21.3.11

the village




“ရွာအကြောင်း”
စောဝေ
မတ် ၂၂၊ ၂၀၁၁





Read More...

5.6.10

irrawaddy interview with Saw Wai

“တကမ္ဘာလုံး ကြိုက်တဲ့ အမှန်တရား အလံ လွှင့်ထူခဲ့တယ်”
Saturday, June 05 ဧရာဝတီ

ကဗျာဆရာ စောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေးအတွက် စီစဉ်ခဲ့သူ တဦး ဖြစ်သည်။ HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာ ရွတ်ဆိုပွဲများကိုလည်း ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီးပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေ ကို Hellman/ Mammett ဆု ချီးမြှင့်ခဲ့သည်။

ကဗျာဆရာစောဝေသည် “အာနာ ရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် စကားလုံး များ ပါသော ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့ သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး ထောင်တွင်း၌ စုစုပေါင်း ၂၈ လခန့် နေခဲ့ရသည်။ မေလ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ကဗျာ ဆရာ စောဝေ၏ ဆက်လက်လုပ်ဆောင်မည့် အနုပညာနှင့် လူမှုရေးလုပ်ငန်းများ အကြောင်းကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း ထားပါသည်။

မေး။ ။ ပြည်တွင်းမှာလည်း မဂ္ဂဇင်းတွေက အင်တာဗျူး စ လုပ်လာပြီဆိုတော့ ကိုစောဝေရဲ့ အင်တာဗျူးကို ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြခွင့်ရပါ့မလား။

ဖြေ။ ။ ပြည်တွင်း သတင်းမီဒီယာ တွေကတော့ လာပြီး မေးမြန်းကြတယ်။ မေးတဲ့အခါ ကျနော် ကိုယ်တိုင်ကလည်း ထောင် ထွက်ဆိုတော့ ဘာပဲပြောပြော ဆိုးတာတွေ များမှာပဲ။ ဒါပေမယ့် ဆိုးတာတွေကို ပြောနေရင် ရှေ့ဆက်လို့ မရမယ့် အတူတူ တော့ ကျနော် ကောင်းတဲ့ အချက်လေးတွေပဲ ရွေးပြောပါ့မယ်ဆိုပြီး ပြောလိုက်တယ်။ ပြောတဲ့ဟာတွေ အားလုံးကို ယူသွားပါ တယ်။ တင်ကြည့်မယ်ပေါ့။ ကြိုးစားမယ်ပေါ့။ သူတို့ဘက်ကတော့ ရနိုင်တယ်လို့ ယုံကြည်တယ်ပေါ့။ ဘာဖြစ်လို့ ရနိုင်တယ်လို့ ယုံကြည်လဲဆိုရင် အခု ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ ထိုက်သင့်တဲ့ လွတ်လပ်မှုလေးတွေ ရလာမယ်လို့ ပြောကြတယ်။ ကျနော်လည်း ထောင်ထဲမှာ ဖတ်ရတယ်။ သူတို့ကလည်းပြောတယ်။ သူတို့ကလည်း ရနိုင်မယ်လို့ ယုံကြည်ပြီး ကျနော့်ကို မေး တာပါ။

မေး။ ။ အနုပညာအလုပ်နဲ့ ပတ်သက်လို့ ကိုစောဝေ ဘာတွေ စလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ။ ။ အနုပညာ အလုပ်ကတော့ ကျနော် ထောင်ထဲမှာ ကဗျာ ရေးလာတာတွေရှိတယ်။ နောက် စာတမ်းလေး တခုလည်း ပြုစုလာတယ်။ ခေတ်ပေါ် အနုပညာနဲ့ ခေတ်ပေါ် နိမိတ်ပုံဆိုတဲ့ စာတမ်းလေး။ အဲဒီစာတမ်းလေးကိုလည်း ကျနော် အချော သတ်မယ်ပေါ့။ နောက် စာပေနယ်မှာ ကဗျာ အစရှိသဖြင့်ပေါ့၊ ဆောင်းပါး၊ ၀တ္တုတိုလေးတွေလည်း ရေးမယ်ပေါ့။ ပုဒ်ရေ တော် တော် များများ ၅၀ ကျော်လောက် လုပ်လက်စ ဟာလေးတွေကိုလည်း လုံးချင်းထုတ်ဖို့ ကျနော် ထောင်မကျခင် ကတည်းက လုပ်နေတာရှိတယ်။ အဲဒါလေး လုပ်ရင်း ထောင်ကျသွားတာ။ အဲဒါကို ၀တ္ထုတို ပေါင်းချုပ်လေးထုတ်ဖို့ ကြိုးစားမယ်ပေါ့။ ဒါက တကိုယ်ရေ အနုပညာ ဖြတ်သန်းမှုပေါ့။ လူမှုရေးအနေနဲ့ကတော့ အဖြူရောင်သက်တံကို ကျနော် ဆက်ပြီးတော့ ရှိပြီးသားရော၊ အင်အားသစ်တွေပါ ဖြည့်ပြီးတော့ လိုအပ်တဲ့ ဘယ်နေရာမဆို သွားချင်တယ်။ ဘာအခက်အခဲ ဘာပြဿနာမှ မရှိဘူးဆိုရင် တော့ ကျနော် အဲဒါလည်းလုပ်သွားချင်တယ်။

မေး။ ။ ခုနက ပြောသွားတဲ့ ခေတ်ပေါ်အနုပညာနဲ့ ခေတ်ပေါ်နိမိတ်ပုံဆိုတဲ့ စာတမ်းလေးက ကိုစောဝေ ထောင်ကျသွားရတဲ့ အကြောင်းရင်းနဲ့များ ပတ်သက် နေမလား။

ဖြေ။ ။ မပတ်သက်ဘူးလို့တော့ ပြောလို့မရဘူး။ ထောင်ကျမှ အချိန်လည်းရတော့ ရေးဖြစ်သွားတာပေါ့။ အရင်ကတည်းက ကျနော် ပျိုးထားတာ ရှိပါတယ်။ အင်စတော်လေးရှင်း ပေါ်လစီတို့၊ ပါဖောင်းမန့် ပေါ်လစီတို့၊ အင်စတော်လေးရှင်းရှိုးတို့ဆို ကျနော် မြန်မာပြည်မှာ စခဲ့တယ်လို့ ပြောလို့ရတယ်။ ကျနော် စခဲ့တာလေးပေါ်မှာ တစိုက်မတ်မတ် လုပ်ချင်တာနဲ့ အဲဒါလေး ကိုအခြေတည်ပြီး ခေတ်ပေါ်အနုပညာရဲ့ နိမိတ်ပုံ စာတမ်းလေးကို ရေးဖြစ်တာပါ။

မေး။ ။ အဲဒီအထဲမှာ ဘယ်လို အကြောင်းအရာတွေ ပါလဲ။ အင်စတော်လေးရှင်းရယ်၊ ကဗျာရယ် ကို အဓိက ထားတာလား။

ဖြေ။ ။ အဲဒီ ၂ ခု ဆိုတာထက် ကမ္ဘာကြီးက ပြောင်းလဲလာတဲ့ အနုပညာ အခင်းအကျင်းကိုလည်း ကျနော်က ဘယ်လို တွေ့ရှိလဲဆိုတော့၊ ဖန်းတီးမှုတွေ မျိုးစုံရှိတဲ့နေရာမှာ တချို့က နိုင်ငံရေး ဖန်တီးမှုဖြစ်ချင်ဖြစ်မယ်၊ တချို့က သဘာဝ ပတ်ဝန်း ကျင်ကို ခံစားပြီးတော့ ဖန်တီးတဲ့ ဖန်တီးမှု ဖြစ်ချင်ဖြစ်မယ်၊ တချို့က စီးပွားရေး အောင်မြင်မှု၊ မအောင်မြင်မှု၊ အခက်အခဲ၊ ချောင်လည်မှု အဲဒါတွေကို မီးမောင်းထိုးပြတဲ့ ဖန်တီးမှု ဖြစ်ချင်ဖြစ်မယ်ပေါ့။ တချို့ကျတော့ အမျိုးအစား နည်းနည်းပြန့်လာတဲ့ သဘောကို ကျနော် တွေ့ရတယ်လေ။ စီးပွားရေး အကြောင်းနဲ့ အနုပညာတွေ ထပ်လာတာ တွေ့ရတယ်။ အဲဒါတွေက အင်စတော်လေးရှင်း ဖြစ်ချင်ဖြစ်ပြီးတော့ ပါဖောမန့် ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် ကဗျာထဲမှာတင်ပဲ သက်ရောက်ရင် သက်ရောက်နေမယ်။ တခြားသော အနုပညာ တခုမှာပဲ တခြားပုံစံ အဖြစ် ပေါ်ထွက်လာတာ တွေ့ချင်လည်း တွေ့ရမယ်။ အဲဒါလေးတွေကို အခြေပြုပြီးတော့ ကျနော်က အသစ်အသစ်သော တွေ့ရှိမှုများနဲ့ မြန်မာပြည်ရဲ့အနေအထား၊ ကျနော် ဖြတ်သန်းနေရတဲ့ အနုပညာခရီးလမ်းကြောင်းနဲ့ အဲဒါလေးတွေကို ခြယ်ပြီး ထောင်ထဲမှာ ရေးဖြစ်တာပေါ့။

ခုနက နိုင်ငံရေး အကြောင်းအရာဆိုရင်တော့ ကမ္ဘာအရပ်ရပ်မှာလည်း ရှိခဲ့တာပဲ။ အဲဒီလိုခေတ်တွေက ဘုရင်တွေ၊ သမ္မတတွေ၊ ၀န်ကြီးတွေကို အမှန်ကိုရောက်စေချင်လို့ ကဗျာဖွဲ့ပြီး ရေးခဲ့တာတွေလည်း ရှိခဲ့တာပဲ ဆိုတော့ အဲဒါမျိုးလေးတွေကို ကျနော်က ခြယ်ပြီးရေးမယ်လို့ စိတ်ကူးထားတာပေါ့။ ခုနကပြောတဲ့ အမျိုးအစားတွေကတော့ ခပ်များများ ပါမှာပေါ့။

မေး။ ။ ခေတ်ပေါ်အနုပညာ ဆိုတာက အရမ်းလည်း ကျယ်ပြန့်တယ်၊ အရမ်းလည်း လေးနက်တယ်လို့ ပြောရမယ် ထင်တယ်။ အဲဒီတော့ ကျမတို့ နိုင်ငံက စာပေစိစစ်ရေးလို တင်းကျပ်တဲ့ နေရာတခုကို ချဉ်းကပ်တဲ့အခါ ခေတ်ပေါ် အနုပညာနဲ့ ချဉ်းကပ်ရင် လွယ်ကူပါ့မလား။ စာပေစိစစ်ရေး ဆိုတာက သိပ်နားလည် လွန်းလို့ ပြဿနာရှိနိုင်သလို၊ လုံးဝ နားမလည် ရင်လည်း ပြဿနာရှိတယ် မဟုတ်လား။

ဖြေ။ ။ ကျနော်ကတော့ အဲဒီမေးခွန်းကို ထောက်ခံတယ်လို့ အရင်ပြောမယ်။ အဲဒီမေးခွန်ကို ပြန်ဖြေချင်တာကတော့ ကျနော့် ကိုယ်ပိုင် ခံစားမှု၊ ကျနော့် ကိုယ်ပိုင် အတွေးအခေါ်နဲ့ပဲ ပြောချင်တယ်။ စာပေစိစစ်ရေး အဟန့်အတား ရှိတယ်လို့ပဲ ကျနော် ပြောင်ပြောပါရစေတော့။ ဒါပေမယ့် ဒီ အဟန့်အတား တအားရှိလို့ အနုပညာသစ်တွေ မဖန်တီးတော့ဘူး ဆိုရင် ရပ်သွားမှာ ပေါ့။ အဲဒီအဟန့်အတားကို ကျနော်တို့ ဘယ်လိုကျော်လွှားမလဲ ကျော်လွှားတဲ့နေရာမှာ အညင်သာဆုံး၊ အသိမ်မွေ့ဆုံး၊ လူလည်း နားလည်အောင်၊ စာပေစိစစ်ရေးလည်း နားလည်အောင် အဲဒီလို ကျနော်တို့က ချဉ်းကပ်ပြီးတော့ တဖြည်းဖြည်းနဲ့ ဖော်ဆောင်သွားရင် မကြာတော့တဲ့ ကာလမှာ ခေတ်ပေါ် အနုပညာဆိုတဲ့၊ ခေတ်ကို ထင်ဟပ်တဲ့ အနုပညာတွေဟာ ဘယ်လို အကြောင်းအရာနဲ့မဆို ထွက်လာနိုင်တယ်လို့တော့ ကျနော် ယုံကြည်တယ်။ ကျနော်က အဲဒီ ယုံကြည်မှုနဲ့ သွားနေတာ။

မေး။ ။ မြန်မာပြည်မှာက ခေတ်အဆက်ဆက် ကိုစောဝေ အပါအ၀င်ပေါ့၊ ဒီလိုမျိုး ထုတ်ဖော် ရေးသားရတာ အခက်အခဲတွေ ရှိတဲ့အခါကျတော့ နိမိတ်ပုံတွေနဲ့ အမျိုးမျိုး သွယ်ဝိုက်ပြတဲ့ နည်းတွေနဲ့ အနုပညာကို ဖန်တီးရတာမျိုးတွေ ရှိတယ်။ စာပေနယ် ရယ်လို့ မဟုတ်ဘဲ တခြားအနုပညာ နယ်တွေရောမှာပါ ရှိနေတာနဲ့ ပတ်သက်ပြီး ဒီလို သွယ်ဝိုက် ဖန်တီးရတဲ့ အနုပညာ သမား တွေ အပေါ်မှာ ကိုစောဝေ အနေနဲ့ ဘာပြောချင်လဲ။

သူတို့ကို ကျနော် ကိုယ်ချင်းစာတယ်။ ဒီအခက်အခဲကြီးကို နှလုံးသားကရော၊ ဦးနှောက်ကပါ ကျော်ဖြတ်နေရတဲ့ အတွက် ပိုပြီး ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်စေတယ်။ အဲဒီလိုမဖြစ်စေချင်ဘူး။ အဲဒီလို မဖြစ်စေဖို့ ဆိုရင် ခုနက ပြောတဲ့ မည်သည့် ခေတ်မှာမဆို၊ မည်သည့် အစိုးရလက်ထက်မှာ မဆို ဒီ အနုပညာတွေကို ဟန့်တားနေမယ့် ဟာတွေကို ကျနော်တို့ အမှန်တရားနဲ့ ခေတ်ပေါ် ဆိုတဲ့ အသစ်အသစ်သော အနုပညာတွေကို ဖန်တီးမယ်ဆိုတဲ့ စိတ်နှလုံးကို သေသေချာချာလေး မွေးယူပြီး ညီညီ ညွတ်ညွှတ် လေး ဖြတ်သန်း မယ်ဆိုရင် တနေ့ ရလာပါလိမ့်မယ်လို့ပဲ ပြောပါရစေ။

မေး။ ။ ကိုစောဝေ စောစောက ပြောတဲ့ လူမှုရေး လုပ်ငန်းနဲ့ ပတ်သက်လို့၊ ထောင်ထဲမှာ ရှိစဉ်ကရော ကိုစောဝေရဲ့ အဖြူရောင် သက်တံ အဖွဲ့သားတွေက လှုပ်ရှားမှုတွေ ရှိနေခဲ့လား။ သူတို့တွေ အလုပ်တွေ လုပ်ဖြစ်နေတုန်းပဲလား။

ဖြေ။ ။ အဖြူရောင်သက်တံဆိုတဲ့ ခေါင်းစဉ်နဲ့ မလှုပ်ရှားကြပေမယ့်၊ နာဂစ်မှာဆို ကျနော် ထောင်ထဲမှာ ဖတ်ရပါတယ်၊ အဖြူရောင်သက်တံ အဖွဲ့ထဲမှာပါတဲ့ အနုပညာရှင်တွေ အားလုံး တယောက်မှ ကျန်နေခဲ့တာ မရှိဘူး။ နာဂစ်လှုပ်ရှားမှုမှာ အကုန်လုံး ပါဝင်ကြတယ်။ ပါဝင်တဲ့ အထဲမှာ ထူးထူးခြားခြား ထောင်ထဲ ၀င်လာရတဲ့ အထိ ဆောင်ရွက်ခဲ့တာကတော့ ကိုသူရ (ခေါ်) ဇာဂနာ၊ နောက်ပြီး ကိုဇော်သက်ထွေး၊ နေဘုန်းလတ်။ နေဘုန်းလတ်က အဖြူရောင် သက်တံကမဟုတ်ပေမယ့် သူလည်း လူမှုရေး လုပ်ငန်းတွေမှာ ထိုက်သင့်တဲ့ ပံ့ပိုးမှုတွေကို ကိုသူရနဲ့ တွဲပြီး လုပ်တယ်။ ပြောရရင်တော့ အများကြီးပါပဲ။

အဖြူရောင်သက်တံလို့သာ ခေါင်းစဉ်မခံတာ၊ သူတို့နည်း သူတို့ဟန်နဲ့ ဒီ ပရဟိတ လှုပ်ရှားမှုတွေတော့ ကျနော် ထောင်ကျ နေတုန်းမှာလည်း ရပ်နားထားတာ မရှိပါဘူး။ သူတို့နိုင်သလောက်၊ စွမ်းသလောက်၊ အခွင့်အရေး ရသလောက်၊ ကျနော်တို့ နိုင်ငံကလည်း အခွင့်အရေးဆိုတာ သိပ်အရေးကြီးတာကိုး၊ အခွင့်အရေး ရသလောက် နယ်ပယ် အသီးသီးက လုပ်နေ ကြ တယ်။ ကျနော် ထောင်ထဲကနေ ကျေနပ်၊ ကြည်နူးပြီးတော့ ဒီအနုပညာရှင်တွေကို သာဓု အမြဲခေါ်မိတယ်။

မေး။ ။ ဒီနာမည်နဲ့ပဲ ကဗျာရွတ်ပွဲတွေ ဆက်လှုပ်ရှား သွားမလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီနာမည်နဲ့ပဲ ကျနော်က အနုပညာ အသစ်တွေကို တင်ပြရင်းနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ချင်တယ်။ ဒါပေမယ့် ဒီနာမည်အပေါ်မှာ ဘယ်လိုသက်ရောက်မလဲ၊ မသက်ရောက်ဘူးလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။

မေး။ ။ ထောင်ထဲမှာလည်း စာဖတ်ခွင့်၊ စာရေးခွင့် ရခဲ့တယ်လို့ ဆိုရမှာပေါ့။ ဟုတ်လား။

ဖြေ။ ။ ကျနော် စာဖတ်ခွင့်လည်း ရပါတယ်၊ စာရေးခွင့်လည်း ရတဲ့အပြင်ကို အထူးခြားဆုံးက ... ထောင်ထဲမှာ ကျနော်တို့ ၅ (ည) လို့ သတ်မှတ်ထားတဲ့ နိုင်ငံရေး ပုဒ်မ၊ သူတို့ တရားဝင် အခေါ်ကတော့ သီးသန့် … အဲဒီလို လူတွေ တခါမှ မရဘူးတဲ့ အခွင့်အရေးကို ကျနော် စာရေးပြီး တရားဝင် တောင်းဆိုပါတယ်။ ကျနော် စာကြည့်တိုက် လုပ်ချင်တယ်လို့ ပြောတဲ့ အခါမှာ အင်းစိန်ဆေးရုံမှာ စာအုပ်ပေါင်း ၁၀၀၀ ကျော်နဲ့ စာကြည့်တိုက် ဖွင့်ခွင့်ရခဲ့ပါတယ်။ အဲဒီလိုပဲ ရမည်းသင်း မှာလည်း စာအုပ် ၁၀၀၀ လောက်နဲ့ စာကြည့်တိုက် ဖွင့်ခွင့်ရပါတယ်။ အင်းစိန်ထောင်မှာတော့ စာဖတ်တဲ့ အင်အားက အင်မတန်မှ ကောင်းပြီး တော့ အပြင်က စာကြည့်တိုက် ထက်တောင်မှ ကျနော် ကျေနပ်ခဲ့ရတယ်။ ရမည်းသင်းမှာကတော့ စာဖတ်တဲ့ အင်အားက နည်းတယ်။ တဖြည်းဖြည်း ဆွဲခေါ်လာတဲ့အခါမှာ ၁၈ လမှာ တော်တော် တက်လာပါတယ်။ အခုဆိုရင် အကျဉ်းသား ၄၀၀ ရှိတဲ့ နေရာမှာ တနေ့ကို ၁၂၀ လောက်အထိ စာဖတ်နှုန်း တက်လာပါတယ်။ အဲဒါလေး တခုကတော့ ကျနော်ထောင်ထဲမှာ လုပ်ခဲ့တဲ့ ပရဟိတ အလုပ်လို့ ပြောမလား၊ ဒါမှ မဟုတ် စာပေဒါနလို့ ပြောမလား အဲဒါတွေကို လုပ်ခဲ့ပါတယ်။

မေး။ ။ တခြားနိုင်ငံရေး အကျဉ်းသားတွေရော စာဖတ်ခွင့်၊ စာရေးခွင့်ရလား။

ဖြေ။ ။ ကျနော်နဲ့ နေခဲ့တဲ့ လူတွေ ရပါတယ်။ အင်းစိန်မှာ နေတုန်းကလည်း ထိုက်သင့်သလောက် စာဖတ်လို့ရပါတယ်။ စာရေးမယ် ဆိုရင်တော့ ခွင့်ပြုချက်တောင်းပြီး ရေးရင် စာရွက်တို့ ဘောလ်ပင်တို့ ပေးပါတယ်။

မေး။ ။ ကိုစောဝေ ထောင်ထဲမှာ နေတဲ့ အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အတွက် ဆု ရခဲ့တယ်။ ဒီ ဆုရခဲ့တဲ့ အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဆုက ကျနော်ပျော်တာထက် ဆုပေးတဲ့လူရော၊ ဆုကို ရရှိတဲ့လူရော၊ ဆုအတွက် လက်ခုပ်တီးပေးတဲ့ လူတွေကိုရော အဖိုးတန်အောင် လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ အဲဒီတော့ ဒီလို ဆုပေးခြင်းအားဖြင့် ၁ ကတော့ ထောင်ထဲမှာ ရှိနေ တဲ့ အကျဉ်းသားအားလုံးကို အင်မတန်မှ အားရှိစေတယ်။ ၂ ကတော့ တတိုင်းပြည်လုံးပေါ့။ ဒီမိုကရေစီ အပြည့်အဝ ရတဲ့ တိုင်းပြည်မှာ ရှိနေတဲ့ လူတွေကနေ ကျနော်တို့ကို ထောက်ပံ့တဲ့၊ အားပေးတဲ့ အင်အားတရပ်လို့ ကျနော်မြင်ပါတယ်။ ဂုဏ် လည်း ယူပါတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ အဲဒီဆုရရှိတဲ့ အတွက် ကျနော့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို တတ်နိုင် လောက် စွမ်းဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချစေခဲ့ပါတယ်။

မေး။ ။ အချစ်ဂျာနယ်မှာ ပါခဲ့တဲ့ ကဗျာ ရေးနေတဲ့ အချိန်မှာ ကိုစောဝေရဲ့ခံစားချက်ကို သိခွင့်ရမလား။

ဖြေ။ ။ ကဗျာလို့ မပြောဘဲနဲ့ အနုပညာ ဖန်တီးတယ်လို့ ပြောင်းလိုက်ရင် အဲဒီမေးခွန်းကို ကျနော်ဖြေမယ်။ အခု ကျနော် အနုပညာတွေကို ဖန်တီးဖြစ်ခဲ့တယ်။ ကျနော် ပန်းချီလည်းဆွဲဖြစ်တယ်၊ ကဗျာလည်းရေးတယ်၊ ပါဖောမန့်လည်း လုပ်တယ်၊ အင်စတော်လေးရှင်း တွေလည်း လုပ်တယ်ပေါ့။ ကျနော်ဖန်တီးခဲ့တဲ့ အနုပညာရပ်တိုင်းဟာ ကျနော့်ရင်ထဲ၊ ကျနော့် ဦးနှောက် ထဲမှာ ဘာကို အလံလွှင့်ထူပြီးတော့ ခိုင်ခိုင်မာမာ စိုက်ထူထားသလဲ ဆိုတာ အမှန်တရားပါ။

အဲဒီအမှန်တရားက ကျနော် တယောက်တည်း ကြိုက်တဲ့ အမှန်တရားမဟုတ်ဘူး။ အာဏာရှင် တယောက်တည်း ကြိုက်တဲ့ အမှန်တရားမဟုတ်ဘူး။ ပိုက်ဆံရှိတဲ့လူတွေ ကြိုက်တဲ့ အမှန်တရားလည်း မဟုတ်ဘူး။ တကမ္ဘာလုံးက ကြိုက်တဲ့ အမှန်တရား ဆိုတာကို ကျနော် အနီးစပ်ဆုံး ချဉ်းကပ်ပြီးတော့၊ အဲဒီအလံကို လွှင့်ထူပြီးတော့ အဲဒီအမှန်တရားမှာ အခြေစိုက်ပြီးတော့ တကယ် အများပြည်သူ ခံစားရတဲ့ ခံစားမှုတွေကိုပဲ ကျနော် ဖော်ထုတ်တင်ပြတယ်၊ ဖန်တီးခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။

Read More...

26.5.10

VOA news

ကဗျာဆရာ စောဝေ ပြန်လွတ်ပြီ
By မိုးဇော် ဗုဒ္ဓဟူး, 26 မေ 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဝေဖန်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံရတဲ့ ကဗျာဆရာကိုစောဝေ ဒီကနေ့မနက်မှာ ရမည်းသင်းထောင် ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကဗျာဆရာကိုစောဝေဟာ ထောင်အတွင်းမှာ မျက်စေ့ တိမ်စွဲတဲ့ ရောဂါ ခံစားခဲ့ရတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ခွဲစိတ်ကုသဖို့ ပြင်ဆင်ထားတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒီသတင်း ကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကဗျာဆရာ ကိုစောဝေရေးသားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာရဲ့ အစ စာလုံးတွေကို ဖတ်ကြည့်မယ်ဆိုရင် အာဏာရူးကြီး မှူးကြီး သန်းရွှေဆိုတဲ့ အဓိပ္ပါယ်ထွက်တာကြောင့် အာဏာပိုင်တွေက နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မနက်မှာတော့ ကိုစောဝေဟာ ရမည်းသင်းထောင်က ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ ဇနီးဖြစ်သူ မနန်းစန်းစန်းအေးက ပြောပါတယ်။

“လွတ်ပြီ၊ လွတ်ပြီ၊ ဟုတ်တယ်၊ ရမည်းသင်းကနေ ၉ နာရီကျော်ကျော် လောက် ဖုန်းဆက်လာတယ်။ သူထွက်လာပြီတဲ့။”

ကိုစောဝေဟာ ရမည်းသင်းကနေ ရန်ကုန်ကိုအလာ လမ်းခရီးမှာ ရှိနေတာကြောင့် တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကိုစောဝေဟာ ထောင်အတွင်းမှာ မျက်စေ့နဲ့အစာအိမ်ရောဂါတွေ ခံစားခဲ့ရတာကြောင့် ဒီရက်ပိုင်းအတွင်းမှာ မျက်လုံးခွဲစိတ်ဖို့ ပြင်ဆင်ထား တယ်လို့ ပြောပါတယ်။

“သူရောက်ပြီးတော့ မျက်စေ့ခွဲမယ်။ Booking လုပ်ထားပြီးပြီ။ တိမ်ပေါ့၊ တိမ်တက်တာကို လွှာထုတ်ရမယ်လို့ ပြောတာပဲ။ အထဲရောက်မှ ဖြစ်တာပေါ့။ အစာအိမ်က အစားအချိန်မှန်စားရင်လည်း သက်သာတယ်။ အစာပျော့ပျော့စားရင်လည်း သက်သာတယ်ပေါ့။ ဆေးလည်း သောက်ရတာပေါ့။”

ကိုစောဝေ ရေးသားတဲ့ကဗျာဟာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကဗျာ ပါပြီး နောက် ကိုစောဝေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ ၂၀၀၈ မေလမှာ စီရင်ချက်ချပြီး နိုဝင်ဘာလမှာ ရမည်းသင်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

အာဏာပိုင်တွေက ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပေမဲ့ ကိုစောဝေဟာ စတင် အဖမ်းခံရတဲ့နေ့ကနေ ထောင်ထဲမှာ စုစုပေါင်း ၂ နှစ် ၄ လနဲ့ ၅ ရက် နေခဲ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ကဗျာဆရာ ကိုစောဝေဟာ HIV/AIDS ကူးစက်ခံရတဲ့ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ အဖြူရောင်သက်တန့်အဖွဲ့ကို ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဖိနှိပ်မှုကြားကနေ မိမိအမြင်ကို ရဲရဲရင့်ရင့် ဖော်ထုတ်သူအဖြစ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကနေ Hellman/Hammett ဆုကို အပ်နှင်းခဲ့ပါတယ်။

Read More...

7.5.10

going to be free

ကဗျာဆရာ စောဝေ လွတ်တော့မည် ဟုဆို
သန်းထိုက်ဦး Friday, May 07, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ဝေဖန် ရေးသား မှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာ စောဝေသည် ယခုလ ၂၆ ရက်နေ့တွင် ပြန်လွတ် လာမည် ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် တနင်္လာနေ့က မိသားစု သွားရောက် တွေ့ဆုံစဉ် ထောင်တွင် ကပ်ထားသည့် မကြာမီ လွတ်မည့် အကျဉ်းသား အမည် စာရင်းတွင် ကိုစောဝေ၏ အမည်ကို တွေ့ခဲ့ ရသည်ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ဧရာဝတီကို ပြောသည်။

“သူ့ရဲ့ လွတ်ရက်ကိုက ရုံးတင်တဲ့နေ့ မေလ ၂၆ ရက်နေ့လို့ ထောင်အာဏာ ပိုင်တွေက နဂို ကတည်းက ပြောထားပြီးသား” ဟု သူက ရှင်းပြသည်။

ထို့နေ့တွင် လွတ်ရန် သေချာကြောင်း၊ သူ့အား လာရောက် ကြိုဆိုခြင်း မပြုရန် ကိုစောဝေက မှာကြားခဲ့ကြောင်း ဒေါ်နန်းစန်းစန်းအေးက ပြောသည်။

ကိုစောဝေ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ရမည်းသင်း အကျဉ်းထောင်သို့ ဆက်သွယ်၍ မရသေး။

ကဗျာဆရာ စောဝေသည် မျက်စိ တိမ်စွဲ နေသဖြင့် ထောင်မှလွတ်လာသည့်အခါ မျက်စိ အထူးကု ဆရာဝန်ထံတွင် ကုသမှု ခံယူရန် စီစဉ်ထားသည်ဟု ဇနီးဖြစ်သူက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ရွယ်ပြီး “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟု ရေးသားထားသော သူ၏ ကဗျာသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် ဂျာနယ်တစောင်တွင် ဖော်ပြခဲ့သည်။

ကိုစောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေးအတွက် စီစဉ်ခဲ့သူ တဦး ဖြစ်သည်။

HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာ ရွတ်ဆိုပွဲများကိုလည်း ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီးပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Mammett ဆု ချီးမြှင့်ခဲ့သည်။

ဖိနှိပ် ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားသောကြောင့် ဆုပေးခြင်း ဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။

Hits: 2680
Comments (2)Add Comment

ဂုဏ်ယူပါတယ်
written by ဖြူးသား, May 13, 2010
ကိုစောဝေ လို လူမျိုးတွေရှိလို ကျွှန်တော်တို့ ဖြူးမြို့ အတွက် ဂုဏ်ယူပါတယ်ဗျာ



written by soe , May 08, 2010
အ၇မ်းကို တော်တဲ့ ကဗျာဆ၇ာ စောဝေ လွတ်မယ် ကြားလို့ ဝမ်းသာ သလို့  အားလည်း တက်ပါ တယ် ...
သူဟာ အမှန်တ၇ား ဖေါ်ထုတ်ရဲတဲ့ သူ တစ်ဦးပါ ..ကျွန်တော် လေးစားထဲမှာ သူတစ်ဦး အပါဝင်ပါဘဲ..
ကြိုဆိုပါတယ် ဆ၇ာ စောဝေ
ချင်းမိုင်ေ၇ာက် ...
စိုးစိုး

Read More...

22.1.10

no payrole for the poet?

ကဗျာဆရာ လွတ်ရက်စေ့သော်လည်း ပြန်မလွတ်သေး
Friday, 22 January 2010 17:10 ဇာနည်မာန်

“အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟုသည့် စာသား ပါရှိသော ကဗျာကို ရေးသားမှုကြောင့် ရမည်းသင်း ထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံနေရသည့် ကဗျာဆရာ စောဝေသည် ဇန်န၀ါရီလ ၂၁ ရက်နေ့က လွတ်ရက်စေ့ပြီ ဖြစ်သော်လည်း အာဏာပိုင်များက ပြန်မလွှတ် ပေးသေးကြောင်း မိသားစုဝင်များက ပြောသည်။

ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီ ၁၄” အမည်ရှိ ကဗျာသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ် ဂျာနယ်တွင် ပါလာပြီးနောက် သူ့အား အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အမိန့်ချတုန်းက ချုပ်ရက်တွေကို ခံစားစေ ဆိုတာ ပါတယ်။ လွတ်မယ် ထင်ပြီး သွားတာ၊ လွှတ်မပေး ဘူးရှင့်။ ကျမလည်း ထောင်ဝင်စာ ပေးပြီးတော့ ပြန်လာခဲ့ရတယ်။ သူတို့ ကိုယ်တိုင် ကလည်း လွတ်မယ့်ရက်ကို ခုထက်ထိ မပြောနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့ကို ဘာမှ မညွှန်ကြား ထားဘူးလို့ ပြောတယ်” ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ဧရာဝတီသို့ပြောသည်။

ကိုစောဝေကို ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့တွင်ဖမ်းပြီး ၂၅ ရက်နေ့တွင် အင်းစိန်ထောင်သို့ပို့ကာ ၂၇ ရက်နေ့တွင် ရမန်ယူခဲ့သည်။ လွတ်ရက်စေ့နေပြီး လွှတ်မပေးသေးသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ စာပေးပို့ တောင်းဆိုမည်ဟု သူ့ဇနီးဖြစ်သူက ဆိုသည်။

ဒေါ်နန်းစန်းစန်းအေးက ဆက်လက်၍ “ကိုစောဝေက ကဗျာဆရာတယောက်ကို သူတို့ဖမ်းထားလို့ အကျိုးရှိမယ်ဆိုရင်လည်း ဆက်ဖမ်းထားလို့ ရပါတယ်တဲ့။ သူ့အနေနဲ့ ဘုရားတရားလုပ်ဖို့ အခြေအနေပိုရတယ်၊ ၀ဋ်ကြွေးရှိသလောက် သူခံပါ့မယ်တဲ့။ ကျမကိုလည်း သည်းခံဖို့ အားမွေးဖို့ ပြန်အားပေးတယ်” ဟု ပြောပြသည်။

အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဌာနသို့ သွားရောက်စုံစမ်းရာတွင်လည်း မည်သည့်နေ့တွင် လွတ်မည်ကို မပြောနိုင် ကြကြောင်း ဇနီးဖြစ်သူက ဆိုသည်။

သူက “ရှေ့နေကလည်း သူလွတ်ရက်စေ့ရင် လွတ်မှာပါလို့ ပြောတော့ ကျမလည်း ဘာမှ ဆက်ပြောလို့ မရတော့ဘူး။ ကျမတို့ ဘ၀က ကူစရာ ကယ်စရာ မရှိတော့ ဘယ်သူ့ကိုမှလည်း ထွေထွေထူးထူး တိုင်လို့ပြုလို့လည်း ရမှာ မဟုတ်ဘူး” ဟုပြောသည်။

ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင် သွေးဝမ်းသွားရောဂါ ခံစားနေရပြီး အစားသိပ်မစားနိုင်၍ ကျန်းမာရေးအခြေအနေကို စိုးရိမ် ပူပန်သည်ဟု သူက ဆက်ပြောသည်။

ကဗျာဆရာ စောဝေသည် အကျဉ်းကျနေစဉ်အတွင်း ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားနိုင်မှုအတွက် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကချီးမြှင့်သော Hellman/ Mammett Award ကို ရရှိခဲ့သည်။

လွတ်ရက်စေ့နေသည့် ကိုစောဝေကို လွှတ်မပေးသေးသည်နှင့် ပတ်သက်၍ အာရှလူ့အခွင့်အရေး ကောင်စီမှ ရှေ့နေ ဦးမင်းလွင်ဦးက နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များသို့ တင်ပြ တိုင်ကြားမည်ဟု ဆိုသည်။

“အခု ကိုစောဝေ ကိစ္စက ဆိုးဆိုးရွားရွား လူ့အခွင့်ရေး ချိုးဖောက်မှုအစစ်ပဲ။ ရမန်ယူတာ မယူတာ အသာထား၊ ဥပဒေအရ ချုပ်ရက်က စဖမ်းတဲ့နေ့ကတည်းက စတွက်ရတယ်။ အခု ရဲတွေက လူဖမ်းပြီဆိုရင် ထုထောင်းပြီး အဲဒီ ဒဏ်ရာတွေ ပျောက်လောက်မှ ရုံးတင်တယ်။ ချုပ်ရက်ကိုလည်း ဥပဒေအတိုင်း မဟုတ်ဘဲ လုပ်ချင်သလို လုပ်နေကြတာ။ ရုံးတင်တဲ့ ရက်ကိုပဲ ထည့်တွက်တာမျိုးတွေပေါ့။ အဲ့ဒီတော့ ရှေ့နေတွေက ဘယ်နေ့က ဖမ်းတာလဲဆိုတာကို လိုက်မေးနေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဦးမင်းလွင်ဦးက ပြောသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သည့် ဗိုလ်ကြီးဝင်းထိန်၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကိုလည်း ထိုကဲ့သို့ ဥပဒေချိုးဖောက်၍ ထပ်မံ ချုပ်ထားခြင်း ပြုလုပ်ခဲ့သည်များကို သူက ထောက်ပြပြောဆိုသွားသည်။

Read More...

30.10.09

Burmese artists shortlisted for international art prize


by Mungpi
Friday, 30 October 2009 21:55

New Delhi (Mizzima) - A Burmese refugee women’s group, Kumjing Storytellers, and a renowned detained poet, Saw Wei, have been named among the shortlisted finalists for the 2009 Freedom to Create Prize, organizers said.

The London-based Freedom to Create, an initiative that seeks to improve lives by addressing society’s ability to support and sustain creativity, since last year has begun awarding artists around the world with three categories of Prizes – Main, Youth and Imprisoned Artistes Prizes.

Alice Parson of the Freedom to Create on Friday told Mizzima, “The award is mainly to promote justice around the world and to encourage artistic freedom.”

Parson said the organisation has shortlisted the Kumjing Storytellers, a group of Burmese refugee women, who use performing arts to tell their stories of ethnic persecution in Burma, as one of the finalists for the ‘Main’ Prize.

The Kumjing Storytellers are a group of Burmese refugee women, who fled to Thailand from Burma’s Shan state. "Kumjing" - a Thai women's name meaning ‘precious jewel’ is used to represent the women, who have migrated to live and work in Thai-Burma border areas.

Known as the ‘Journey of Kumjing,’ the group tells stories of persecuted women, challenge discrimination and assert their human rights through performing arts. Using some 250 paper machédolls, the group travels across Thailand and the world to raise awareness of their plight.

Saw Wei, a detained Burmese poet, who was sentenced to two years in November 2008 for writing a Valentine’s Day poem that contains a code criticising the Burmese military junta supremo Snr Gen Than Shwe, was shortlisted for the ‘Imprisoned Artiste’ Prize.

The award, which will be announced on November 25 at a ceremony in London, will also include a cash prize for each category. There are three prize winners in the Main Prize category, who will share a prize pool of US$75,000.

The first prize of US$50,000 will be split equally between the winner of the award, and an organisation nominated by them to further the cause that their work has highlighted. The second place prize of US$15,000 will be similarly divided equally between the winner and their nominated organisation. The US$10,000 third place prize will be shared the same way.

The Youth Prize will include a cash prize of US$25,000. It will be divided into two - the winner will receive US$10,000, while the remaining US$15,000 will be given to an organisation nominated by them to further the cause their artwork has highlighted.

The third category, the ‘Imprisoned Artist’ Prize, focuses on artists who are imprisoned because of their art and the role of their work in highlighting injustice. This prize puts less emphasis on the artist’s work and more on the personal risks incurred, the message conveyed through their work and its impact.

It includes a cash prize of US$25,000 that will be directed towards securing the artist’s release, advocating on their behalf and their cause and offering support to their family.

In 2008, detained artist – comedian and actor – Zarganar, also known as Thura, was named winner of the Freedom to Create’s “Imprisoned Artiste” Prize.

Read More...

15.10.09

Hellman/Mammett also goes to Saw Wai

အကျဉ်းကျ ကဗျာဆရာ စောဝေ လူ့အခွင့်အရေး စောင့်ကြည့်ရေးဆု ချီးမြှင့်ခံရ
15 October 2009 VOA

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးဆိုပြီး ကဗျာထဲ သွယ်ဝိုက်ဖွဲ့ဆိုခဲ့လို့ မန္တလေးထောင်မှာ အကျဉ်းချခံထားရတဲ့ မြန်မာကဗျာဆရာ စောဝေကို နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က Hellman/Mammett ဆုနဲ့ ချီးမြှင့်ဂုဏ်ပြုလိုက်ပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက သတ္တိရှိရှိနဲ့ သူတို့ရဲ့ အမြင်တွေကို ရဲဝံ့စွန့်စား ထုတ်ဖော်ရေးသားကြတဲ့ ကမ္ဘာတ၀န်းက စာရေးဆရာတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နှစ်စဉ် ဂုဏ်ပြုဆု ချီးမြှင့်လေ့ရှိရာ ဒီနှစ် ဆုချီးမြှင့်ခြင်းခံရသူ ၃၇ ဦးထဲမှာ မြန်မာကဗျာဆရာတယောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

အခုလို Hellman/Hammett ဆု ချီးမြှင့်ခြင်း ခံလိုက်ရတဲ့ မြန်မာကဗျာဆရာ စောဝေဟာ ချစ်သူများနေ့ (Valentines Day) အထိမ်းအမှတ် အနေနဲ့ အချစ်ဂျာနယ်ထဲမှာ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ စာကြောင်း ၈ ကြောင်းပါ အချစ်ကဗျာလေး တပုဒ်ကို ရေးသားထုတ်ဝေခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးထောင်မှာ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ သူ့ကဗျာထဲမှာ အာဏာရူးကြီး သန်းရွှေဆိုတဲ့ စကားစုကို သွယ်ဝိုက် ဖွဲ့ဆိုထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကဗျာဆရာ စောဝေဟာ သာမန် ကဗျာသမားသက်သက် မဟုတ်ဘူးဆိုပြီး ဂုဏ်ပြုချီးမွမ်းသူကတော့ သူ့ကို ရင်းရင်းနှီးနှီးသိကျွမ်းတဲ့ အမေရိကားရောက် ကဗျာဆရာ အောင်ဝေး ဖြစ်ပါတယ်။

“ကျနော်တို့ ကဗျာဆရာတယောက် အခုလိုမျိုး နိုင်ငံတကာက ပေးတဲ့ဆု ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ၀မ်းသာပါတယ်။ ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်မှ မဟုတ်ဘဲ။ စစ်အာဏာရှင်အောက်က ပြည်သူလူထု ပြားပြားမှောက် ဖိနှိပ် ချုပ်ချယ်ခံထားရတဲ့ တိုင်းပြည်မှာ ဒီဆုရတာက ဒါ့ထက်မက ထိုက်တန်တယ်လို့ ယူဆပါတယ်။ ကဗျာဆရာ စောဝေက ကျနော့် သူငယ်ချင်းလည်း သူငယ်ချင်း၊ ရဲဘော်လည်း ရဲဘော်၊ အခုလောလောဆယ် ထောင်ထဲရောက်နေတယ်။

“သူ့ရဲ့ လမ်းကြောင်းကို ပြန်ကြည့်ရင်လည်း သူဟာ သာမန် ကဗျာဆရာတယောက် မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကစပြီး သူ ပါဝင်လှုပ်ရှားလာခဲ့တယ်။ သူတို့ ထူထောင်ခဲ့တဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း ဆိုတာမျိုးက မြန်မာစာပေ လောကအတွက် အများကြီး ကောင်းကျိုး ပေးနိုင်ခဲ့တယ်။ အဲဒီလို လူမှုရေး လုပ်ငန်းတွေ၊ စာပေနဲ့ အနုပညာလုပ်ငန်းတွေ အပြင် ကျနော်တို့တွေ အတူတွဲပြီးတော့၊ ကိုစောဝေတို့၊ ကျနော်တို့၊ ထောင်ထဲရောက်နေတဲ့ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ အဖြူရောင်သက်တံဆိုပြီး HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များ ရန်ပုံငွေ ကဗျာရွတ်ဆိုပွဲတွေ အများကြီး လုပ်ခဲ့တယ်။

“အားလုံးက စစ်အာဏာရှင် စနစ်ရဲ့ အောက်မှာ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ ဒီမိုကရေစီ မရှိဘူး၊ လူ့အခွင့်အရေး မရှိဘူးဆိုတဲ့ အခြေအနေမှာ ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ ပြည်သူလူထုအတွက်၊ နိမ့်ပါးနေတဲ့ လူတွေအတွက် ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီထဲမှာ ကဗျာဆရာ စောဝေက ရွပ်ရွပ်ချွံချွံ ပါခဲ့တဲ့ သူတယောက်ပါပဲ။ အဲဒီလို လူတယောက်ကို အခုလို ဆုပေးတယ် ဆိုတာကတော့ ဒါ လူမှန် နေရာမှန်ပဲလို့ ကျနော်တော့ ယူဆပါတယ်။”

ဆရာစောဝေအပြင် တရုတ်၊ ဗီယက်နမ်၊ တိဘက်၊ ဂါနာ စတဲ့ တခြားနိုင်ငံပေါင်း ၁၂ နိုင်ငံက စာရေးဆရာ၊ ကဗျာဆရာ ၃၆ ဦးလည်း ပါဝင်တာပါ။ ဆုချီးမြှင့်ခြင်း ခံရသူတွေထဲက ၁၈ ဦးကတော့ သူတို့နဲ့ သူတို့ရဲ့ မိသားစုအပေါ် အန္တရာယ် ကျရောက်မှာကို စိုးရိမ်လို့ အမည်ဖော်ခွင့် မပြုထားပါဘူး။

ဒီဆုရဲ့ နောက်ခံသမိုင်းအကျဉ်းနဲ့ ဆုရရှိသူတွေကို ဘယ်လို ရွေးချယ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က အခုလို ပြောပါတယ်။

“ဒီဆုကို ချီးမြှင့်လာခဲ့တာ နှစ် ၂၀ ရှိပါပြီ။ အမေရိကန် ပြဇာတ်ရေးဆရာမ လီလီယန် ဟဲလ်မန်း (Lillian Hellman) က အခက်အခဲ ဖိနှိပ်မှုတွေကြားက မိမိတို့ရဲ့ သဘောထားကို ရေးသားထုတ်ဖော်လို့ ငွေရေးကြေးရေး အခက်ကြုံနေတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို အကူအညီပေးဖို့ သူပိုင်တဲ့ ခြံမြေကို သူ့ရဲ့ သေတမ်းစာထဲမှာ ပေးလှူခဲ့ကတည်းက စတင်ခဲ့တာပါ။ သူ့ဘ၀မှာလည်း ယုံကြည်ချက်တွေကို ရေးသားခဲ့လို့ ဒုက္ခတွေ ကြုံခဲ့ရသူပါ။ ကျမတို့အနေနဲ့ ဘယ်သူ့ကို ဆုချီးမြှင့်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမည်စာရင်း တင်သွင်းဖို့ အများကို ဖိတ်ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ စာရင်းသွင်းလို့ မရပါဘူး။ အဲဒီနောက် စာရေးဆရာတွေ၊ အယ်ဒီတာတွေ ပါဝင်တဲ့ ဆုရွေးချယ်ရေး ကော်မတီက ဘယ်သူ့ကို ဆုပေးမလဲဆိုတာ ရွေးချယ်တာပါ။”

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ၊ ဆရာမပေါင်း ၇၀၀ ကျော်ကို ဒီ Hellman/Hammett ဆု ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူသိရှင်ကြား အသိအမှတ်ပြု ဂုဏ်ပြုတဲ့အပြင် စာရေးဆရာ၊ ဆရာမတယောက်ဆီကို ဒေါ်လာ ၁,၀၀၀ ကနေ ၁၀,၀၀၀အထိ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်ပါတယ်။

Read More...

18.11.08

World Trade Center

ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှု
ငါးကျပ်တန်တရွက်
တယ်လီဖုန်းဆက်ခ ပေးလိုက်တော့
WTC ၀မ်းနည်းမှုတွေ
တ၀ုန်းဝုန်း ပြိုကျလာ၊ အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း
ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ
ငါ နားကန်းပါရစေ။

ထိတ်လန့်ကြေကွဲ အမြွာလောင်မီးပေါ်က ပ၀ါဖြူလေး ဝှေ့ယမ်းပြ
ဒုက္ခတိုက်ညီနောင် အမြင့်က
ဒုက္ခသုညမြေပြင်ပေါ်ကို ခုန်ဆင်း
ငါ မျက်စိကန်းပါရစေ။

စစ်မရှိစေရ ဂျွန်ရေ - - -
ငြိမ်းချမ်းရေးနှင့် ဂျွန်ရေ - -
ပန်းနံ့မွှေးသော လောကသစ်သို့ ဂျွန်ရေ - -
ငါ့ချစ်သူက ငါ့ကို အကြမ်းမဖက်ပါ
အမုန်းများနဲ့ ဘယ်သူ့ကိုမှ အကြမ်းမဖက်ပါနဲ့။

တန်ဖိုး
မြန်မာ = မေတ္တာအနန္တစကြ၀ဠာ
ကမ္ဘာ
= စကြ၀ဠာအနန္တမေတ္တာ။
တရားမဲ့ အကြမ်းဖက်စွမ်းအားမှန်သမျှ
ကမ္ဘာမှာ မရှိစေရ - - - -
ပုံ။ ။

စောဝေ
- - - ၁၀၊ ၂၀၀၁

(မူရင်း - Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)


Read More...

23.10.08

Khin Pan Hnin supports Saw Wai

စာရေးဆရာမ ခင်ပန်နှင်းက ဆရာစောဝေဖက်က သက်သေအဖြစ် ထွက်ဆိုခဲ့
RFA 2008-10-23

စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကဗျာဖွဲ့နည်းတမျိုးနဲ့ ဖွဲ့ဆို သရော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကဗျာဆရာစောဝေရဲ့ အောက်တိုဘာ ၂ဝရက် ပြီးခဲ့တဲ့ တနင်္လာနေ့က ရုံးချိန်းမှာ စာရေးဆရာမ ခင်ပန်နှင်းက ဆရာစောဝေဖက်က သက်သေအဖြစ် ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ကဗျာဆရာစောဝေကို နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဥပဒေ ၅ဝ၅ (ခ) နဲ့ စွဲဆိုထားတာဖြစ်ပြီး အပြီးသတ် အဆင့်ကိုရောက်နေပြီလို့ ကိုစောဝေရဲ့ ရှေ့နေ ဦးစိုးမောင်က ပြောပြပါတယ်။

ရှေ့နေ ဦးစိုးမောင်။ ။ 'ကိုစောဝေကတော့ အခုဟာက အပြီးသတ်လျှောက်လဲချက်ကို ရောက်နေပြီ။ ၅ဝ၅ (ခ) နဲ့ပဲ စွဲချက်တင်တယ်။ သက်သေနှစ်ယောက်ပဲ ပြတယ်။ သက်သေကစာရေးဆရာ ခင်ပန်နှင်းနဲ့ သူ့မရီးပေါ့၊ ဒေါ်နန်းစန်းစန်းယုဆိုတာ၊ သက်သေနှစ်ယောက် ပြလိုက်တယ်။ တကယ့်တကယ် ဒါက ကိုစောဝေက ဒီရည်ရွယ်ချက်နဲ့ ရေးတယ်၊ မရေးဘူးဆိုတဲ့ ပြဿနာလည်း ထင်ရှားတယ်၊ မထင်ရှားဘူးဆိုတာ ဒါ တရားရုံးက ဆုံးဖြတ်ရမှာပေါ့လေ။ ပြီးတော့လည်းပဲ ဒီမှာ သက်ဆိုင်ရာဂျာနယ်က အချစ်ဂျာနယ်ဆို အချစ်ဂျာနယ်ပေးလိုက်တယ်၊ ဂျာနယ်က သူ့ဖာသာသူ ဆုံးဖြတ်ပြီးတော့ စာပေစိစစ်ရေးက ခွင့်ပြုမှ ထည့်တဲ့ ကိစ္စပဲ။ အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့ ပြောတာပေါ့လေ။ ဒါပါပဲ။ '

အင်းစိန်ထောင် သီးသန့်တရားရုံးမှာ ရုံးထုတ်ရာမှာ မိသားစုကို တက်ရောက် ကြားနာခွင့်မပေးတာ ရက်သတ္တပတ် ၄ ပတ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုအနေနဲ့ အမှုကို ကိုယ်တိုင် အသေးစိတ် သိခွင့်မရဘူးလို့လည်း ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ပြောပါတယ်။

ဒေါ်နန်းစန်းစန်းအေး။ ။ 'ဆရာမ ခင်ပန်နှင်းက နဂိုကတည်းက ကိုစောဝေနဲ့ ခင်မင်ရင်းနှီးပြီးသားလေ၊ သူက နဂိုကတည်းကလည်း ဒီအကြောင်းကို သိနေတော့ သူနဂိုကတည်းက လိုက်မယ်လို့ ပြောထားပြီးသား၊ သက်သေလိုလို့ရှိရင်။ သူက ပြောတော့ ပြောပြတယ်လေ။ ဟို ဒီကဗျာကို ဖတ်လို့တော့ လူတွေက တုန်လှုပ်ခြောက်ခြားကုန်လား ဘာလားပေါ့။ သူ့ကို တရားလိုဘက်က အဲဒီလို မေးကြတယ်ပေါ့။ သူကလည်း ပြောပါတယ်။ နည်းနည်း ထူးထူးဆန်းဆန်း ဖြစ်နေတော့ ရှာပြီးတော့ ဖတ်ကြတယ်ပေါ့လေ။ တုန်လှုပ်ခြောက်ခြားသွားတယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒေါ်ခင်ပန်နှင်း ကျွန်မကို ပြောတော့ ပြောပြတယ်။ သူတို့ ပြောပြတာပဲ ကျွန်မက ကြားတာလေ။ ကျွန်မက လုံးဝနားမှ မထောင်ရတာကိုး။ ဘာလဲဆိုတော့လေ၊ ကျွန်မတို့ အထဲထဲကို လုံးလုံး မဝင်ရတာ။ အရင်တုန်းကတော့ ဝင်ရတယ်လေ။ ခုတော့ ဘာထွက်လို့၊ ဘာလုပ်လို့ ဘာမှ ကျွန်မ ဘာမှကို မသိရတာ။'

ဒီအမှုမှာ တရားလိုပြသက်သေ အနေနဲ့ ကဗျာကို ထုတ်ဝေခဲ့တဲ့ အချစ်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို အာဏာပိုင်တွေက သက်သေ ထွက်ဆိုစေခဲ့တယ်လို့ သိရပါတယ်။

အဓိပတိ စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ ကဗျာဆရာစောဝေဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်ထုတ် အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ‘ဖေဖော်ဝါရီ ၁၄’ အမည်ရှိ အချစ် ကဗျာကြောင့် အဖမ်းဆီးခံခဲ့ရပါတယ်။ ကဗျာစာကြောင်း အစတွေကို ပေါင်းဖတ်ရင် အာဏာရူးကြီး မှူးကြီးသန်းရွှေ လို့ အဓိပ္ပာယ်ကောက်လို့ရတဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာပါ။

ဆရာစောဝေဟာ ပြီးခဲ့တဲ့ ၃ လ ခန့်ကတည်းက ကျန်းမာရေးကြောင့် အင်းစိန်ထောင် ဆေးရုံမှာ တက်ရောက် ကုသနေရတယ်လို့ သိရပါတယ်။ ဒီအမှုကို အောက်တိုဘာ ၂၇ရက် လာမဲ့ တနင်္လာနေ့မှာ အပြီးသတ် ကြားနာမှာဖြစ်ပြီး နိုဝင်ဘာလဆန်းမှာ စီရင်ချက်ချမယ်လို့ ဆရာစောဝေရဲ့ ရှေ့နေ ဦးစိုးမောင်က RFA ကို ပြောပါတယ်။

Read More...

23.9.08

saw wai in May 2006

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲ မေ ၂၆၊ ၂၀၀၈ နေ့က တွေ့ရတဲ့ စောဝေ


Read More...

