23.1.08

mizzima news & comments in burmese

“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ
မဇ္ဈိမသတင်းဌာန/ ချင်းမိုင်
23-1-2008
http://www.mizzimaburmese.com/content/view/491/1/

အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။



အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။

ကဗျာဆရာစောဝေကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ “ဖေဖေါ်ဝါရီဆယ့်လေး” ကဗျာ လင့်ခ်ကိုနှိပ်၍ဖြစ်စေ ဖတ်ရှုနိုင်ပါသည်။ ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။

အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။
နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။

ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။


ခွန်လင်းချစ်သူ -
အချစ်ကဗျာကနေ အာဏာရူးကဗျာဖြစ်
58.136.135.xxx 2008-01-23 15:57:52
စောဝေကတော့ ချစ်သူများနေ့ အထိမ်အမှတ်အနေနဲ့ ရေးစပ်ထာားတာ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ.... ဒါပေမယ့် ကဗျာချစ်သူ စာချစ်သူတွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စော်ပလော်တီး ချင်တဲ့ အသီသက ရှိနေတာကြောင့် ကဗျာမြင်လည်း အဓိပ္ပါယ် အမျိုးမျိုး ထွင်နေတာပဲ...

ကောင်းတော့ ကောင်းသွားတာပေါ့ အချစ်ကဗျာကနေ အာဏာရူး ကဗျာ ဖြစ်သွားတာ... တကယ်လည်း အာဏာရူးနေတာပဲလေ... အခုဆို သွက်ချာပါဒပါ ရူးနေလောက်ပြီ....

Nge Naing -
ဝေဖန်တာလည်းမခံနိုင်ပဲနဲ့ ခေါင်းဆောင်လုပ်ချင်တယ်
58.111.87.xxx 2008-01-23 16:27:00
ကဗျာဆရာ စောဝေကို ချီးကျူးဂုဏ်ယူ လေးစားပါတယ်။ သူများနိုင်ငံတွေမှာ ဒီလို အနုပညာရှင်တွေက သူတို့ တွေ့မြင်ခံစားရတာကို ထုတ်ဖေါ်ပြသတဲ့ programme တွေကို TV, သတင်းစာ၊ စာနယ်ဇင်းတွေက ဟာသခန်းတွေမှာ ဒီထက်မက ကြီးကျယ်ခမ်းနား ဖေါ်ပြပြီး ဝေဖန်တာတောင်မှ ဝေဖန်ခံရတဲ့ အစိုးရက ပြည်သူလူထုနဲ့အတူ အပြုံးမပျက်ပဲ ကြည့်နိုင်၊ ဖတ်ရှုနိုင်သေးတယ်။ မြန်မာ အနုပညာရှင်တွေမှာ အဲဒီလိုလုပ်ခွင့် မရတာကတော့ ဒီမကောင်းဆိုးဝါးတွေ ကြီးစိုးတဲ့ ခေတ်မှာ လူလာဖြစ်တဲ့ ရှေးဘ၀ကုသိုလ်ကံပဲ ဆိုရမှာပေါ့။ ခေါင်းဆောင်ဆိုတာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဝေဖန်တာကို တည်တည်ငြိမ်ငြိမ် လက်ခံရမည့်အစား အခုဖြစ်နေတာက နည်းနည်းဆိုဖမ်းဆီး ချုပ်နှောင်ဖို့ကလွဲပြီး တခြားဘာမှ လုပ်တတ်တာမတွေ့ရဘူး။ ဒါနဲ့များ အနာဂတ် နိုင်ငံရေးမှာလည်း ယူနီဖေါင်းမချွတ်ပဲနဲ့ မရှက်မကြောက် ၀င်ပြီး ဦးဆောင်ချင်နေသေး။
yangon thar - are you craving for freedom? then be a outlaw
71.202.113.xxx 2008-01-23 16:48:07
"If freedom is outlawed, then only outlaws will have freedom" - Tom Robbins

ပြည်သား -
အာဏာရူးကြီး ရူးတော့သည်
203.120.118.xxx 2008-01-23 17:06:03
မပူပါနဲ့ ဒီ ခွေးရူး မှူးကြီး သန်းရွှေကော၊ ခွေးရူး ကတော် ၀က်ရူး ကြိုင်ကြိုင် ကော၊ ခွေးရူးနဲ့ဝက်ရူးစပ်ကျထားတဲ့ ခွေးရူးဝက်ရူးသူတောင်းစားတွေကော ၄င်းတို့နဲ့ တနွယ်ငင်တစ်စင်ပါ သူတောင်းစားတွေကော..အားလုံး ပိုးစိုးပက်စက် ကျဆုံးချိန် နီးလာပါပြီ။

Boedaw -
Be the Gratefulness for ur peoples
193.37.152.xxx 2008-01-23 17:20:00
ပြည်သူ့ ချဉ်ဖတ်အဖြစ် ဘ၀ကို အဆုံးသတ် ရရှာသော အာဏာရူးများသည် သားစဉ်မျိုးဆက် မကောင်းစား ကြပါဘူး။
“သူတို့လည်း အသက်ထွက်၊ သူတို့ သားသမီးတွေလည်း ဘ၀ပျက်”
အဲဒီ သင်ခန်းစာကို ယူပြီး ပြည်သူချစ်သော သားကောင်း ရတနာများ ဘ၀ကို ရယူပိုင်ဆိုင် နိုင်အောင် ကြိုးစား စွမ်းဆောင် နိုင်ကြပါစေ။

ဂျင် -
ပြည်သူက ပေးသောဘွဲ့
24.70.95.xxx 2008-01-23 23:50:26
ကိုစောဝေ လုပ်ရပ် ပြောင်မြောက် ပါတယ်။စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓါတ်များ တစ်နေ့ တစ်ခြား တိုးပွားနေပါတယ်။ အနုပညာရှင်များ ပိုမို ပါဝင် လာရင်လှုပ်ရှားမှု ပိုအားကောင်းလာမယ်။

Thatunmon
84.251.20.xxx 2008-01-24 00:03:04
က ဗျာ ဆ ရာ စော ဝေ ရဲ့ ... အာ နာ ရူး ကြီး မှုး ကြီး သန်း ရွှေ ...အ ရေး အ သား အ ရ ဆို ရင် ကျ နော် မြင် တာ က တော့ ......စစ် အ စိုး ရ စာ ပေ စီ စစ် ရေး အ ဖွဲ့ ၀င် တွေ စိတ္တဇ ဖြစ် နေ ကြ တယ် ဆို တာ သေ ချာ လောက် ပါ တယ်။ နာ ကို ဘာ ဖြစ် လို့ များ ဏာ လို့ ထင် နေ ရ တာ လည်း စစ် အ စိုး ရ စာ ပေ စီ စစ် ရေး တို့ ရေး။

KKWin -
It Hurts ......
90.208.71.xxx 2008-01-24 01:21:04
We all have heard ," Ah Nar Baw Doke Kya",The truth hurts when it hits the open wound.





No comments: