Showing posts with label photo. Show all posts
Showing posts with label photo. Show all posts

23.9.08

saw wai in May 2006

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲ မေ ၂၆၊ ၂၀၀၈ နေ့က တွေ့ရတဲ့ စောဝေ


Read More...

20.2.08

performance art by saw wai




စောဝေ - အမေ
ပန်းဆိုးတန်းလမ်းမှာ တခါက ပြုလုပ်ခဲ့တဲ့ အနုပညာသရုပ်ဖော်တင်ဆက်မှုမှတ်တမ်း



Read More...

25.1.08

art by saw wai

စောဝေရဲ့ လက်ရာများလို့ ဆိုတယ်။ ပေါ်ပြူလာဂျာနယ်အွန်လိုင်းက ယူတယ်။








Read More...

article in mizzima


စောဝေ နှင့် ကျနော်
ဆိုင်းမေကူး


Friday, 25 January 2008 17:21

www.mizzimaburmese.com/content/view/503/1/




(၁) ကျနော်နှင့်စောဝေသည် သူငယ်ချင်းမဟုတ်ပါ၊၊ မိတ်ဆွေလည်းမဟုတ်ပါ။ ခေတ်ပြိုင် အနုပညာသမားလည်း မဟုတ်ပါ။ ဒါနဲ့များ ကြီးကြီးကျယ်ကျယ် ကျနော်နှင့် စောဝေဆိုပြီး စာရေးရ ကောင်းမည်လားဟု အပြစ်မတင်စေချင်ပါ။ ကျနော် ကိုစောဝေနှင့် နာရီဝက်ခန့် အတူ ရှိခဲ့ဖူးသည်၊၊ ငါးမိနစ်ခန့်လည်း စကား ပြောဖူးပါသည်၊၊ သူရေးသော ကဗျာ (၁ဝ) ပုဒ်ခန့်လည်း ဖတ်ဖူးပါသည်။ ထူးအိမ်သင် အမှတ်တရ ဆောင်းပါးများကို ရေးပြန်တော့လည်း စောင့်ဖတ်ခဲ့ဖူးပါသည်။ သူ့စာများကို သူနှင့်တွေ့ဖူးပြီး နောက်ပိုင်းမှ သတိထား ဖတ်ခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းမှာတော့ လူပုဂ္ဂိုလ်ချင်းမသိခင်၊ မမြင်ခင်ကတည်းကပင် သူ၏ဖန်တီးမူများက လွှမ်းမိုးခဲ့ကြောင်း နောက်မှ သိခွင့်ရခဲ့သည်၊၊ သူ၏ စာပေ အနုပညာများနှင့် စခဲ့ခြင်းတော့ မဟုတ်ခဲ့ပါ။ ကျနော် အလွန်ကြိုက်သော ပဲပုပ်ချက် အပါအဝင် ခရမ်းချဉ်သီးထောင်း၊ ပဲငပိ အစရှိသော အရံဟင်း (၁ဝ) မျိုးခန့် အလကားရသော မြန်မာ ထမင်းဆိုင်နှင့် စရပေလိမ့်မည်။

သူငယ်ချင်းတယောက်က အလွန် စားကောင်းသော မြန်မာထမင်းဆိုင် ခေါ်သွားမည်။ ကျနော် မကြိုက်ပါက ကျသင့်ငွေကို သူရှင်းမည်ဟု အာမခံဖြင့် ခေါ်သွားခြင်း ဖြစ်သည်။ မခန်းမနားနှင့် သပ်သပ်ရပ်ရပ် ရှိပါသည်။ ဆိုင်အဝင်ဝတွင် ရေးထားသော စာသားအား ကြည့်၍ ပြုံးစိစိ ဖြစ်သွားခဲ့မိသည်။ “မြန်မာငပိထောင်း ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗိုလ်ခင်ညွန့်၏ အားကစားတော့ “ပလုံ” သွားခဲ့ပြီ၊ ငပိထောင်းတော့ မည်သို့ ရှိသည် မသိရပါ။ ဆိုင်ထဲ ရောက်သွားသောအခါ မျက်နှာစာ တည့်တည့်တွင် ဗိုလ်ချုပ် ဓါးစလွယ်ခုတ် နေသည့်ပုံကို ပုံကြီးချဲ့၍ စမတ်ကျကျ ချိတ်ဆွဲထားသည်။ ဘေးနံရံ တဖက်တချက်စီတွင်လည်း contemporary art အမျိုးအစား ဖြစ်ပုံရသော ပန်းချီကား နှစ်ချပ်ကို ချိတ်ဆွဲထားသည်။ ချိတ်ဆွဲထားပုံက သာမာန် အလှဆင်ထားခြင်းမျိုး မဟုတ်ပဲ ခမ်းခမ်းနားနား ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ဤဆိုင်ပိုင်ရှင်သည် အနုပညာကို ထဲထဲဝင်ဝင် စိတ်ဝင်စားသူ ဖြစ်ကြောင်း ကိုယ့်ဘာသာ မှတ်ချက်ချခဲ့သည်။ အလွန်မြိန်ခဲ့ကြပါသည်၊၊ ပိုက်ဆံပေးစားရသော ဟင်းများထက် အလကားရသော အရံဟင်းများက ပို၍ ကောင်းနေခဲ့သောအခါ လောကကြီးအား ဆင်ခြင်စရာလိုလို ရီစရာလိုလို ပြောကြရင်းနှင့် ကျနော် ကိုယ်တိုင် ကျေကျေနပ်နပ် ငွေရှင်းပေးပြီး ဖြစ်နေခဲ့သည်။ အပြန်ကြမှ ဆိုင်နာမည်အား သတိထားဖတ်မိသည်။ “အဓိပတိ” တဲ့။