22.9.08

505(b) on Saw Wai

ကဗျာဆရာ စောဝေကို အများပြည်သူ ဆူပူလှုံ့ဆော်မှုဖြင့် စွဲချက်တင်

RFA 2008-09-22

ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ကဗျာရေးမှုနဲ့ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂၂ရက်နေ့က ဖမ်းဆီးခံရတဲ့ ကဗျာဆရာ စောဝေကို ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) အများပြည်သူ ဆူပူလှုံ့ဆော်မှုနဲ့ စက်တင်ဘာ ၂၂ရက် ဒီနေ့ စွဲချက်တင်လိုက်ပြီလို့ သူ့ဇနီး မနန်းစမ်းစမ်းအေးက ပြောပါတယ်။ နဂိုမူလက ၁၂ကြောင်း ပါရှိတဲ့ ကဗျာကို စာပေစိစစ်ရေးက ပုံနှိပ်ခွင့်မပေးနိုင်ဘူးလို့ ပယ်ချထားတဲ့ကြားက အချစ်ဂျာနယ်က ရှစ်ကြောင်းပါတဲ့ ကဗျာအဖြစ် ဖော်ပြခဲ့တာပါ။

ကဗျာတကြောင်းချင်းစီရဲ့ ထိပ်စည်းအစက ရေးထားတဲ့ စာလုံးတွေကို ထောင်လိုက်ဖတ်ရင် ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’လို့ ဖတ်လို့ရပါတယ်။ တကယ်တမ်းတော့ ဒီကဗျာကို ဂျာနယ်မှာ ဖော်ပြဖို့မဟုတ်ပဲ အပျော်အပျက်ရေးပြီး အယ်ဒီတာကို အလွတ်သဘော ပြကြည့်တာလို့ မနန်းစမ်းစမ်းအေးက ပြောပါတယ်။

မနန်းစမ်းစမ်းအေး။ ။ 'ပါရစေ့ရဲ့ မဟုတ်ဘူး၊ အပြင်မှာ အပျော်အပျက် လက်တန်းရေးပြီးတော့ ပြကြည့်တာ၊ ဒီလိုပြကြည့်တာကို လုပ်စားချင်တဲ့လူက အဲဒီလို လုပ်လိုက်တာလေ၊ ဟို စိစစ်ရေးကိုတော့ သူက ဆယ့်နှစ်ကြောင်းလုပ်ပြီး တင်လိုက်တာ၊ ရုံးမှာလည်း ထွက်ချက်က အဲဒီလိုပဲ ထွက်တယ်။ ပယ်တယ်ပေါ့ စာပေစိစစ်ရေးက၊ ကြက်ခြေခတ်ထားပေမဲ့ ကိုမြတ်ခိုင်တို့က မပါပါအောင် ထည့်လိုက်တယ်၊ ဒါမပါသင့်ဘူးဆို စိစစ်ရေးက ပယ်ထားပြီးပြီဆိုလည်း ပယ်ထားပြီးပြီပေါ့ ဟုတ်တယ်မဟုတ်လား၊ စိစစ်ရေးက ပယ်ထားရက်သားနဲ့ ဘာလို့ပါသလဲ၊ ဆယ့်နှစ်ကြောင်းကို သူက ရှစ်ကြောင်းနဲ့ ပါလာတယ်လေ။'

စာပေစိစစ်ရေးက ပယ်ထားတဲ့ကဗျာကို ဖော်ပြတဲ့ အချစ်ဂျာနယ်ကိုတော့ ထုတ်ဝေခွင့်တပတ် ပိတ်တာပဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

'ပြီးတော့ အယ်ဒီတာကို ဘယ်လိုအရေးယူသလဲဆိုတော့ နောက်အဲဒီလို မပါရစေပါဘူးဆိုပြီးတော့ လက်မှတ်ပဲထိုးခိုင်းတယ်တဲ့။ သူတို့ကျတော့ ဘာကြောင့် ပြစ်မှုတွေ အဲဒီလောက်ပေါ့ပြီးတော့ ကိုစောဝေကျမှ အခု အချုပ်ခံထားရတာ၊ ကိုးလထဲ ရောက်နေပြီ ပထမဆုံး တာဝန်အရှိဆုံးကတော့ အယ်ဒီတာပဲ၊ ဒါပေမဲ့ ဒီအယ်ဒီတာကျတော့ ဘာဖြစ်လို့ အပြင်မှာ လွတ်လွတ်လပ်လပ်နေသလဲ၊ ကဗျာရေးတဲ့လူ တယောက်ပဲ အပြစ်ရှိသလား၊ ကျမတို့လည်း အဲဒါကို သိချင်ပါတယ်'လို့လည်း ပြောသွားပါတယ်။

ကိုစောဝေကို စက်တင်ဘာလ ၂၉ရက်မှာ ရုံးချိန်းပေးထားပြီး အမှုဆက်လက် စစ်ဆေးပါမယ်။



Read More...

3.8.08

from www.htooeainthin.com

... ထူးအိမ်သင်ကွယ်လွန်ခြင်း၂နှစ်ပြည့်မှာ စောဝေပြောတဲ့ပုလွေသံ ...

သြဂုတ်လ ၁၄ ရက်နေ့ဟာ ဂီတပညာရှင် ထူးအိမ်သင်ကွယ်လွန်ပြီး နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ကဗျာလက်တွဲဖော်များထဲက ကဗျာဆရာကိုစောဝေက ကိုယ်ပိုင်သံစဉ် လို့ အော်နေကြတဲ့အချိန်မှာ ကိုငှက်(ထူးအိမ်သင်)ဟာ နိုင်ငံခြားသား ဂီတပညာရှင်တစ်ယောက်လို ဒါဟာ တကယ်ကိုယ်ပိုင်တဲ့ဂီတဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြခဲ့တာနဲ့ပတ်သက်ပြီး နောင်လာ နောက်သားတွေ အတုယူလို့ရအောင်၊ သိလည်းသိထားရအောင် ကိုငှက်(ထူးအိမ်သင်)ရဲ့ နှစ်နှစ်ပြည့် အမှတ်တရအဖြစ် ပေါ်ပြူလာဂျာနယ်ကို ယခုလိုပြောပြခဲ့ပါတယ်။

ဒီလ သြဂုတ်လဟာ ကိုငှက်(ထူးအိမ်သင်)ရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်တဲ့လပေါ့။ သူ့အတွက် ပြောစရာလေးအဖြစ် ဦးလာတာက တော့ ဓာတ်ပုံလေးတစ်ပုံပေါ့။ ဦးမြတ်ခိုင်က အဲဒီဓာတ်ပုံလေးကို ကျွန်တော့်ကို လက်ဆောင်လာပေးတယ်။ အဲဒီဓာတ်ပုံထဲက ကိုမြင့်မိုး တို့ ဆိုရင်လည်း သူ့ဟာနဲ့ သူ့အလုပ်တွေရှုပ်နေကြတယ်လေ။ ဒီဓာတ်ပုံလေးဟာ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်လောက်က ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပေါ့။

အဲဒီဓာတ်ပုံထဲမှာပါတဲ့ လေးယောက်က ကျွန်တော်ရယ်၊လီယိုနာဒ်မောင်မောင်လွင်၊ ကိုမြင့်မိုးအောင်၊ ပြီးတော့ ကိုငှက်(ထူးအိမ်သင်)ပေါ့။ ဒီဓာတ်ပုံလေးက ဘာထူးခြားနေသလဲဆိုရင် ပုံထဲမှာ ကျွန်တော်တို့ သုံးယောက်က ကိုငှက်တစ်ခုခု ပို့ချနေတာကို အာရုံစိုက်ပြီး နားထောင်နေကြတဲ့ပုံစံမျိုး။ နောက် ဒီနှစ်ဒီကာလ မှာ မျိုးဆက်သစ် အဆိုတော်လေးတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ဘာတွေပြောလာကြသလဲဆိုတော့ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ သွားရောက်ဖျော်ဖြေတာဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်တွေကိုပဲ ဖန်တီးသီဆို တော့မယ်လို့ တော်တော်များများ ပြောလာကြတာကို တွေ့ရတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တစ်ခု ပြောချင်တယ်။ ကိုငှက်ရဲ့ နောက်ဆုံးခရီး ပုသိမ်ကိုသွားတဲ့ အကြောင်းလေးပေါ့။ တော်တော်လေး ဂုဏ်ယူစရာ ကောင်းသလို၊ ကြေကွဲစရာလည်းဖြစ်တယ်။ ကိုမြင့်မိုးဘက်ကလည်း အဲဒီအချိန်တုန်းက ဒီကိစ္စကို စာမျက်နှာ ပေါ်မှာ မပြောခဲ့ဘူးပေါ့။ အခုသိပ်မကြာခင်က မဂ္ဂဇင်းတစ်စောင်မှာ ကိုမြင့်မိုးဘက်က ပြောလာတာ ဖတ်လိုက် ရတယ်။ ကိုလူမင်းကလည်း ကျန်စစ်မင်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာမှာလည်း ပြောခဲ့တာကိုလည်း ကျွန်တော် ဖတ်လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုလူမင်း မလေးရှားမှာ ကျန်စစ်မင်းဇာတ်ကားအတွက် ကားသွား ဆက်တော့ အဲဒီဇာတ်ကားမှာ သုံးမယ့်ပုလွေသံအခွေကြမ်းလေးကို ကိုငှက်က ထည့်ပေးလိုက်တယ်။ အဲဒီမှာ မလေးက ဂီတပညာရှင်တစ်ဦးက ဒီသံစဉ်ကို ဖန်တီးတဲ့သူနဲ့ တွေ့ချင်တယ်ဆိုပြီး ကိုလူမင်းတို့ သားအဖကို အကူအညီတောင်းတယ်။ အဲဒါက ကိုလူမင်းပြောခဲ့တဲ့အပိုင်းပေါ့။

အခု ကျွန်တော်က ကျန်တဲ့အပိုင်းလေးကို ဆက်ပြောပြမယ်။ ကိုငှက်နဲ့ ကျွန်တော်တို့တွေ ကဗျာ Work Shop လေး လုပ်ဖြစ်နေတဲ့အချိန်မှာ သူ့လွယ်အိတ်ထဲမှာ တခြား Instument တွေမဟုတ်ဘဲနဲ့ မြန်မာဖြစ်ပုလွေ အကြီး၊ အလတ်၊ အသေး သုံးမျိုးလောက်ပါပါလာတာကို တွေ့ရတယ်။ နောက်တော့ သူကပဲ ပြောလာတယ်။ ကိုလူမင်းက ကျွန်တော့်ကို ပုဂံကားတစ်ကားအပ်ထားတယ်တဲ့။ အဲဒီမှာသုံးမယ့် ပုလွေသံကို အခုအချိန်အထိ အားမရသေးဘူးဗျာတဲ့။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ Recording တွေမှာ အသံဖမ်းတာလည်း သူအားမရသေး ဘူး။ သူလိုချင်တဲ့အရသာကို မရသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့နဲ့ ပြောစရာရှိရင်ပြောမယ်။ ပြောစရာမရှိရင် အဲဒီပုလွေကိုမှုတ်ပြီး သံစဉ်ရှာကြည့်နေတယ်။ ဒီလိုနဲ့တစ်ရက် ကျွန်တော်ရယ်၊ ကိုငှက်ရယ်၊ ကိုနေမျိုးဆေး ရယ် သုံးယောက်ဆုံနေကြ Mr. Guiter က စားပွဲလေးမှာ ဆုံဖြစ်တယ်ပေါ့။ ကိုနေမျိုးက မရောက်သေးဘူး။ အဲဒီမှာ သူကဘာပြောသလဲဆိုတော့ ဒီညဧည့်သည်တစ်ယောက်လာမယ်တဲ့။ မလေးကဂီတပညာရှင်တဲ့။ အဲဒါနဲ့သိပ်မကြာဘူး။ မလေးက ဂီတပညာရှင်ဆိုသူ ရောက်လာတယ်။ ရောက်လာပြီး စားကြသောက်ကြနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကိုငှက်ကလည်း ဘာစကားမှမပြောဘူး။ ဟိုဂီတပညာရှင်ကလည်း ဘာမှမပြော ဘူး။ ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ကြည့်နေတယ်။ စားသောက်လို့ ပြီးခါနီးအချိန်ကြမှ မလေးဂီတ ပညာရှင်က စပြောတယ်။ “မင်းပေးလိုက်တဲ့ ပုလွေသံဟာ တကယ်ရှိတဲ့ အသံလားတဲ့”။ ကိုငှက်က တစ်ခွန်းပဲ ပြန်ပြောတယ်။ “ဟုတ်တယ်”။ အဲဒီကြမှ ကိုငှက်က ကျွန်တော်နဲ့ မိတ်ဆက်ပေးမယ်။ ပြီးတော့ မလေးဂီတပညာရှင်က ဆက်မေးတယ်၊ “မင်းဒီအသံကို ဘယ်ကရတာလဲတဲ့”။ ကိုငှက်က “ငါဒီအသံကို ပုဂံက ရတာတဲ့”။ မလေးဂီတပညာရှင်က မယုံသလိုအကြည့်နဲ့ “မင်းကျိန်းသေတယ်နော်”၊ ကိုငှက်က “အေး-ကျိန်း သေတယ်”။ အဲဒီမှာဆက်ပြီး မလေးဂီတပညာရှင်က “မင်းအဲဒီပုဂံကို ငါ့ကို လိုက်ပို့လို့ရမလား”။ ကိုငှက်က “ငါလိုက်မပို့နိုင်ဘူး။ မင်းဘာသာသွားပြီး အဲဒီအသံကိုရှာလာခဲ့”။ “မင်းတကယ်ကြားချင်တယ်ဆိုရင် တွေ့ကိုတွေ့မှာပါ”၊ “ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်နဲ့တော့မရဘူး။ တစ်ပတ်ဆယ်ရက်နေမှ မင်းရနိုင်မယ်”။ တကယ်ပါ ကိုငှက် အဲဒီအတိုင်းကို ပြောတာပါ။ ကျွန်တော်တောင် ကိုငှက်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကိုတော့ လိုက်ပို့ရမှာပေါ့။ ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်နဲ့ တစ်နေ့ ကျွန်တော်တို့ Mr. Guiter မှာ ထိုင်နေတုန်း ကိုငှက်က ဟိုမလေးက ဂီတပညာရှင်ပြန်ရောက်နေပြီတဲ့။ ဒီနေ့ သူနဲ့ချိန်းထားတယ်တဲ့။ သိပ်မကြာပါဘူး။ အဲဒီဂီတပညာရှင်ရောက်လာတယ်။ ရောက်ရောက်ချင်း ကိုငှက်ကို ပြောတယ်။ “ဒီတစ်ည မင်းတို့ကို ငါပြုစုပါရစေ”၊ ကိုငှက်က “အိုကေရတယ်”တဲ့။ ဒါပဲပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့တွေ စားကြသောက်ကြ၊ တီးဝိုင်းကို ကြည့်ကြပေါ့။

အချိန်နည်းနည်းကြာလာတော့မှ အဲဒီမလေးဂီတပညာရှင်က ကိုငှက်ကို အင်မတန်လေးစားတဲ့ မျက်လုံးမျိုးနဲ့ကြည့်ပြီး “ငါမင်းကို အရမ်းကျေးဇူးတင်တယ်”၊ “မင်းဒီကပြီးရင် Recording သွားမှာလား”၊ “ငါလိုက်ခဲ့မယ်”။ ကိုငှက်က ပြန်ပြောတယ် တစ်ခွန်းတည်းပဲ။ “မလိုက်နဲ့” တဲ့ဗျာ။ ကျွန်တော်တောင် တော်တော်အားနာသွားတယ်။ အဲဒါနဲ့ မလေးဂီတပညာရှင်က ဆက်ပြောတယ်။ “ငါမင်းကို နောက်ဆုံး တောင်းဆိုတဲ့အနေနဲ့ ငါ့ကို နောက်ထပ် Traditional အသံတစ်သံလောက် လိုက်ပြပါလား”။ ကိုငှက်က ဘာပြန်ပြောသလဲဆိုတော့ “လုံးဝမပြနိုင်ဘူး”။ “မင်းလိုချင်တာရပြီ မဟုတ်လား”။ “မင်းအတွက် လိုအပ်သေး လို့လား”။ မလေးဂီတ ပညာရှင်က “ဆောရီး၊ ငါတောင်းပန်တယ်”၊ “မင်းငါ့ကို အခုရသွားတဲ့ အသံလေးနဲ့ပဲ ပြန်စေချင်တာမလား”။ ကိုငှက်က “အေးဟုတ်တယ်”။ အဲဒီတစ်ခွန်းပဲ ပြန်ပြောတယ်။ နောက်တစ်နေ့မှာ အဲဒီ မလေးဂီတပညာရှင် ပြန်သွားတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ကိုငှက်က သူ့ကို ပုဂံရဲ့ဘယ်နေရာ၊ ဘယ်သူ့ဆီသွားဆိုပြီး နေရာအတိအကျလည်း မပြောလိုက်ဘူး။ ဒီလူ ဘယ်ဘုရားကြို၊ ဘုရားကြားက ဒီအသံကို တွေ့သွားပါလိမ့်ပေါ့။ ကိုငှက်ပြောလိုက်တာ တစ်ခုတော့ ရှိတယ်။ မင်းပုဂံရောက်ရင် ဟိုတယ်မှာတော့ အိပ်မနေနဲ့တဲ့။ ဒါပဲ။ သူနဲ့ အဲဒီပညာရှင်နဲ့ ပြောတဲ့စကားဟာ ဒါအကုန်ပဲ။ ကျွန်တော် ပြောချင်တာက ကျွန်တော်သိသလောက်ဆိုရင် ကိုငှက်ကိုလာတွေ့တဲ့ ပညာရှင်နှစ်ယောက်ရှိတယ်။

တစ်ယောက်က အင်္ဂလန်က ကဗျာဆရာမကြီး ရုဒ်ပက်အယ်၊ နောက်တစ်ယောက်က မလေးကဂီတပညာ ရှင်။ အဲဒီနှစ်ယောက်စလုံးဟာ ကိုငှက်ကို လေးစားပြီး ပြန်သွားကြတာချည်းပဲ။ ကိုငှက်က သူ့ဖန်တီးမှုကို လုံးဝအသေအချာ၊ ဒါဟာ ငါတို့နိုင်ငံကဖြစ်တာ၊ ဖန်တီးတာဆိုတာကို သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပြနိုင်ခဲ့တယ်။ နောက်တစ်ချက်ပြောချင်တာ အဲဒီမလေးဂီတပညာရှင်ဟာ ပုဂံရဲ့ဘယ်နေရာကနေ ဒီအသံကိုရသွားတယ်ဆိုတာ ကိုငှက်ကသေသည်အထိ ကျွန်တော်တို့ကို ပြောမသွားခဲ့ဘူး။ ဒါကြောင့် အခု ကိုယ်ပိုင်သံစဉ်လို့အော်နေတဲ့သူတွေကို ကိုငှက်လို ခိုင်မာဖို့ ပြောချင်တဲ့အတွက်ရယ်၊ ဒီလဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်ဖြစ်တာရယ်ကြောင့် အခုလို ပြောရတာပါ။ ကျွန်တော်ကိုငှက်နဲ့ပတ်သက်ပြီး မဟေသီမှာရေးပြီး၊ ပြောပြီးကတည်းက မပြောဖြစ်တာ တော်တော်ကြာပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ပြောတာ၊ ရေးတာကို ပြန်ဖတ်ရတဲ့ ကိုငှက်ရဲ့အမေဟာ အမြဲတမ်း သူ့သားကို သတိရစွာနဲ့ ၀မ်းနည်းတာကိုလည်း မခံစားနိုင်ပါဘူး။ နောက်တစ်ခုပြောချင်တာက သြဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပမယ့် မန္တလေး အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ကိုငှက်ရဲ့ကဗျာတစ်ပုဒ်ကို တစ်ယောက်သောသူက ရွတ်ဖတ်မှာပါ။ ပြီးတော့ သြဂုတ်လဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်လဆိုတော့ အဲဒီကဗျာရွတ်ပွဲမှာ ကိုငှက်အတွက် အမှတ်တရအစီအစဉ် လေးလုပ်ဖို့ ရှိပါတယ်” ဟု ပြောခဲ့ပါတယ်။

သတိုးလွင်
Popular Journal /vol10_no33/



Read More...

10.7.08

poem from MaHayThi Mag 2001 Aug

အချစ်ဆိုတာ

ငယ်စဉ်က
ရင်ခွင်မှ ပစ်ခွင်းခဲ့မြားအားလုံး
ဝေဒနာတစ်ခုကြောင့်
ကြီးမှ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ
မြားအားလုံး
နှလုံးသားမှာ စူးဝင်နေခဲ့
ဒါ အချစ်တဲ့လား။

စောဝေ
မဟေသီ ၂၀၀၁ သြဂုတ်

Read More...

9.7.08



Read More...

8.7.08

poem for Saya Zawgyi

(၆ ဧပြီ လို့ပဲ ရက်စွဲတပ်ထားတယ်။ မိတ်ဆွေတစ်ယောက်ဆီက ရတယ်။ ဘယ်စာစောင်မှာ ဖော်ပြခဲ့မှန်း မသိရ။ ဆရာဇော်ဂျီရာပြည့်အထိမ်းအမှတ်ကဗျာ။)

ဗေဒါကဝိ နှစ် တစ်ရာ
စောဝေ

လူ့ဘဝကြီး လင်းလက်တောက်ပဖို့
နေတစ်စင်း လတစ်စင်း ရှိခဲ့သလို
မြန်မာကဗျာနဲ့ မြန်မာလူမျိုးးတို့အတွက်
မင်းသုဝဏ်နဲ့ ဇော်ဂျီဟာ
နေ လ နှစ်ပါးပါ။

လူ့ဘဝဆိုတာကို
ရင်ဆိုင်ကျော်ဖြတ် ချီတက်ဖို့
ပျဉ်းမငုတ်တို ဗေဒါပျံနဲ့ အံခဲ
ငါတို့တွေ အမှန်တရားကို
တနေ့ ရောက်ရမယ်
တနေ့ရ ရမယ်
ဗေဒါပျံ စိတ်ပါပဲ ။ ။

Read More...

1.7.08

lawyer is not able to reach Saw Wai

ချစ်သူများနေ့ကဗျာဆရာ ရှေ့နေမပါပဲ ရုံးသုံးကြိမ်ထုတ်ခဲ့
RFA 2008-06-29

ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ကဗျာကို ရေးသားမှုနဲ့ ဇန်နဝါရီ လ ၂၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကဗျာဆရာကိုစောဝေကို ပုဒ်မ ၅ဝ၁- ခ နဲ့ တရား စွဲဆိုထားပြီး ရှေ့နေပါဝါ မပါပဲ ရုံးသုံးကြိမ်ထုတ် စစ်ဆေးပြီးပြီလို့ ကိုစောဝေရဲ့ ဇနီးက ပြောပါတယ်။
ကိုစောဝေဖက်က ခုခံချေပမယ့် ရှေ့နေဦးစိုးမောင်ကို ပါဝါချမပေးပဲ အမှုကို စစ်ဆေးနေတာ ရုံးချိန်းသုံးခါ ရှိသွားပြီး တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးတယ်လို့ ကိုစောဝေရဲ့ ဇနီး မနန်းစမ်းစမ်းအေးက ပြောပါတယ်။

စာပေစိစစ်ရေးရုံးက အမှုထမ်းတဦးနဲ့ ကဗျာကို ပုံနှိပ်ဖော်ပြခဲ့တဲ့ အချစ်ဂျာနယ်က ကိုသက်ဟိန်းတို့က တရားလိုပြသက်သေတွေအဖြစ် ထွက်ဆိုကြတယ်လို့ ပြောပါတယ်။

မူလက ၁၂ကြောင်း ပါတဲ့ ကဗျာကို စာပေစိစစ်ရေးက ပုံနှိပ်ခွင့်မပေးနိုင်ဘူးလို့ ပယ်ချထားတာကို အချစ်ဂျာနယ်က ရှစ်ကြောင်း ပါရှိတဲ့ ကဗျာအဖြစ် ဖော်ပြခဲ့တာပါ။

ကဗျာတကြောင်းချင်းစီရဲ့ ထိပ်အစမှာ ရေးထားတဲ့ စာလုံးတလုံးစီကို ဒေါင်လိုက်ဖတ်ရင် အာဏာရူးကြီး မှူးကြီးသန်းရွှေ လို့ အသံထွက်ဖတ်လို့ရပါတယ်။

ဗဟန်းတရားရုံးမှာ စာပေစစိစစ်ရေးနဲ့ အချစ်ဂျာနယ်ဖက်က ထွက်ဆိုခဲ့တာတွေကို မနန်းစမ်းစမ်းအေးက ပြောပြပါတယ်။

ဒီလို စာပေစိစစ်ရေးက ပယ်တဲ့ကဗျာကို ပုံနှိပ်ဖော်ပြတဲ့ ဂျာနယ်ကို ဘယ်လိုအရေးယူ သလဲလို့ တရားသူကြီးက မေးတဲ့အခါ ရုံးတော်မှာထွက်ဆိုပုံကိုလည်း မနန်းစမ်းစမ်းအေးက ဆက်ပြောပြပါတယ်။

နဂို မူလကအတိုင်း ၁၂ကြောင်းကဗျာကို ဖော်ပြရင် အဓိပ္ပာယ်က တမျိုးဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ယူဆရတဲ့အကြောင်း မနန်းစမ်းစမ်းအေးက ပြောပါတယ်။ အမှုဖြစ်ရတဲ့ ကဗျာကို ဖော်ပြတဲ့ အချစ်ဂျာနယ်ကတော့ ပုံမှန်ထုတ်ဝေနေတယ်လို့ စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုစောဝေကို မေလ ၂၇ရက်က ပထမဆုံး ရုံးထုတ်ခဲ့ပြီး နောက်ရုံးချိန်းတွေဖြစ်တဲ့ ဇွန်လ ၁ဝရက်နဲ့ ၂၃ရက်မှာလည်း ကိုစောဝေဖက်က ထုချေခုခံချေပမယ့် ရှေ့နေမပါဘဲ ၅ဝ၅-ခ အများပြည်သူ ဆူပူလှုံ့ဆော်စေမှုစွဲချက်နဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ကို ရုံးချိန်းပေးထားပြီး အဲဒိနေ့မှာတော့ ရှေ့နေပါဝါကျလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မနန်းစမ်းစမ်းအေးက ပြောပါတယ်။

Read More...

25.6.08

saw wai was sent to the court for the third time

‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု ရေးသားသူ ကဗျာဆရာကို ရုံးထုတ်ပြန်
mizzima ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 24 2008 20:33 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အသက်အရွယ် ကြီးမြင့်လှပြီဖြစ်သော နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးဟု လှောင်ပြောင် သရော်ခဲ့သူ နာမည်ရ ကဗျာဆရာ ကိုစောဝေကို ဗဟန်းမြို့နယ် တရားရုံးတွင် ယမန်နေ့က တတိယ အကြိမ်မြောက်အဖြစ် တရားရုံးတွင် အမှုစစ်ဆေးခြင်း ပြုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ချစ်သူများနေ့ အထိမ်းအမှတ်ကို ရည်ညွှန်း သော ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့် ကိုစောဝေ၏ ကဗျာတွင် လျှို့ဝှက်ကုတ် သဘောမျိုး ရေးသားထားပြီး ထိပ်စီးစာလုံးများကို အပေါ်မှ သည် အောက်သို့ အစဉ်လိုက်ဖတ်ပါက ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟူသည့် စာသား ပေါ်ထွက်လာသည်။
ထို့နောက် နီးစပ်ရာအချင်းချင်း လက်သိပ်ထိုး ပြောကြားကာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီးနောက် ဝေဖန်ခြင်းကို ဆတ်ဆတ်ထိမခံ အရေးယူ အပြစ်ပေးလေ့ရှိသည့် စစ်အစိုးရက ထုံးစံအတိုင်းပင် အလျင်အမြန် ဖမ်းဆီးခဲ့သည်။
အစိုးရဘက်က ကဗျာဆရာသည် ပြည်သူလူထုကို ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟု စွပ်စွဲပြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။ ကိုစောဝေအတွက် အကျိုးဆောင်ရှေ့နေ ငှားရမ်းခွင့်ပြုသော်လည်း တရားရုံးတွင် ခုခံလျှောက်လှဲခွင့် လွှဲစာကိုမူ ယခုထက်ထိ မထုတ်ပေးဘဲ ထားသည်။
“မနေ့ကနဲ့ဆို စောဝေ ရုံးထုတ်တာ ၃ ကြိမ်ရှိပြီ။ စာပေစိစစ်ရေးက တယောက်၊ အချစ်ဂျာနယ်က တယောက် သက်သေခံအဖြစ် စစ်ဆေး မေးမြန်းတယ်။ ရှေ့နေကလည်း ပါဝါ မကျတော့ ရှေ့နေ မပါသလို ဖြစ်နေတယ်။ ပါဝါ မကျတော့ ရှေ့နေရှိနေသားနဲ့ ဘာမှ ပြောခွင့်ချေပခွင့် မရဘူး။ ကိုစောဝေ သူ့ဖာသာသူပဲ မေးဖြေလုပ်တယ်လေ” ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူ ကိုစောဝေ၏ ဇနီးသည် ဒေါ်နန်းစမ်းစမ်းအေးက မဇ္ဈိမကို ပြောသည်။
ပထမအကြိမ် ရုံးထုတ်စစ်ဆေးခြင်း မေလ ၂၇ ရက်နေ့က စတင်ခဲ့သော်လည်း မရမ်းကုန်းမြို့နယ်နေ ကိုစောဝေ၏ ရှေ့နေ ဦးစိုးမောင်ကို လွှဲစာခွင့်ပြုချက် ထုတ်မပေးသေးခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များက ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားခြင်း ဖြစ်သည်ဟု ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။
“ပါဝါတင်ထားတာ နှစ်ပတ်လောက် ရှိသွားပြီ။ ဒါပေမဲ့ မကျသေးတော့ ဘာမှ ချေပလို့ မရသေးဘူး။ နောက်အပတ်ထဲမှာ ရမယ်လို့တော့ ပြောတာပဲ။ ခါတိုင်းဆိုရင် ၃ ရက်၊ ၄ ရက်လောက်ပဲ စောင့်ရတယ်” ဟု အမည်မဖော်လိုသူ ရှေ့နေတဦးက ပြောသည်။
‘ဖေဖော်ဝါရီဆယ့်လေး’ အမည်ရှိ အချစ်ကဗျာ၏ ထိပ်ဆုံးစာလုံးများကို အထက်မှ အောက်သို့ အစဉ်လိုက် ဖတ်ပါက ‘အာ-နာ-ရူး-ကြီး-မှူး-ကြီး-သန်း-ရွှေ’ ဟူသည့် စာသား ပေါ်ထွက်နေသဖြင့် အာဏာပိုင်များက ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။
အမှုဖြစ်ပွားနေရသည့် ကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။

ဖေဖော်ဝါရီ ဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့ အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံ မော်ဒယ်မလေးရေ
ကြီးကောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။
ယမန်နေ့ တရားရုံးက ရမန်ကြီးတပတ်ခွါ၍ လာမည့်လ ၇ ရက်နေ့သို့ ရက်ချိန်းပေးလိုက်သည်။


Read More...

22.6.08


စောဝေ ထိန်းသိမ်းခံထားရတာ ၅ လပြည့်ပြီ။ တွေ့တဲ့ကဗျာဟောင်းတပုဒ်ကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

Read More...

5.6.08

ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့



ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား

မြေသြဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်


ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ

ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ င်္ကြပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။


စောဝေ

(မူရင်း - ညိမ်းညိုဘလော့ဂ် )

Read More...

22.5.08

a journalist and a general in red light district


အနီရောင်ရပ်ကွက်ရောက် သတင်းထောက်တစ်ဦး၊ ဗိုလ်ချုပ်တစ်ဦး
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၁၃၊ ၂ဝဝ၈
ဖေဖော်ဝါရီလ ဘန်ကောက်မြို့တော်ကြီးက အလွန့်အလွန်ပူပြင်းလှသည်။ မြို့တော်ကြီး တစ်နေရာတွင် နိုင်ငံတော်အကြီးအကဲတစ်ဦးနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသည်။ သူ(နှင့် ကျွန်ုပ်)၏ ဂုဏ်သိက္ခာကို အထိအခိုက်မခံလိုသဖြင့် တွေ့ဆုံသည့်နေရာအတိအကျ ဖော်ပြမှုမပြုနိုင်သည်ကို နားလည်ပေးကြပါကုန်။ သို့သော် - သူ၏အမည်ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။


သတင်းထောက်ရူးကျွန်ုပ်နှင့် အမှတ်တမဲ့တွေ့ဆုံခဲ့သူမှာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဖြစ်တော့သည်။ ဟုတ်သည်။ နိုင်ငံတော်၏ ပြောရဲဆိုရဲရှိသူ ဝန်ကြီးကျော်ဆန်း ဧကန်ဖြစ်ပေသည်။ ဘန်ကောက်မြို့ ဆူဆူပွက်ပွက်ရပ်ကွက်တစ်ကွက်၏ အဆောက်အဦးကြီးတစ်ခု၊ ညီအစ်ကို မသိတသိ မီးရောင်အောက်တွင် ဖြစ်သော်ငြားလည်း ဝန်ကြီးကို မြင်မြင်ချင်း မှတ်မိသိရှိပါ၏။ ဝန်ကြီး၏ မျက်မှန်တဝင်းဝင်း၊ ဟန်တတင်းတင်း အသွင်ကို ရုပ်ထင်သံထွက် ဖန်သားပြင်၊ အင်တာနက်၊ သတင်းစာ ဂျာနယ် အသွယ်သွယ်မှတဆင့် တွေ့ဖူးမြင်ဖူးထားသဖြင့် မှတ်မိခြင်းပင်။
ကျွန်ုပ်တို့ စကားပြောဖြစ်ကြလေသည်။

ငါက မင်းကို မြန်မာပြည်သားမှန်း ချက်ချင်းသိတယ်။
- လူကဲခတ်ပညာလေး မျှပါဦးဗျာ။
မျက်လုံးတွေက ဂဏှာမငြိမ်ဘူး၊ ဟိုကြည့် ဒီကြည့်နဲ့။
- အဲသလိုကြည့်တာ သတင်းသမားတွေ၊ ထောက်လှမ်းရေးတွေရဲ့အလုပ်မဟုတ်လားဗျာ။
ဟုတ်တယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ ပြီးတော့ မင်းဝတ်စားထားတာလည်း သက်တောင့်သက်သာ မရှိဘူး။ အတင်းအကြပ်ကြီး သပ်သပ်ယပ်ယပ် လုပ်ထားမှန်း သိသာတယ်။ ဘာပဲပြောပြောကွာ၊ မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။ ဘာလဲ၊ ငါဝမ်းသာတယ်ဆိုတာ မယုံဘူးလား။
- မယုံပါဘူးဗျာ၊ မီဒီယာကို တိုက်မယ်ခိုက်မယ်ပြောထားတော့ ဘယ်လိုယုံရမှာလဲ။
ဒါကတော့ကွာ မူအရ ဟိန်းဟောက်ရတာပေါ့။ မင်းတို့မီဒီယာသမားတွေကိုလည်း ငါတို့က ကျေးဇူးတင်ရမယ့်အပိုင်းတွေ ရှိပါတယ်။ ဥပမာကွာ၊ လုပ်အားပေးကိစ္စ။
- ကျနော်တို့က အဲဒီလုပ်အားပေးကိစ္စ အဆက်မပြတ် အော်နေတာပဲ။ ဘာကြောင့် ကျေးဇူးတင်ချင်ရတာလဲ။ ILO ကိုတောင် တိုင်နေကြတာမဟုတ်ဘူးလား။
အေး- အဲဒီ တိုင်တဲ့ကိစ္စပေါ့ကွာ။ "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး၊ တိုင်လို့ရတယ်၊ တိုင်လို့ရတယ်" ဆိုပြီး အော်နေပေမဲ့ လူတွေက မင့်ဘကြီး ILOကို တိုင်တာမဟုတ်ဘူး ကွ။
- လူတွေက ကြောက်တာကိုးဗျ။
ခက်တာပဲ၊ အခုခေတ် လူတွေက သိပ်မကြောက်တော့ဘူးကွ၊ ဇဝေဇဝါ ဖြစ်နေကြတာ။ မင်းတို့က "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး" အော်နေတော့ သူတို့မျက်စိထဲမှာ သေနတ်နဲ့ချိန် ဓားနဲ့မိုးထားပြီး လုပ်ခိုင်းတဲ့ဟာတွေကိုပဲ မြင်နေကြတာ။ ဟားဟားဟား။
- Forced labour ကို အဓမ္မလုပ်အားပေးလို့ ဘာသာမပြန်ရင် ဘယ်လိုပြန်ရမလဲ။
ဒါကတော့ မင်းတို့ပြဿနာလေ။ စကားလုံးတိုင်းကို အတိအကျ ဘာသာပြန်စရာမလိုဘူးကွ။ သတင်းသမားဆိုတာ လူတွေနေ့တိုင်းပြောတဲ့စကားအတိုင်း ဆီလျော်အောင် မြန်မာမှုပြုရတယ်။ ဘာပဲပြောပြော မင်းတို့ကို ကျေးဇူးတင်ပါတယ်။
- မြန်မာတိုင်းမ်စ် မှာလည်း လုပ်အားပေးအကြောင်း ဖတ်နေရတာပဲ။
ဖတ်ရမှာပေါ့၊ အဲဒါတွေထည့်ဖို့ မြန်မာတိုင်းမ်စ်ကို ငါတို့ပဲ ခိုင်းထားတာ။
- လုပ်အားပေးလို့ အများသူငါနားလည်အောင် ရှင်းရှင်း ရေးလိုက်ရင် ဦးတို့က ဆင်ဆာဖြတ်မယ်ပေါ့။
ဖြတ်ရုံတင်မဟုတ် စာစောင်တောင် ပိတ်လိုက်ဦးမှာ။ ဘယ်လိုလဲ မင်းရော ဒီမှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။ အကူအညီလိုရင်လည်း မြန်မာသံရုံးရှိနေတာပဲ၊ အချိန်မရွေး ဆက်သွယ်ပေါ့ကွာ။
- မြန်မာသံရုံးကြောင့် ခက်နေတာပေါ့ဗျာ၊ ကျနော့်ပတ်စ်ပို့ကို သက်တမ်းမတိုးပေးဘူး တဲ့။
မင်းက နိုင်ငံတော်ကိုအကြည်အညိုမဲ့အောင် ဘာတွေလျှောက်ရေးထားမှန်းမှ မသိတာ။ သူတို့ ဘယ်လုပ်ပေးပါ့မလဲ။ ဒါနဲ့ ကဗျာဆရာစောဝေအကြောင်း မင်းသိပြီးရောပေါ့။
- ဟုတ်ကဲ့။
အေး၊ ငါတို့ သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်ကွာ၊ ငါတို့သိချင်တာက သူ့နောက်မှာ ဘယ်သူတွေက ကြိုးကိုင်နေသလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ပတ်သက်နေသလဲ ဆိုတာပဲ။
- သူ့ကဗျာထဲမှာ သဲလွန်စ ပါနေတယ်လေ၊ ကျနော်သိသလောက်တော့။
ဟာ ဟုတ်လား၊ လုပ်ပါဦး။ မင်းပတ်စ်ပို့ သက်တမ်းတိုးဖို့ဆိုတာ မခက်ပါဘူး၊ နားလည်မှုလွဲနေလို့ ဖြစ်မှာပါ၊ ဒီတစ်ခါ သံရုံးသွားရင် "ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ်" လို့သာ ပြောလိုက်။ အဲဒါ စကားဝှက်ပဲ။ သူတို့ မင်းကို ဘာမှ မမေးရဲတော့ဘူး၊ မင်းလိုချင်တာ ချက်ချင်းလုပ်ပေးလိမ့်မယ်။ စကားဝှက်ကိုလည်း ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းနဲ့ဦး။ ဒါထက် စောစောက ပြောတဲ့ သဲလွန်စ ဆိုတာ ဘာလဲကွ။
- သူ့ကဗျာ ပထမစာကြောင်းမှာ ပါတယ်လေဗျာ။ အာရင်ဘတ်က ပြောတယ်တဲ့။
အေး အဲဒီ အာရင်ဘတ်ဆိုတဲ့ငနဲနဲ့ စောဝေနဲ့ အဆက်အစပ်ရှိလိမ့်မယ်လို့ ငါထင်သားပဲ။ လုပ်စမ်းပါဦး၊ အဲဒီငနဲအကြောင်း။ ဒီကောင် အနောက်နိုင်ငံကမဟုတ်လား။
- ဆိုပါတော့ဗျာ၊ သူက ဂျူးလူမျိုး၊ ပြင်သစ်၊ ရုရှတို့မှာ နေခဲ့ဖူးတယ်။
လုပ်စမ်းပါဦး၊ သူ့နာမည် ဘယ်လိုစာလုံးပေါင်းသလဲ။
- Ehrenberg
အာရင်ဘာ့ဂ်၊ ဟုတ်လား။ သူက ဘာလုပ်သလဲ၊ သံတမန်လား၊ အင်န်ဂျီအိုလုပ်သလား။
- သူက စာအစုံရေးတာပဲ။
ဟ- မင်းက တယ်ဟုတ်ပါလားကွ၊ အင်္ဂလိပ်စာပေတွေဖတ်နိုင်တာကိုး၊ ကောင်းသကွာ။
- မဖတ်နိုင်ပါဘူးဗျာ၊ မြသန်းတင့်က သူ့စာတွေ ဘာသာပြန်ထားလို့ ကျနော်တို့ ဖတ်ရတာပါ။
မြသန်းတင့်က ဘာသာပြန်တယ်၊ ဟုတ်လား၊ ဒီနာမည် ကြားဖူးသလိုပဲ။ မြသန်းတင့်၊ ဒေါ်မြသန်းတင့်- ဘယ်မှာနေလဲ၊ ဘာတွေ ရေးလဲ၊ ဘယ်တုန်းက ဘယ်ဂျာနယ်မှာရေးတာလဲ၊ ဘယ်အရွယ်ရှိပြီလဲ၊ အိမ်ထောင်သည်လား၊ ဒီမိန်းမအကြောင်း မင်း ဘယ်လောက်သိသလဲ။
- မြသန်းတင့်က အမျိုးသားပါဗျာ။
သြော်- ဟုတ်လား၊ အေးကွာ ဒီလောက်သိရရင် အလုပ်ဖြစ်ပါပြီ။ နာမည်တွေ ပေးတဲ့အတွက် ကျေးဇူးပါပဲကွာ။ အာရင်ဘာ့ဂ်ကိုတော့ ပြည်ဝင်ခွင့် ပိတ်ရမယ်။ မြသန်းတင့်ကိုတော့ ဒီညတွင်းချင်းဖမ်းဖို့ ငါလှမ်းပြောလိုက်မယ်။
- ဒီနာမည်တွေ ကျနော့်ဆီကရတယ်လို့ ဘယ်သူမှ မသိပါစေနဲ့ဗျာ။
စိတ်ချပါကွာ။ ကဲ- ငါပြန်မယ်ဟေ့၊ မနက်ဖြန် လေယာဉ်ကွင်းသွားရမယ်၊ လေယာဉ်က ဘန်ကောက်-မန္တလေး။ မန္တလေးကတဆင့် နေပြည်တော်ကိုပြေးရဦးမှာ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်ဦး။
- ဟုတ်ကဲ့ပါခင်ဗျ။
ဤသည်တို့မှာ ဗိုလ်ချုပ်ကျော်ဆန်းနှင့်ပြောဆိုချက်များပင်။ အာရင်ဘာ့ဂ် (၁၈၉၁-၁၉၆၇)၊ ဆရာမြသန်းတင့်(၁၉၂၉-၁၉၉၈)တို့အနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးရန် အရေးတကြီးလိုအပ်နေသော ကျွန်ုပ်အား ခွင့်လွတ်ကြမည်ဟု ယူဆပါသည်။ ပြည်ပတွင် အနှီပတ်စပို့ရှင်သန်ရေးက အဟုတ်တကယ် အရေးကြီးသည်။ မနက်ဖြန် မြန်မာသံရုံးသို့ သွားရဦးမည်။
အနီရောင်ရပ်ကွက်မှအပြန်လမ်းတွင် "ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ်" ဟူသော တန်ခိုးကြီးဟန် တူသည့် စကားဝှက်အား တဖွဖွ ရေရွတ်နေမိသည်။
( မူရင်း - မိုးမခ )

Read More...

