနေရတာဖြစ်ပြီး ထောင်တွင်းမှာပဲ မျက်စိတလုံး ကွယ်ခဲ့ရတာဖြစ်ပြီး အခုကျန်တလုံးကလည်း ကွယ်လုနီးနီးဖြစ်နေတယ်လို့ မိတ်ဆွေတွေက ပြောကြပါတယ်။
ဒီလို ကျန်းမာရေး ဆိုးဆိုးဝါးဝါးမဟုတ်လှပေမယ့် ထောင်တွင်း ဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ ကျန်းမာရေးပြဿနာ ကြုံရသူတွေရှိနေသေးတဲ့ အကြောင်းကိုလည်း ဒီနေ့ အင်းစိန်ထောင်ကိုရောက်ရှိခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးက အခုလိုပြောပြပါတယ်။
“စည်သူမောင်တို့အတွဲထုတ်တယ်ဗျာ။ ဟိုဘက်က ပြည့်ဖြိုးနိုင်တို့အတွဲ တတွဲရှိတယ်။ ကိုးဦးပေါ့။ အဲဒါ တပြိုင်တည်းထုတ်တယ်။ ရှေ့နေတွေက ဟိုဘက်သွား၊ ဒီဘက်သွား စစ်တယ်။ စည်သူဆိုရင် ခြေထောက်က ထောက်လို့မကောင်းဘူး၊ ကိုသိန်းရွှေက ခါးကြောညပ်တယ်။ ကျနော်မြင်ခဲ့ရတဲ့ အခြေအနေက အဲဒါတွေပဲ။”
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ယိုယွင်းနေတဲ့အကြောင်း အကျဉ်းသားမိသားစုဝင်တွေက ပြောပြကြတာပါ။
ကုလသမဂ္ဂအပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ယုံကြည်မှုကြောင့် အဖမ်းခံထားရသူ တထောင်ကျော်ရှိတယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး သူတို့တွေ နေထိုင်နေရတဲ့ အခြေအနေ တိုးတက် ကောင်းမွန်လာစေဖို့ကိုလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) လိုအဖွဲ့တွေက ၀င်ရောက်ကြည့်ရှု ဆောင်ရွက်ခွင့်ရဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။
4.3.08
saw wai poem from Ko Htike blog
ဆိုင်ရုံသာ ဆိုင်ခွင့်ရတဲ့
နေ့နက်နက်တွေထဲ
အော်သံတွေကို
ထွေးပွေ့လို့ လှမ်းလာလိုက်ပုံများ
ဒီကောင့် မျက်နှာ ဝင်းပလို့။
မျှော်လင့်ခြင်း မြစ်တစင်းမှာ
သူ မျောလိုက်လေတဲ့
ပျိုးစာလုံးတွေဟာ
သူ ချစ်တဲ့မြို့ကြီးကို
လှစေနိုင်သလို ဝင်းပလို့။
ရွေ့ရွေ့လာတဲ့
ဒီကောင့်နှုတ်ခမ်းရဲတွေဟာ
ကမ်းပြိုချောင်းလေးထဲမရောင်ခင်
ဆွဲတင်လိုက်ရပေမယ့်လည်း
အံ့သြစရာ
သူ့နှုတ်ခမ်းက ဝင်းပလို့။
ရှင်သန်ခွင့်မရအောင်
ဒီကောင် အားစိုက်ရိုက်ရိုက်ချိုးရ
လောဘရိုင်းရိုင်းတွေလည်း
အနုပညာမှာတော့ ဝင်းပလို့။
မိုးက
ဖေးဖေး မ, မ, လေး
တွဲခေါ်လာပေမယ့်လည်း
လျှပ်ဆိုတာက
ထိုးခွဲလင်းလတ်ဗီဇလို့
ဖွဖွလေးပြော
ဒီကောင်မောသွားမှာ
ဟော့ဒီမြို့ကြီးကို ဝင်းပချင်တဲ့ကောင်
မျောသွားမှာ
(အိမ်မက်နေ့တွေထဲ)
ငါ ... အော်လိုက်ရတာ။
စောဝေ
http://www.ko-htike.blogspot.com/ကနေ ယူတယ်။
26.2.08
saw wai receives prison visit
ဂျာနယ်ပြန်ထွက်သော်လည်း ဂျာနယ်ပါကဗျာရှင် ထောင်ထဲမှာ
DVB နော်စေးဖော ၂၁-၂-၂၀၀၈
အချစ်ကဗျာတပုဒ်ကြောင့် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ကဗျာဆရာစောဝေဟာ စာပေစိစစ်ရေးက ပယ်ပြီးသား သူ့ကဗျာကို အချစ်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သူတာဝန်ယူတယ်ဆိုပြီး ထည့်လိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ မနေ့ကတွေ့ဆုံစဉ် ပြောလိုက်ပါတယ်။ အချစ်ဂျာနယ်ပါ အချစ်ကဗျာတပုဒ်ကြောင့် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ကိုစောဝေ ကို မိသားစုက မနေ့က ပထမဆုံးအကြိမ် တွေ့ခွင့်ရပါတယ်။