လူပျိုလူလွတ်လည်းဖြစ်၊ မိသားစုနှင့်လည်းဝေး၊ ဖျင်းကလည်းဖျင်းသဖြင့် ရန်ကုန်သည် ကျနော့်အတွက် အမြဲတမ်းလိုလို အစားအသောက် အဆင်မပြေ ဖြစ်နေတတ်သည်။ စိတ်လိုလက်ရ ထမင်းဆာလာတိုင်း ဗိုလ်ချုပ်ဓားစလွယ်သိုင်းနေသော ထမင်းဆိုင်ကိုသာ မြင်ယောင်တတ်လာသည်။ အဓိပတိ ထမင်းဆိုင် ဗဟန်းကနေ လှည်းတန်း ရောက်လာလျှင်ကောင်းမှာပဲဟု တွေးမိနေတတ်ခဲ့သည်။

ထမင်းဆိုင်ဋီကာ ချဲ့နေခြင်းမှာ အခြားကြောင့်တော့ မဟုတ်ပါ၊၊ ကျနော် စွဲလမ်းခဲ့သော ပဲပုပ်ချက် နှင့် ဗိုလ်ချုပ်ဓားစလွယ်ခုတ် ထမင်းဆိုင် ပိုင်ရှင်မှာ ကဗျာဆရာစောဝေ ဖြစ်ကြောင်း အယ်ဒီတာ တယောက်နှင့် စကားဆက်စပ်မိရာမှ သိခဲ့ရသောကြောင့် ဖြစ်သည်။ နောက်ဆက်တွဲ အနေနှင့်တော့ သူသည် (ဖြူးဆိုလား၊ ဇေယျဝတီ ဆိုလား) မြို့က ဖြစ်ကြောင်း၊ အထိုက်အလျှောက် ငွေရေးကြေးရေး အဆင်ပြေသူ ဖြစ်ကြောင်း၊ ပစ္စည်းများ တွဲဆက်၍ ပြသသော ပန်းချီ အမျိုးအစားများဖြင့် ပြပွဲ လုပ်ဖူးသူ ဖြစ်ကြောင်း၊ နာမည်ကြီးသူများ ပေါင်း၍ နာမည်ကြီးအောင် လုပ်နေသူဖြစ်ကြောင်း … အစ ရှိသဖြင့် မမေးပဲ ကြားခဲ့ရသေးသည်။

သူနှင့် မိနစ် (၂ဝ) ခန့် အတူ ရှိနေခဲ့ခြင်းဆိုသည်မှာလည်း ချောက်တီးချောက်ချက် ကျနော့် ပန်းချီပြပွဲသို့ လာရောက်ခဲ့စဉ်ခါက ဖြစ်သည်။ ဟန်းဖုန်းခါးချိတ်နှင့် အသက် (၄ဝ) ကျော် ဇာတ်လိုက် မင်းသားများကဲ့သို့ စမတ်ကျသူ တယောက်က “ကျနော် ကဗျာဆရာ စောဝေပါ” ဟု မိတ်ဆက်လာသောအခါ ၊ အနည်းငယ် ဘဝင်မကျ ဖြစ်မိခဲ့ပါသည်။


မြန်မာပြည် နှင့် ကဗျာဆရာ၊
ကဗျာဆရာ နှင့် ဟန်းဖုန်း
ဟန်းဖုန်း နှင့် မြန်မာပြည်
ရုတ်တရက် ဆိုတော့လည်း။ ။

(၂)
ဘယ်အမှန်တရားမှ ပိန်းပိတ်အောင်
မမှောင်စေရဘူး
ကမ္ဘာကြီးရေ...
ငါ့ကိုရရှိထားတာလည်း
နင့်အတွက် သယံဇာတ တခုပါပဲ၊
ကမ္ဘာကြီးနင့်ရဲ့ သယံဇာတတွေကို
စစ်ဆိုတဲ့ ဘီလူးကြီးက
မသဒ္ဓါရေစာ စားသုံး
ကုလသမဂ္ဂက ဆာဂျီယိုဒီမဲလိုးကို လွမ်းတယ်
ကမ္ဘာကြီး
ရောဂါ ဘယနဲ့ ကပ်ဆိုတဲ့ မိစ္ဆာက
အလစ်ဝင်သုတ်
မြန်မာပြည်က ကဗျာဆရာလို့
အမည်ခံမသွားတဲ့
ဆရာ မြသန်းတင့်ကို လွမ်းတယ်
ကမ္ဘာကြီး
ငါကဗျာဆရာ
နင့်သံယံဇာတအဖြစ်ကပျောက်မသွားဖို့
အမေပေးခဲ့တဲ့ အသက်သွေးကို
အားအဖြစ်မွေး
အနုပညာဆိုတဲ့ ဒိုင်းလွှားနဲ့ကာကွယ်
ကဲ လာစမ်း
ဘယ်လိုလက်နက်မျိုးနဲ့မဆို
ရန်သူ ...
ငါကဗျာဆရာကွ
မင်းကို ရေနွေးကြမ်းနဲ့မြည်းပစ်မယ်


စောဝေ


စံပယ်ဖွေးဖွေးနေ့များသို့ ချီတက်ချင်းမှ
မဟေသီ သြဂုတ် ၂ဝဝ၎


သူနှင့်ဆုံပြီးနောက်ပိုင်း သူ့ကဗျာများကို သတိထားပြီး ဖတ်ဖြစ်ခဲ့သည်၊၊ ဘယ်သူတွေ ဘာပြောပြော၊ ကျနော် ဘာမြင်မြင် သူကဗျာများက သူ့တန်ဖိုးကို ဖော်ပြနိုင်ခဲ့ပါသည်။

(၃)
ယခု သူနှင့်နောက်တကြိမ် ပြန်ထိတွေ့ခွင့်ရခဲ့ပြန်ပါပြီ။ ပြည်သူတွေရဲ့ အသံကို သူဖွင့်ပြနိုင်ခဲ့ပြီ။ အာဏာရှင်တွေကို အာခံတဲ့နေရာမှာ ကဗျာဆရာတွေဟာ လက်နက်ကိုင်ထားသူတွေထက် သတ္တိရှိကြောင်း နောက်တကြိမ် ပြသခဲ့ပါပြီ။


အခုချိန်မှာ ခင်ဗျား အထုအထောင်းခံနေရလား၊ စိတ်ဓါတ်တွေပြိုပျက်နေချိန်လား။ ဂုဏ်ယူပါတယ် ကိုစောဝေ။ ကဗျာဆရာ ဆိုတာကိုက လောင်းကျွမ်းပြီးသားပါ။ ဒါပေမယ့်ခင်ဗျားက ထွန်းညှိခဲ့တယ်။ ကိုယ်တိုင် အလောင်ကျွမ်းခံ ထွန်းညှိခဲ့တဲ့ မီးစတစ ဟာ အဖိနှိပ်ခံ လူတန်းစားတွေအတွက် လမ်းဖြစ်လာခဲ့မှာပါ။ တောက်ပမှုနဲ့အတူ စောဝေဟာ ပန်းချီကားတချပ်၊ ကဗျာတပုဒ် ဖြစ်တယ်။ ဘယ်သူတွေ ငြင်းမလဲ။ ။ဆိုင်းမေကူး

Read More...

23.1.08

saw wai photo 1

Read More...

saw wai photo 2

Read More...

saw wai by PhaySoeAung


ကိုဖေစိုးအောင်ရဲ့ လက်ရာဗျာ။

Read More...

saw wai photo 4


Read More...

saw wai photo 5

Read More...

photo from White Raibow blog




အဖြူရောင်သက်တံ ဘလော့ဂ်က ယူထားတဲ့ပုံဗျာ။
အဖြူရောင်သက်တံအဖွဲ့ရဲ့ အခမ်းအနားတစ်ခုမှ ရိုက်ထားတာလို့ ဆိုတယ်။

Read More...