25.4.08

Burma artists hide in shadow their sad work

Jacob Baynham, Chronicle Foreign Service
Wednesday, April 9, 2008
(04-09) 04:00 PDT Rangoon, Burma --


It's midmorning, and Thein Soe is hard at work on a new canvas. A leader of Burma's underground art movement, he has been an artist for more than four decades.

Soe, 61, who asked that his real name not be used for fear of arrest, is bone-thin with a face that resembles Edvard Munch's expressionist painting, "The Scream." Over the years, he has weathered the junta's 46-year rule, watching the military run one of the wealthiest Southeast Asian economies into the ground, crush pro-democracy demonstrations and ban most freedom of expression.

"We paint what we suffer and what we feel," Soe said. "The majority of this is sadness."
While Soe has managed to stay out of jail, he says censors constantly monitor his work, searching for political messages. Each painting destined for public viewing must pass the scrutiny of the Ministry of Information's Censorship Board. Any perceived sign of government criticism can shut the exhibition down and land the artist and gallery owner in jail for several years.

In January, the government closed an exhibit that Soe and several other artists were scheduled to participate in. No explanation was given, but Soe believes the censors considered their works to be politically motivated.

"It's very difficult to show our inner sense, our expression," he said. "They were sending us a message."

Censorship part of lifeIn a country that human rights groups say has about 1,350 political prisoners, dozens of actors, comedians, writers and artists have been imprisoned for work deemed critical of the government. Extreme government censorship is as much a part of life in Burma as pagodas and Buddhism.

Reporters Without Borders' freedom index ranks Burma 164 out of 169 countries, ahead of only Cuba, Iran, Turkmenistan, North Korea and Eritrea. Censors at the Press Scrutiny and Registration Board use mirrors and magnifying glasses to find hidden messages in poems, novels, stories and ads, according to the BBC.

At his studio on a quiet Rangoon street, Soe says many of his paintings express Burmese reality. One depicts five streaks of blood across five rows of horrified faces, while another shows three blank heads, with eyes, ears and mouth crossed out in red, signifying the fear most Burmese feel regarding the military, he says. Such paintings would land him in jail if shown in public. They remain hidden while he ekes out a living selling his abstract paintings.
Moe Lwin, who also asked that his real name not be used, is a leading sculptor. His brother was jailed for writing a poem that criticized the government, and another relative was a member of the National League for Democracy, the political party founded by detained democracy leader Aung San Suu Kyi. He died in prison.

'Artists have a responsibility'Lwin continues to sculpt political pieces in private. One depicts a sleeping mother with a thorn in her ribcage and a rifle barrel for a spine, which he says signifies the slow death of Burma, also known as Myanmar. The piece has since been smuggled out of the country and now sits in a Bangkok gallery.

"Artists have a responsibility to their people and country to express what happens," he said. "(My work) is what I have seen and what I have suffered."

After the brutal crackdown on the monk-led demonstrations in September, arrests have become more frequent, according to press reports.

In late January, poet Saw Wai was jailed for publishing a Valentine's Day poem in a weekly magazine called Love Journal about a brokenhearted man who had fallen in love with a fashion model. Read vertically, the first letter of each line of the poem contained a message that said military junta leader "General Than Shwe is crazy with power."

Like many aspects of Burmese society, art has been set back not only by repression but also by the country's isolation, some observers say. A dearth of quality paints, brushes and art books and magazines, grinding poverty and the frequent closures of Rangoon's art universities - breeding grounds for activism, the government says - have held back the art scene.
Portraits sold in secretAs a result, most paintings sold in the nation's few galleries are portraits of monks or pagodas, which tourists roll up as souvenirs.

But across the country, portraits of Suu Kyi are bought and sold in secret, and the number of young underground artists is growing, older artists say.

In 2006, Burma's art world caught the attention of Pamela Blotner, assistant professor of visual arts at the University of San Francisco.

To expose Burmese artists to the outside world, Blotner created the Burmese American Art Exchange, which showed an exhibition of 12 American and 24 Burmese artists at the U.S. Embassy in Rangoon at the end of 2007. It is scheduled to be shown in San Francisco in May, including political paintings that could never pass government censors.

"I would love for the project to go on indefinitely," Blotner said. "I'm out there looking for funding, and I'm out there looking for people that are interested."

Blotner, who has visited Burma on numerous occasions, has given a series of lectures on the country and has provided Burmese artists with art periodicals and videos of "Spark," the KQED series about Bay Area artists. The exhibition's paintings were sent to her via diplomatic courier to avoid being confiscated by Burmese authorities.

"They bring the same wonder into making art that a child does but with an adult's intelligence and sensibility," Blotner said. "On some levels, the censorship is both horrific but it's also galvanizing. It's something to fight against. These are the things that draw artists together."
Meanwhile, Lwin says he will continue to paint what's on his mind.

"We are not angry," he said. "We are sad. All of these years have been wasted time."
Chronicle Foreign Service reporter Jacob Baynham visited Burma in February on a grant sponsored by the Pulitzer Center on Crisis Reporting in Washington.


This article appeared on page A - 13 of the San Francisco Chronicle


Read More...

27.3.08

talk with Saw Wai's wife ( voa

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ
voa 25 March 2008

ရန်ကုန်မြို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသခံယူမှုတွေ မရနိုင်တာကြောင့် အခြေအနေတွေ ပိုပြီးဆိုးလာနေတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောကြပါတယ်။ ဒီကနေ့ အကျဉ်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက ဘာတွေပြောကြတယ်ဆိုတာ ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။


မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ရာသီဥတုကြမ်းတမ်းတဲ့ဒဏ်၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုချို့တဲ့တဲ့ ထောင်တွင်းအခြေအနေတွေအောက်မှာ ရောဂါဝေဒနာတွေ ခံစားနေရတာ ပိုမိုဆိုးရွားလာနေကြတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောဆိုနေကြတာပါ။

ဒီအထဲက အပတ်စဉ်ထုတ် အချစ်ဂျာနယ်မှာ မြန်မာစစ်အစိုးရခေါင်းဆောင်ကို တိုက်ခိုက်ပြောဆိုထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို ရေးသားဖော်ပြခဲ့တဲ့ ကဗျာဆရာစောဝေလည်း တဦးအပါအ၀င်ဖြစ်ပါတယ်။ အခုဆိုရင် ထောင်ဆေးရုံမှာ အူကျရောဂါနဲ့ ဆေးကုသခံယူနေတာ နှစ်ပတ်ရှိသွားပေမယ့် သူ့အခြေအနေ သက်သာမလာဘူးလို့ ဇနီးသည် မနန်းစမ်းစမ်းအေးက ပြောပါတယ်။

“ထောင်ဆေးရုံမှာပဲပေါ့။ အူကရောင်တယ်၊ အူကျတယ်။ ထမင်းစားလို့မရဘူး။ အခြေအနေကတော့ ချွေးကိုပြန်နေတာပဲ။ နေရထိုင်ရတာမကောင်းဘူး၊ ရာသီဥတုကလည်း ပူတယ်၊ ရောဂါနဲ့ဆိုတော့။ ပြင်ပမှာ ခွဲစိတ်ကုသဖို့ အသနားခံစာတင်ထားတယ်၊ ဆရာဝန်ကြီးတွေကိုပြောထားတယ်။ သူက ခွဲမှဖြစ်မှာကိုး။ ဆရာဝန်ကြီးတွေက အဆင့်ဆင့်တင်ပြရသေးတယ်။ နောက်တပတ် ၁ ရက်နေ့လောက်မှ ဆရာဝန်ရဲ့ ဆေးစစ်ချက်ပြန်လာမယ်။ အဲဒီကျမှ ခွဲဖို့စိတ်ဖို့လိုမယ်ဆိုရင်လည်း အပြင်မှာခွဲမလား၊ အထဲမှာခွဲမလား၊ မပြောတတ်သေးဘူး။ ဆေးရုံတက်တာ နှစ်ပတ်ရှိသွားပြီ။ ထမင်းမစားနိုင်တာလည်း နှစ်ပတ်လောက်ရှိသွားပြီ။ ဆန်ပြုတ်သောက်တယ်၊ ပေါင်မုန့်လေး စားတယ်။ သိပ်စားလို့မရဘူး၊ အူကလက်မခံလို့။”

ကဗျာဆရာစောဝေကို ဒီနေ့ပဲ ထောင်ဝင်စာသွားတွေ့ပြီး မြင်ခဲ့ရတဲ့အခြေအနေတွေကို ဇနီးသည်ဖြစ်သူ မနန်းစမ်းစမ်းအေး ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သရော်ထားတယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ကဗျာကို ရေးသားဖွဲ့ဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် အခုအထိတော့ ကိုစောဝေကို ပုဒ်မတပ်၊ စွဲချက်တင်တာမရှိသေးဘူးလို့လည်း ဇနီးသည်က ဆိုပါတယ်။
ဒီလိုကျန်းမာရေးဆိုးရွားနေပြီး လုံလောက်တဲ့ ဆေးဝါးကုသစောင့်ရှောက်ခံရမှု မရသူ နောက်တဦးကတော့ မျက်စိရောဂါဝေဒနာ ခံစားနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်ပါ။
“ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကတည်းက သူက မျက်စိရောဂါခံစားနေရတာ ကြာပြီ။ အပြင်မှာကတည်းက မျက်မှန်အထူကြီးတပ်ပြီး နေနေရတဲ့လူ။ အဲဒါကို ထောင်ထဲမှာနေရတော့ ထုံစံအတိုင်း ဆေးဝါးကုသမှုကလည်း လုံလောက်မှု မရှိဘူးလေ။ အဲဒါကြောင့် မျက်လုံးက အရမ်းအခြေအနေဆိုးပြီး ကွယ်တော့မယ့် အနေအထားဖြစ်နေတယ်။

“ပြီးခဲ့တဲ့အပတ်ကမှ ထောင်ကနေထုတ်ပြီး အပြင်မျက်စိဆေးရုံမှာ ကုဖို့လုပ်တယ်။ အဲဒီမှာ ကုန်ကျခံရမယ့် ကုန်ကျစရိတ်တွေက မိသားစုကိုယ်တိုင် ကုန်ကျခံရမယ့်ကိစ္စတွေဗျ။ ကျန်တဲ့ တာဝန်ရှိတဲ့လူတွေက ဘယ်သူမှ တာဝန်မယူဘူး။ မိသားစုတွေကလည်း ငွေရေးကြေးရေး အတိုင်းအတာအရ အခက်အခဲရှိတော့ မခွဲသေးဘူးဆိုပြီး ထောင်ထဲကို ပြန်ထည့်တယ်။ အဲတော့ သူ့သူငယ်ချင်း အပေါင်းအသင်းတွေက ကြားပြီး စိတ်မကောင်းဖြစ်၊ ၀ိုင်းကူညီကြမယ့် အနေအထားရှိတော့ အခု ဒီနေ့ ထောင်ကထုတ်ပြီး မျက်စိဆေးရုံလာပို့မယ်ပြောလို့ ကုန်ကျမယ့်ငွေကြေး နှစ်သိန်းခွဲသုံးခွဲယူပြီး လာစောင့်နေတာ၊ အခုအထိတော့ ထုတ်လာတာမရှိသေးဘူး။”

ကိုလှမျိုးနောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ နီးစပ်သူ မိတ်ဆွေတဦးကပြောပြခဲ့တာပါ။ ကိုလှမျိုးနောင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ဖမ်းဆီးခံရစဉ်ကတည်းက မျက်စိနဲ့ အာရုံကြောဝေဒနာ ခံစားနေရတာဖြစ်ပြီး ထောင်တွင်းမှာပဲ မျက်စိတလုံး ကွယ်ခဲ့ရတာဖြစ်ပြီး အခုကျန်တလုံးကလည်း ကွယ်လုနီးနီးဖြစ်နေတယ်လို့ မိတ်ဆွေတွေက ပြောကြပါတယ်။

ဒီလို ကျန်းမာရေး ဆိုးဆိုးဝါးဝါးမဟုတ်လှပေမယ့် ထောင်တွင်း ဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ ကျန်းမာရေးပြဿနာ ကြုံရသူတွေရှိနေသေးတဲ့ အကြောင်းကိုလည်း ဒီနေ့ အင်းစိန်ထောင်ကိုရောက်ရှိခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးက အခုလိုပြောပြပါတယ်။

“စည်သူမောင်တို့အတွဲထုတ်တယ်ဗျာ။ ဟိုဘက်က ပြည့်ဖြိုးနိုင်တို့အတွဲ တတွဲရှိတယ်။ ကိုးဦးပေါ့။ အဲဒါ တပြိုင်တည်းထုတ်တယ်။ ရှေ့နေတွေက ဟိုဘက်သွား၊ ဒီဘက်သွား စစ်တယ်။ စည်သူဆိုရင် ခြေထောက်က ထောက်လို့မကောင်းဘူး၊ ကိုသိန်းရွှေက ခါးကြောညပ်တယ်။ ကျနော်မြင်ခဲ့ရတဲ့ အခြေအနေက အဲဒါတွေပဲ။”

ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ယိုယွင်းနေတဲ့အကြောင်း အကျဉ်းသားမိသားစုဝင်တွေက ပြောပြကြတာပါ။

ကုလသမဂ္ဂအပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ယုံကြည်မှုကြောင့် အဖမ်းခံထားရသူ တထောင်ကျော်ရှိတယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး သူတို့တွေ နေထိုင်နေရတဲ့ အခြေအနေ တိုးတက် ကောင်းမွန်လာစေဖို့ကိုလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) လိုအဖွဲ့တွေက ၀င်ရောက်ကြည့်ရှု ဆောင်ရွက်ခွင့်ရဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။



Read More...