ကိုစောဝေရဲ့ ချစ်သူများနေ့အထိမ်းအမှတ် 'ဖေဖော်ဝါရီဆယ့်လေး' ကဗျာထိပ်ဆုံး စာလုံးတွေဟာ “အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” လို့ အဓိပ္ပာယ်ထွက်တဲ့အတွက် အာဏာပိုင်တွေက အရင်လ ၂၂ ရက်ကတည်းက ကိုစောဝေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
သူ့ကဗျာကို စာပေစိစစ်ရေးက ပယ်ထားပြီးဖြစ်ပေမယ့် ဦးမြတ်ခိုင်က သူတာဝန်ယူတယ်ဆိုပြီး အချစ်ဂျာနယ်မှာ ထည့်လိုက်တာဖြစ်တယ်လို့ ကိုစောဝေက အင်းစိန်ထောင်မှာတွေ့ရစဉ် ပြောပြလိုက် တယ်လို့ သူ့ဇနီးမနန်းစန်းစန်းအေးက ပြောပြပါတယ်။
"စိစစ်ရေးကနေပယ်ထားတဲ့ကဗျာပေါ့။ ပယ်ထားတဲ့ကဗျာကို အယ်ဒီတာအနေနဲ့ သူ့ရဲ့စာစောင် ရောင်းကောင်းရေး၊ ပေါက်ရေးပေါ့ တာဝန်ယူပြီးတော့ ထည့်တယ်ဆိုပြီးတော့ ထည့်လိုက်တယ်။ စိစစ်ရေးမှာ အဲဒီကဗျာက ပိတ်ထားတယ်ပေါ့။ ကြက်ခြေခတ်ထားတယ်။ ဖော်ပြလို့မရဘူးပေါ့လေ။"
"ပယ်ထားတဲ့ကဗျာကို ဘှာေုကာင့်ဂျာနယ်ထဲရောက်လာတဲ့အခါမှာ ရှင်းရှင်းပြောရရင် ပယ်ထားပေမယ့် သူတာဝန်ယူဏပီးတော့ ထည့်မယ်ဆိုဏပီးတော့ အဲဒီဟာကို ထည့်လိုက်တဲ့ပုံပေါ်ပါတယ်။ ပယ်တာကို ပယ်တဲ့အတိုင်း ထားရင်တော့ ကိုစောဝေ ဒီလိုဒုက္ခမရောက်ဘူး။ ပယ်တာကိုမှ ကောက်ထည့်ထားတော့ ကိုစောဝေလည်း ဒီမှာဒုက္ခရောက်တာပေါ့။ ရှင်းရှင်းပြောရရင် သူလည်းတော်တော် ခေါင်းကြိမ်းမှာပဲ။"
ဒီကိစ္စကို အထက်အာဏာပိုင်တွေသိရှိနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ စီစဉ်နေ တယ်လို့ နန်းစန်းစန်းအေး ပြောပါတယ်။
"သူအထဲထဲကိုရောက်သွားတဲ့အခါမှာ အစ်မလည်း အများကြီးဒုက္ခရောက်တယ်။ စီးပွားရေး ကတဖက်၊ သူ့ကိုတွေ့ဖို့ကတဖက်၊ စိတ်သောကတွေက အများကြီးရောက်တော့ အထက်လူကြီးတွေလည်းသိအောင်ပေါ့ ဒီကိစ္စကို။ နဂိုတည်းကိုက စာတင်ချင်တယ်။ အဲဒါနဲ့ သူကလည်း အဲလို အထက်ကလူကြီး သိအောင်ဆိုပြီးတော့ စာတင်ပါလို့ သူက အစ်မကိုပြောတယ်။ အစ်မရေးတတ်သလိုရေးပြီးတော့ တင်လိုက်မယ်ပေါ့။"
ဒီကဗျာကို အယ်ဒီတာက ဘာကြောင့်ထည့်သွင်းဖော်ပြသလဲဆိုတာတော့ မပြောတတ်ပါဘူးလို့ နန်းစန်းစန်းအေးက ပြောပါတယ်။
"သူ့စိတ်ကိုလည်း အစ်မ မသိနိုင်ဘူးလေ။ သူ စေတနာနဲ့ထည့်တာဖြစ်ရင်ဖြစ်မယ်။ သူထည့်စေချင်လို့ ထည့်တယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ။ "
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်စာနယ်ဇင်းသမားတဦးက ဦးမြတ်ခိုင်ကို ပြစ်တင်ဝေဖန်ပါတယ်။
"စာနယ်ဇင်းသမားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုမြတ်ခိုင်ဟာ သက် သက်မဲ့ ဒါကို တကယ်စိတ်ဓာတ်ရှိတဲ့လူတယောက်ကို ချောက်တွန်းပြီးတော့ ထောင်မကျ ကျအောင် ဆင်လိုက် တဲ့ကိစ္စပေါ့။ သူနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်တယ်လို့ပဲ ပြောလို့ရမှာပေါ့။ "
အာဏာပိုင်တွေက ကိုစောဝေကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားဆဲဖြစ်ပေမယ့် အချစ်ဂျာနယ်ကိုတော့ ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်လို့ ဒီအပတ် တနင်္လာနေ့မှာ နန္ဒာလှိုင်၊ လူမင်းတို့ပါဝင်တဲ့ 'ဓမမ္မာသောက အင်းဝရာဇာ' ရုပ်ရှင်ပိုစတာမျက်နှာဖုံးနဲ့ ထုတ်ဝေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီဆယ့်လေး ကဗျာကို စိစစ်ရေးက ပယ်ပါလျက် ဘာကြောင့် ဂျာနယ်မှာ ထည့်သွင်း ဖော်ပြသလဲဆိုတဲ့ကိစ္စကို မေးမြန်းရာမှာ ဦးမြတ်ခိုင်က 'ကိုစောဝေက စာမူပေးလို့ ထည့်သွင်းဖော်ပြတယ်' လို့သာ ဖြေကြားပါတယ်။
"အမှန်က ဒါ စောဝေ ပေးတယ်။ ကျနော်တို့ ဖော်ပြတာ။ ဒါပဲလေ။ ဒါအဖြစ်မှန်ပဲ။ အားလုံးသိ ပြီးသားပဲ။ တလောကလုံးသိတယ်။ စောဝေ ကျနော်တို့ကိုပေးတယ်။ ကျနော်တို့ဖော်ပြတယ်။ ဒါပဲ"
puzzle poem
“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ပဟေဠိ
မဇ္ဈိမ/ နန်းဒေဝီ Friday, 22 February 2008 15:42 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။
စာပေစိစစ်ရေးက ပယ်ချခဲ့သည့် ကဗျာဖြစ်သော “ဖေဖော်ဝါရီ ဆယ့်လေး” ကို အချစ်ဂျာနယ်တွင် ဇန်နဝါရီလက ဖော်ပြခဲ့မှုသည် ပဟေဠိ ဖြစ်နေသည်။
“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ဟု စကားဝှက် ပါရှိသော ကိုစောဝေ၏ ကဗျာ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တွင် ပါရှိခဲ့ခြင်းကို ကဗျာဆရာ ကိုင်တိုင် မသိရှိပဲ ဖြစ်နေသည်ဟု ကဗျာကြောင့် အထိန်းသိမ်း ခံနေရသူ၏ ဇနီးသည် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
“ကိုစောဝေက တခုတော့ ပြောလိုက်တယ်။ ဒီကဗျာက စိစစ်ရေးက ပယ်ထားတယ်၊ ကဗျာကို ကြက်ခြေခတ်လည်း ခတ်ထားပြီးသား။ အဲဒီလို ပယ်ပြီးသားကို ကိုမြတ်ခိုင်က သူ တာဝန်ယူတယ် ဆိုပြီးတော့ ထည့်လိုက်တာလို့ ပြောတယ်” ဟု ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သည့် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
သို့သော် ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်ကမူ ကာယံရှင်ကိုယ်တိုင် သဘောတူညီမှုဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု မဇ္ဈိမသို့ ပြောပြခဲ့ဖူးသည်။
“စောဝေက ကျနော့်ကို ဖုန်းဆက်တယ်။ Valentine Day အတွက် ကဗျာပေးချင်တယ် ပြောတယ်။ Valentine Day ဆိုတဲ့ စကားလုံးက ရမှာ မဟုတ်ဘူး ဆိုပြီး ဖေဖော်ဝါရီ ဆယ့်လေး ဆိုပြီး ရေးလို့ ပြောတယ်။ သူပို့တဲ့ ကဗျာ၊ စောဝေ ကိုယ်တိုင် ကျနော့်ကို ဖုန်းဆက်ပြီး ပေးတဲ့ ကဗျာ” ဟု ဦးမြတ်ခိုင်က ပြောသည်။
နောက်ထပ် ပြုလုပ်သည့် တယ်လီဖုန်းမှတဆင့် မေးမြန်းခြင်းကို ဖြေကြားရာတွင် ဦးမြတ်ခိုင်က “ကျနော်ပြောရင် ကျနော့် Voice ပဲဖြစ်မယ်။ ကာယကံရှင်က စောဝေ။ စောဝေ သူ အသိဆုံးပဲ။ ဒီအချိန်မှာ စောဝေက အထဲမှာ ရှိနေတဲ့အတွက် ကျနော် ဘာမှမပြောလိုဘူး။ ကျနော်တို့ကြောင့် ဘယ်သူမှလည်း မနစ်နာစေချင်ဘူး။ တခြား လူကြောင့်လည်း ကျနော် မနစ်နာချင်ဘူး။ ကျနော်နဲ့ သူက ပြောမနာ ဆိုမနာ နေလာခဲ့ကြတဲ့ သူတွေဆိုတော့ ဒီအချိန်မှာ ဘာမှမပြောလိုဘူး” ဟု ပြောသည်။
ကဗျာကြောင့် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး အချစ်ဂျာနယ် ထုတ်ဝေခွင့်ကို စာပေစိစစ်ရေးက တလခန့် ရပ်ဆိုင်းခဲ့သော်လည်း၊ ယမန်နေ့က စ၍ ပြန်လည် ထွက်ရှိလာမှုအပေါ် ရန်ကုန်စာပေ အသိုင်းအဝိုင်း အတွင်းနှင့် သတင်းစာ လောကတွင် ဝေဖန်စရာ ဖြစ်နေသည်။
ကဗျာရေးသူကိုတော့ ဇန်နဝါရီ ၂၂ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် တရားရုံး ထုတ်ခြင်းမရှိဘဲ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။
ဦးမြတ်ခိုင်ကို သတင်းစာပေ အသိုင်းအဝိုင်းနှင့် စစ်အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားသူများက စစ်အစိုးရ အလိုကျ လုပ်ဆောင်နေသူဟု ယုံကြည်ကြသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ကိုစံမိုးဝေ က “ကိုမြတ်ခိုင်ကိုတော့ အရေးယူတာမျိုး မလုပ်ဘဲနဲ့ ရေးတဲ့ သူတယောက်ထဲကို အခုလို လုပ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး။ တကယ်လို့ ကိုစောဝေကို ဒီကဗျာ ထည့်သုံးမယ် ဆိုတာကို အကြောင်းမကြားဘဲနဲ့ ထည့်လိုက်တာ ဆိုရင်တော့ ကျင့်ဝတ်သိက္ခာ မရှိဘဲနဲ့ လုပ်လိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်” ဟု ပြောသည်။
“ဖေဖော်ဝါရီ ဆယ့်လေး” ကဗျာတွင် ပါရှိသည့် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ကြည့်ပါက “အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည်။
20.2.08
performance art by saw wai
ပန်းဆိုးတန်းလမ်းမှာ တခါက ပြုလုပ်ခဲ့တဲ့ အနုပညာသရုပ်ဖော်တင်ဆက်မှုမှတ်တမ်း
15.2.08
a small book of poems celebrating Saw Wai’s special valentine
စောဝေကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ်တစ်အုပ် ထွက်လာပါပြီ။
အင်္ဂလိပ်လို ရေးထားပါတယ်။
ကိုစောဝေရေးဖွဲ့ခဲ့သလိုပဲ ကဗျာဆရာ ၁၂ ယောက်က အာဏာရူးဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆိုတဲ့ ၀ါကျကို ကဗျာတွေထဲမှာ ၀ှက်ပြီး ဖွဲ့ဆိုထားပါတယ်။
စာမျက်နှာ ၂၀ ပါတဲ့ ကဗျာစာအုပ်ကို ဟောဒီမှာ ဒေါင်းလုတ် လုပ်ပါ။
An American poet named A. J. Patrick Liszkiewicz heard this news and has put together with twelve contributors a small book of poems celebrating Saw Wai’s special valentine. The book is available here (PDF) and is of course called “Power Crazy Senior General Than Shwe.” All of the poems in it play with those words, some mimicking in English Wai’s first-word strategy, others doing more cryptic exercises, working the phrase in forward and backward and at angles. You could waste hours at the office or on the train or in bumper-to-bumper unraveling these gems.
distributing SawWai's poem on valentine's day
ကိုစောဝေ ကဗျာများ ဖြန့်ဝေ
မဇ္ဈိမသတင်းဌာန 14 February 2008
စစ်အစိုးရ၏ လုပ်ရပ်များအပေါ် ထောက်ခံသည့် စာရွက်များနှင့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” အဓိပ္ပာယ်ရသည့် ကဗျာများကို ရန်ကုန်တိုင်းအတွင်း ယနေ့တွင် တသီးတခြားစီ လိုက်လံ ဖြန့်ဝေခဲ့ကြသည်။
လူငယ်များက ချစ်သူများနေ့ ကျရောက်သည့် ကြာသာပတေးနေ့ နေ့လည် ၁၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ် ကားလမ်းပေါ်တွင် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အမည်ခံ လူငယ်တစုက အေဖိုးအရွယ် စာရွက်တွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လမ်းစဉ် ၇ ချက်ကို ထောက်ခံထားသလို၊ မေလတွင် ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲကို ကြိုဆိုကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကြိုဆိုကြောင်း ရေးသားပါရှိသည်။
စာရွက်များတွင် အဖွဲ့၏ တံဆိပ်နှင့် ကိုအေးလွင်ဆိုပြီး ပါရှိသည်ဟု မျက်မြင် တွေ့ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ အငြင်းပွားဖွယ်ရာ ကိုအေးလွင်မှာ စစ်အစိုးရ အထောက်အပံ့ဖြင့် လှုပ်ရှားနေသူ ဖြစ်ပြီး စစ်တပ်က နိုင်ငံအာဏာကို ချုပ်ကိုင်ထားခြင်းကို သဘောတူသူ ဖြစ်သည်။
“မြန်မာ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံပါတယ် ဆိုပြီးတော့ ကျောင်းသား မဟုတ်တဲ့ လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ စာရွက်တွေ လိုက်ဝေနေပါတယ်” ဟု မျက်မြင်သက်သေ က ပြောသည်။
သို့သော်လည်း ကိုအေးလွင်၏ အဖွဲ့ကို ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်သော ကိုရဲထွန်းက သူတို့ စာရွက် ဖြန့်ဝေခြင်း မဟုတ်ဟု ငြင်းဆိုလိုက်သည်။
“ဒီနေ့ ဖြန့်ခဲ့တဲ့ စာရွက်တွေ အပေါ်မှာ သဘောထားအမြင် ပြောရရင် စာရွက်ကို မတွေ့တဲ့ အတွက်ကြောင့် သဘောထားပေးဖို့ ခက်တယ်။ နောက်ပြီးတော့ ကျနော်တို့ နာမည်ကို သုံးပြီးတော့ လုပ်တဲ့ကိစ္စက ဒါဟာ မလုပ်သင့်တဲ့ ကိစ္စပဲလေ။ နိုင်ငံရေးလုပ်တဲ့ လူတွေက ဒါ သိက္ခာ ရှိရတာကိုး။ ကိုယ်လုပ်ရင် ကိုယ် ဗြောင်လုပ်ရမယ်။” ဟု ပြောသည်။
မျက်မြင်သက်သေကလည်း ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ကာ လိုက်ဝေနေခြင်း ဖြစ်ပြီး အာဏာပိုင်များ၊ စည်ပင် ရဲတပ်ဖွဲ့များက လမ်းဘေးတွင် ရပ်ကြည့်နေသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ပြောသည်။
“ဝေတဲ့အချိန်မှာ စည်ပင်ရဲတို့၊ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေကအစ အဲဒီစာကို ဘေးတွေမှာ လိုက်ဝေနေတယ်။ ကျောင်းသားတွေပဲ မဟုတ်တော့ဘူး။ ကျနော် တွေ့ရသလောက်က အာဏာပိုင်တွေ ကိုယ်တိုင်ကလည်း လိုက်ဝေနေတာ” ဟု အခြားသော ဒေသခံ တဦးကလည်း ပြောသည်။
အဖျက်သမား မှန်သမျှကို ချေမှုန်းကြ စာသားအပြင် တွေ့ဆုံဆွေးနွေးရေး သွားနေသည်ကို ရပ်တန့်ပြီး လမ်းစဉ် ၇ ချက်အတိုင်း သွားရန်နှင့် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို နိုင်ငံရေး အကျဉ်းသားများ အဖြစ် မသတ်မှတ်ဘဲ ရာဇဝတ်မှု ကျူးလွန်မှုနှင့် ဖမ်းထားသည်ဟု အသိအမှတ်ပြုရေး ရေးသားထားသည်။ ထို့နောက် စက်တင်ဘာလတွင် ဆန္ဒပြခဲ့သည့် သံဃာတော်များသည် သံဃာအတုများ ဖြစ်သည်ဟု ပါရှိသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ထိုးနှက်ထားသည့် ကဗျာတပုဒ်ကိုတော့ လူငယ်တစုက အင်းစိန်ဈေး၊ လှည်းတန်း၊ ကမာရွတ်ဈေးနှင့် မင်္ဂလာဒုံဈေးတို့တွင် ဖြန့်ဝေခဲ့သည်ဟု ကိုယ်တိုင် ပါဝင်ဖြန့်ဝေခဲ့သူ လူငယ်တဦးက ပြောသည်။
“တနေရာမှာ ၁ဝ မိနစ်ကြာ ဖြန်ခဲ့တယ်။ အောင်အောင်မြင်မြင်နဲ့ ဖြန့်ဝေနိုင်ခဲ့တယ်။ စာရွက် အခေါက်လေးတွေနဲ့ လူကိုယ်တိုင် လိုက်ပေးတာ။ အခုအချိန်အထိ ဖမ်းဆီးခံရတာ မရှိသေးဘူး” ဟု သူက ပြောသည်။
စစ်အစိုးရက ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ၏ နိုင်ငံရေး လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိရာ လျို့ဝှက်စွာ လှုပ်ရှားကြရသည်။
ကဗျာပိုင်ရှင် ကိုစောဝေ မှာ အင်းစိန်ထောင်အတွင်း အကျဉ်း ကျခံနေရသည်။ ကိုစောဝေက အချစ်ဂျာနယ်တွင် “ချစ်သူများနေ့” အထိမ်းအမှတ် “ဖေဖော်ဝါရီ ၁၄” ဆိုသည့် ကဗျာတပုဒ်ကို ရေးသားခဲ့ရာ ကဗျာ ထိပ်စီးစာလုံးများ ကို အစဉ်လိုက် စီကြည့်လျှင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။
irish poets support Saw Wai
အိုင်းရစ်ကဗျာဆရာကြီး ဦးဆောင်ပြီး မြန်မာအစိုးရကို ဆန္ဒပြမည်
RFA 14-2-2008
မြန်မာနိုင်ငံမှာ ကဗျာဆရာစောဝေကို အကျဉ်းချထားတာနဲ့ ပတ်သက်လို့ - - ( အပြည့်အစုံဖတ်ရန် )
12.2.08
one more poem in SawWai's style
poem in SawWai's style
အောက်မှာဖတ်ရမယ့် ကဗျာနဲ့ မှတ်ချက်ကို A,Ngwei ဘလော့ဂ် ကနေ ယူတယ်။ အငွေ့ တဲ့။ ကလောင်နာမည်က။ အငွေ့ ရေးတဲ့ကဗျာ။ စောဝေကဗျာမဟုတ်။ သို့ပေမဲ့ ဖတ်ကြည့်ပါဦး၊ ဇန်န၀ါရီ ၂၄၊ ၂၀၀၈ ရက်စွဲနဲ့ တင်ထားတာ။
စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။
မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်….
လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
သမာသမတ် ရှိနိုင်ပါ့မလား။
မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့သော်လည်း… ငါတို့
သွားတွေဟာ ဖြူဖြူစင်စင် အစာကို ၀ါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။
မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်ကြမယ်လို့လည်းထင် ပါတယ်။









