26.2.08

saw wai receives prison visit



ဂျာနယ်ပြန်ထွက်သော်လည်း ဂျာနယ်ပါကဗျာရှင် ထောင်ထဲမှာ
DVB နော်စေးဖော ၂၁-၂-၂၀၀၈

အချစ်ကဗျာတပုဒ်ကြောင့် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ကဗျာဆရာစောဝေဟာ စာပေစိစစ်ရေးက ပယ်ပြီးသား သူ့ကဗျာကို အချစ်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သူတာဝန်ယူတယ်ဆိုပြီး ထည့်လိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ မနေ့ကတွေ့ဆုံစဉ် ပြောလိုက်ပါတယ်။ အချစ်ဂျာနယ်ပါ အချစ်ကဗျာတပုဒ်ကြောင့် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ကိုစောဝေ ကို မိသားစုက မနေ့က ပထမဆုံးအကြိမ် တွေ့ခွင့်ရပါတယ်။

ကိုစောဝေရဲ့ ချစ်သူများနေ့အထိမ်းအမှတ် 'ဖေဖော်ဝါရီဆယ့်လေး' ကဗျာထိပ်ဆုံး စာလုံးတွေဟာ “အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” လို့ အဓိပ္ပာယ်ထွက်တဲ့အတွက် အာဏာပိုင်တွေက အရင်လ ၂၂ ရက်ကတည်းက ကိုစောဝေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သူ့ကဗျာကို စာပေစိစစ်ရေးက ပယ်ထားပြီးဖြစ်ပေမယ့် ဦးမြတ်ခိုင်က သူတာဝန်ယူတယ်ဆိုပြီး အချစ်ဂျာနယ်မှာ ထည့်လိုက်တာဖြစ်တယ်လို့ ကိုစောဝေက အင်းစိန်ထောင်မှာတွေ့ရစဉ် ပြောပြလိုက် တယ်လို့ သူ့ဇနီးမနန်းစန်းစန်းအေးက ပြောပြပါတယ်။

"စိစစ်ရေးကနေပယ်ထားတဲ့ကဗျာပေါ့။ ပယ်ထားတဲ့ကဗျာကို အယ်ဒီတာအနေနဲ့ သူ့ရဲ့စာစောင် ရောင်းကောင်းရေး၊ ပေါက်ရေးပေါ့ တာဝန်ယူပြီးတော့ ထည့်တယ်ဆိုပြီးတော့ ထည့်လိုက်တယ်။ စိစစ်ရေးမှာ အဲဒီကဗျာက ပိတ်ထားတယ်ပေါ့။ ကြက်ခြေခတ်ထားတယ်။ ဖော်ပြလို့မရဘူးပေါ့လေ။"

"ပယ်ထားတဲ့ကဗျာကို ဘှာေုကာင့်ဂျာနယ်ထဲရောက်လာတဲ့အခါမှာ ရှင်းရှင်းပြောရရင် ပယ်ထားပေမယ့် သူတာဝန်ယူဏပီးတော့ ထည့်မယ်ဆိုဏပီးတော့ အဲဒီဟာကို ထည့်လိုက်တဲ့ပုံပေါ်ပါတယ်။ ပယ်တာကို ပယ်တဲ့အတိုင်း ထားရင်တော့ ကိုစောဝေ ဒီလိုဒုက္ခမရောက်ဘူး။ ပယ်တာကိုမှ ကောက်ထည့်ထားတော့ ကိုစောဝေလည်း ဒီမှာဒုက္ခရောက်တာပေါ့။ ရှင်းရှင်းပြောရရင် သူလည်းတော်တော် ခေါင်းကြိမ်းမှာပဲ။"

ဒီကိစ္စကို အထက်အာဏာပိုင်တွေသိရှိနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ စီစဉ်နေ တယ်လို့ နန်းစန်းစန်းအေး ပြောပါတယ်။

"သူအထဲထဲကိုရောက်သွားတဲ့အခါမှာ အစ်မလည်း အများကြီးဒုက္ခရောက်တယ်။ စီးပွားရေး ကတဖက်၊ သူ့ကိုတွေ့ဖို့ကတဖက်၊ စိတ်သောကတွေက အများကြီးရောက်တော့ အထက်လူကြီးတွေလည်းသိအောင်ပေါ့ ဒီကိစ္စကို။ နဂိုတည်းကိုက စာတင်ချင်တယ်။ အဲဒါနဲ့ သူကလည်း အဲလို အထက်ကလူကြီး သိအောင်ဆိုပြီးတော့ စာတင်ပါလို့ သူက အစ်မကိုပြောတယ်။ အစ်မရေးတတ်သလိုရေးပြီးတော့ တင်လိုက်မယ်ပေါ့။"

ဒီကဗျာကို အယ်ဒီတာက ဘာကြောင့်ထည့်သွင်းဖော်ပြသလဲဆိုတာတော့ မပြောတတ်ပါဘူးလို့ နန်းစန်းစန်းအေးက ပြောပါတယ်။

"သူ့စိတ်ကိုလည်း အစ်မ မသိနိုင်ဘူးလေ။ သူ စေတနာနဲ့ထည့်တာဖြစ်ရင်ဖြစ်မယ်။ သူထည့်စေချင်လို့ ထည့်တယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ။ "

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်စာနယ်ဇင်းသမားတဦးက ဦးမြတ်ခိုင်ကို ပြစ်တင်ဝေဖန်ပါတယ်။

"စာနယ်ဇင်းသမားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုမြတ်ခိုင်ဟာ သက် သက်မဲ့ ဒါကို တကယ်စိတ်ဓာတ်ရှိတဲ့လူတယောက်ကို ချောက်တွန်းပြီးတော့ ထောင်မကျ ကျအောင် ဆင်လိုက် တဲ့ကိစ္စပေါ့။ သူနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်တယ်လို့ပဲ ပြောလို့ရမှာပေါ့။ "

အာဏာပိုင်တွေက ကိုစောဝေကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားဆဲဖြစ်ပေမယ့် အချစ်ဂျာနယ်ကိုတော့ ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်လို့ ဒီအပတ် တနင်္လာနေ့မှာ နန္ဒာလှိုင်၊ လူမင်းတို့ပါဝင်တဲ့ 'ဓမမ္မာသောက အင်းဝရာဇာ' ရုပ်ရှင်ပိုစတာမျက်နှာဖုံးနဲ့ ထုတ်ဝေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီဆယ့်လေး ကဗျာကို စိစစ်ရေးက ပယ်ပါလျက် ဘာကြောင့် ဂျာနယ်မှာ ထည့်သွင်း ဖော်ပြသလဲဆိုတဲ့ကိစ္စကို မေးမြန်းရာမှာ ဦးမြတ်ခိုင်က 'ကိုစောဝေက စာမူပေးလို့ ထည့်သွင်းဖော်ပြတယ်' လို့သာ ဖြေကြားပါတယ်။

"အမှန်က ဒါ စောဝေ ပေးတယ်။ ကျနော်တို့ ဖော်ပြတာ။ ဒါပဲလေ။ ဒါအဖြစ်မှန်ပဲ။ အားလုံးသိ ပြီးသားပဲ။ တလောကလုံးသိတယ်။ စောဝေ ကျနော်တို့ကိုပေးတယ်။ ကျနော်တို့ဖော်ပြတယ်။ ဒါပဲ"

Read More...

puzzle poem

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ပဟေဠိ

မဇ္ဈိမ/ နန်းဒေဝီ Friday, 22 February 2008 15:42 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။



စာပေစိစစ်ရေးက ပယ်ချခဲ့သည့် ကဗျာဖြစ်သော “ဖေဖော်ဝါရီ ဆယ့်လေး” ကို အချစ်ဂျာနယ်တွင် ဇန်နဝါရီလက ဖော်ပြခဲ့မှုသည် ပဟေဠိ ဖြစ်နေသည်။

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ဟု စကားဝှက် ပါရှိသော ကိုစောဝေ၏ ကဗျာ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တွင် ပါရှိခဲ့ခြင်းကို ကဗျာဆရာ ကိုင်တိုင် မသိရှိပဲ ဖြစ်နေသည်ဟု ကဗျာကြောင့် အထိန်းသိမ်း ခံနေရသူ၏ ဇနီးသည် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။



“ကိုစောဝေက တခုတော့ ပြောလိုက်တယ်။ ဒီကဗျာက စိစစ်ရေးက ပယ်ထားတယ်၊ ကဗျာကို ကြက်ခြေခတ်လည်း ခတ်ထားပြီးသား။ အဲဒီလို ပယ်ပြီးသားကို ကိုမြတ်ခိုင်က သူ တာဝန်ယူတယ် ဆိုပြီးတော့ ထည့်လိုက်တာလို့ ပြောတယ်” ဟု ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သည့် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
သို့သော် ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်ကမူ ကာယံရှင်ကိုယ်တိုင် သဘောတူညီမှုဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု မဇ္ဈိမသို့ ပြောပြခဲ့ဖူးသည်။



“စောဝေက ကျနော့်ကို ဖုန်းဆက်တယ်။ Valentine Day အတွက် ကဗျာပေးချင်တယ် ပြောတယ်။ Valentine Day ဆိုတဲ့ စကားလုံးက ရမှာ မဟုတ်ဘူး ဆိုပြီး ဖေဖော်ဝါရီ ဆယ့်လေး ဆိုပြီး ရေးလို့ ပြောတယ်။ သူပို့တဲ့ ကဗျာ၊ စောဝေ ကိုယ်တိုင် ကျနော့်ကို ဖုန်းဆက်ပြီး ပေးတဲ့ ကဗျာ” ဟု ဦးမြတ်ခိုင်က ပြောသည်။



နောက်ထပ် ပြုလုပ်သည့် တယ်လီဖုန်းမှတဆင့် မေးမြန်းခြင်းကို ဖြေကြားရာတွင် ဦးမြတ်ခိုင်က “ကျနော်ပြောရင် ကျနော့် Voice ပဲဖြစ်မယ်။ ကာယကံရှင်က စောဝေ။ စောဝေ သူ အသိဆုံးပဲ။ ဒီအချိန်မှာ စောဝေက အထဲမှာ ရှိနေတဲ့အတွက် ကျနော် ဘာမှမပြောလိုဘူး။ ကျနော်တို့ကြောင့် ဘယ်သူမှလည်း မနစ်နာစေချင်ဘူး။ တခြား လူကြောင့်လည်း ကျနော် မနစ်နာချင်ဘူး။ ကျနော်နဲ့ သူက ပြောမနာ ဆိုမနာ နေလာခဲ့ကြတဲ့ သူတွေဆိုတော့ ဒီအချိန်မှာ ဘာမှမပြောလိုဘူး” ဟု ပြောသည်။



ကဗျာကြောင့် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး အချစ်ဂျာနယ် ထုတ်ဝေခွင့်ကို စာပေစိစစ်ရေးက တလခန့် ရပ်ဆိုင်းခဲ့သော်လည်း၊ ယမန်နေ့က စ၍ ပြန်လည် ထွက်ရှိလာမှုအပေါ် ရန်ကုန်စာပေ အသိုင်းအဝိုင်း အတွင်းနှင့် သတင်းစာ လောကတွင် ဝေဖန်စရာ ဖြစ်နေသည်။



ကဗျာရေးသူကိုတော့ ဇန်နဝါရီ ၂၂ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် တရားရုံး ထုတ်ခြင်းမရှိဘဲ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။



ဦးမြတ်ခိုင်ကို သတင်းစာပေ အသိုင်းအဝိုင်းနှင့် စစ်အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားသူများက စစ်အစိုးရ အလိုကျ လုပ်ဆောင်နေသူဟု ယုံကြည်ကြသည်။



ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ကိုစံမိုးဝေ က “ကိုမြတ်ခိုင်ကိုတော့ အရေးယူတာမျိုး မလုပ်ဘဲနဲ့ ရေးတဲ့ သူတယောက်ထဲကို အခုလို လုပ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး။ တကယ်လို့ ကိုစောဝေကို ဒီကဗျာ ထည့်သုံးမယ် ဆိုတာကို အကြောင်းမကြားဘဲနဲ့ ထည့်လိုက်တာ ဆိုရင်တော့ ကျင့်ဝတ်သိက္ခာ မရှိဘဲနဲ့ လုပ်လိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်” ဟု ပြောသည်။



“ဖေဖော်ဝါရီ ဆယ့်လေး” ကဗျာတွင် ပါရှိသည့် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ကြည့်ပါက “အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည်။


Read More...

20.2.08

performance art by saw wai




စောဝေ - အမေ
ပန်းဆိုးတန်းလမ်းမှာ တခါက ပြုလုပ်ခဲ့တဲ့ အနုပညာသရုပ်ဖော်တင်ဆက်မှုမှတ်တမ်း



Read More...

15.2.08

a small book of poems celebrating Saw Wai’s special valentine


စောဝေကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ်တစ်အုပ် ထွက်လာပါပြီ။
အင်္ဂလိပ်လို ရေးထားပါတယ်။
ကိုစောဝေရေးဖွဲ့ခဲ့သလိုပဲ ကဗျာဆရာ ၁၂ ယောက်က အာဏာရူးဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆိုတဲ့ ၀ါကျကို ကဗျာတွေထဲမှာ ၀ှက်ပြီး ဖွဲ့ဆိုထားပါတယ်။

စာမျက်နှာ ၂၀ ပါတဲ့ ကဗျာစာအုပ်ကို ဟောဒီမှာ ဒေါင်းလုတ် လုပ်ပါ။

An American poet named A. J. Patrick Liszkiewicz heard this news and has put together with twelve contributors a small book of poems celebrating Saw Wai’s special valentine. The book is available here (PDF) and is of course called “Power Crazy Senior General Than Shwe.” All of the poems in it play with those words, some mimicking in English Wai’s first-word strategy, others doing more cryptic exercises, working the phrase in forward and backward and at angles. You could waste hours at the office or on the train or in bumper-to-bumper unraveling these gems.

Read More...

distributing SawWai's poem on valentine's day

ကိုစောဝေ ကဗျာများ ဖြန့်ဝေ
မဇ္ဈိမသတင်းဌာန 14 February 2008
စစ်အစိုးရ၏ လုပ်ရပ်များအပေါ် ထောက်ခံသည့် စာရွက်များနှင့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” အဓိပ္ပာယ်ရသည့် ကဗျာများကို ရန်ကုန်တိုင်းအတွင်း ယနေ့တွင် တသီးတခြားစီ လိုက်လံ ဖြန့်ဝေခဲ့ကြသည်။

လူငယ်များက ချစ်သူများနေ့ ကျရောက်သည့် ကြာသာပတေးနေ့ နေ့လည် ၁၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ် ကားလမ်းပေါ်တွင် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အမည်ခံ လူငယ်တစုက အေဖိုးအရွယ် စာရွက်တွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လမ်းစဉ် ၇ ချက်ကို ထောက်ခံထားသလို၊ မေလတွင် ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲကို ကြိုဆိုကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကြိုဆိုကြောင်း ရေးသားပါရှိသည်။

စာရွက်များတွင် အဖွဲ့၏ တံဆိပ်နှင့် ကိုအေးလွင်ဆိုပြီး ပါရှိသည်ဟု မျက်မြင် တွေ့ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ အငြင်းပွားဖွယ်ရာ ကိုအေးလွင်မှာ စစ်အစိုးရ အထောက်အပံ့ဖြင့် လှုပ်ရှားနေသူ ဖြစ်ပြီး စစ်တပ်က နိုင်ငံအာဏာကို ချုပ်ကိုင်ထားခြင်းကို သဘောတူသူ ဖြစ်သည်။

“မြန်မာ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံပါတယ် ဆိုပြီးတော့ ကျောင်းသား မဟုတ်တဲ့ လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ စာရွက်တွေ လိုက်ဝေနေပါတယ်” ဟု မျက်မြင်သက်သေ က ပြောသည်။

သို့သော်လည်း ကိုအေးလွင်၏ အဖွဲ့ကို ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်သော ကိုရဲထွန်းက သူတို့ စာရွက် ဖြန့်ဝေခြင်း မဟုတ်ဟု ငြင်းဆိုလိုက်သည်။

“ဒီနေ့ ဖြန့်ခဲ့တဲ့ စာရွက်တွေ အပေါ်မှာ သဘောထားအမြင် ပြောရရင် စာရွက်ကို မတွေ့တဲ့ အတွက်ကြောင့် သဘောထားပေးဖို့ ခက်တယ်။ နောက်ပြီးတော့ ကျနော်တို့ နာမည်ကို သုံးပြီးတော့ လုပ်တဲ့ကိစ္စက ဒါဟာ မလုပ်သင့်တဲ့ ကိစ္စပဲလေ။ နိုင်ငံရေးလုပ်တဲ့ လူတွေက ဒါ သိက္ခာ ရှိရတာကိုး။ ကိုယ်လုပ်ရင် ကိုယ် ဗြောင်လုပ်ရမယ်။” ဟု ပြောသည်။

မျက်မြင်သက်သေကလည်း ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ကာ လိုက်ဝေနေခြင်း ဖြစ်ပြီး အာဏာပိုင်များ၊ စည်ပင် ရဲတပ်ဖွဲ့များက လမ်းဘေးတွင် ရပ်ကြည့်နေသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ပြောသည်။

“ဝေတဲ့အချိန်မှာ စည်ပင်ရဲတို့၊ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေကအစ အဲဒီစာကို ဘေးတွေမှာ လိုက်ဝေနေတယ်။ ကျောင်းသားတွေပဲ မဟုတ်တော့ဘူး။ ကျနော် တွေ့ရသလောက်က အာဏာပိုင်တွေ ကိုယ်တိုင်ကလည်း လိုက်ဝေနေတာ” ဟု အခြားသော ဒေသခံ တဦးကလည်း ပြောသည်။

အဖျက်သမား မှန်သမျှကို ချေမှုန်းကြ စာသားအပြင် တွေ့ဆုံဆွေးနွေးရေး သွားနေသည်ကို ရပ်တန့်ပြီး လမ်းစဉ် ၇ ချက်အတိုင်း သွားရန်နှင့် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို နိုင်ငံရေး အကျဉ်းသားများ အဖြစ် မသတ်မှတ်ဘဲ ရာဇဝတ်မှု ကျူးလွန်မှုနှင့် ဖမ်းထားသည်ဟု အသိအမှတ်ပြုရေး ရေးသားထားသည်။ ထို့နောက် စက်တင်ဘာလတွင် ဆန္ဒပြခဲ့သည့် သံဃာတော်များသည် သံဃာအတုများ ဖြစ်သည်ဟု ပါရှိသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ထိုးနှက်ထားသည့် ကဗျာတပုဒ်ကိုတော့ လူငယ်တစုက အင်းစိန်ဈေး၊ လှည်းတန်း၊ ကမာရွတ်ဈေးနှင့် မင်္ဂလာဒုံဈေးတို့တွင် ဖြန့်ဝေခဲ့သည်ဟု ကိုယ်တိုင် ပါဝင်ဖြန့်ဝေခဲ့သူ လူငယ်တဦးက ပြောသည်။

“တနေရာမှာ ၁ဝ မိနစ်ကြာ ဖြန်ခဲ့တယ်။ အောင်အောင်မြင်မြင်နဲ့ ဖြန့်ဝေနိုင်ခဲ့တယ်။ စာရွက် အခေါက်လေးတွေနဲ့ လူကိုယ်တိုင် လိုက်ပေးတာ။ အခုအချိန်အထိ ဖမ်းဆီးခံရတာ မရှိသေးဘူး” ဟု သူက ပြောသည်။

စစ်အစိုးရက ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ၏ နိုင်ငံရေး လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိရာ လျို့ဝှက်စွာ လှုပ်ရှားကြရသည်။

ကဗျာပိုင်ရှင် ကိုစောဝေ မှာ အင်းစိန်ထောင်အတွင်း အကျဉ်း ကျခံနေရသည်။ ကိုစောဝေက အချစ်ဂျာနယ်တွင် “ချစ်သူများနေ့” အထိမ်းအမှတ် “ဖေဖော်ဝါရီ ၁၄” ဆိုသည့် ကဗျာတပုဒ်ကို ရေးသားခဲ့ရာ ကဗျာ ထိပ်စီးစာလုံးများ ကို အစဉ်လိုက် စီကြည့်လျှင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။


Read More...

irish poets support Saw Wai


အိုင်းရစ်ကဗျာဆရာကြီး ဦးဆောင်ပြီး မြန်မာအစိုးရကို ဆန္ဒပြမည်
RFA 14-2-2008

မြန်မာနိုင်ငံမှာ ကဗျာဆရာစောဝေကို အကျဉ်းချထားတာနဲ့ ပတ်သက်လို့ - - ( အပြည့်အစုံဖတ်ရန် )

Read More...

12.2.08

one more poem in SawWai's style

ဇန်န၀ါရီ (၂၁)ရက်၊ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိသော ကဗျာဆရာ စောဝေ၏ ဖေဖော်ဝါရီ ဆယ့်လေး ကဗျာကို အားကျသဖြင့် ကဗျာတစ်ပုဒ် ရေးဖွဲ့လိုက်ပါသည်။ ဆိုပြီး ညိုကြီးရဲ့ ဘလော့ဂ်မှာ ဂုဏ်ပြုကဗျာတစ်ပုဒ် ဖတ်ရပြန်ပါတယ်။


Read More...

poem in SawWai's style


အောက်မှာဖတ်ရမယ့် ကဗျာနဲ့ မှတ်ချက်ကို A,Ngwei ဘလော့ဂ် ကနေ ယူတယ်။ အငွေ့ တဲ့။ ကလောင်နာမည်က။ အငွေ့ ရေးတဲ့ကဗျာ။ စောဝေကဗျာမဟုတ်။ သို့ပေမဲ့ ဖတ်ကြည့်ပါဦး၊ ဇန်န၀ါရီ ၂၄၊ ၂၀၀၈ ရက်စွဲနဲ့ တင်ထားတာ။

စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။

မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်….
လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
သမာသမတ် ရှိနိုင်ပါ့မလား။
မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့သော်လည်း… ငါတို့
သွားတွေဟာ ဖြူဖြူစင်စင် အစာကို ၀ါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။

မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်ကြမယ်လို့လည်းထင် ပါတယ်။

Read More...

saw wai's poem from Dr.Lun's blog

ဒေါက်တာလွန်းဆွေဘလော့ဂ်မှာ တွေ့တဲ့ကဗျာ။ Jan 6 ရက်စွဲနဲ့ တင်ထားတာ။ စောဝေရဲ့ ကဗျာ တဲ့။ "ထားခဲ့" ။

Read More...

11.2.08

an article in US newspaper

ယူအက်စ်၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့တော်အခြေစိုက် The Christian Science Monitor သတင်းစာမှာ ကိုစောဝေအကြောင်း ရေးထားတယ်။ သိပြီးသားတွေဆိုပေမယ့် သူတို့ ဘယ်လိုရေးကြသလဲ သိချင်လို့ ဖတ်ကြည့်မိတယ်။ အင်္ဂလိပ်စာလည်း လေ့လာဖြစ်တယ်။

Burma's censors monitor Internet, newspapers - and poets
By Danna Harman
Mon Feb 11

Rangoon, Burma - Saw Wai is a Burmese poet known for his love songs. His eight-line Valentine's Day ode, about a brokenhearted man in love with a fashion model, was a particularly tender one. But there was one problem.
If read vertically, the first word of each line formed the phrase: "Power Crazy Senior General Than Shwe."

The senior general himself, head of Burma's (Myanmar's) military junta, could not have been amused. The head of the censorship board was urgently called to the capital; the weekly "Love Journal" has been shut down and copies of the offending edition were yanked from newsstands.

Saw Wai is now in jail, where apparently he will spend Feb. 14 in isolation, behind bars.
Extreme government censorship is as much a part of life in today's Burma as rice and pagodas. Everything from TV programs to newspaper ads goes through a rigorous vetting board. But the junta is fighting a losing battle against a population hungry for information, armed with tools ranging from transistor radios to sneaky editors and myriad ways to bypass blocks on Internet sites.

Since last September's monk uprising, the censorship has increased. And criticism of the ruling junta is not all that is wiped out – so is most bad news, including reports on natural disasters and defeats of the national soccer team. Even good news can be cut if it's about countries out of favor with the government.

Reporters Without Borders' (RSF) Press Freedom Index placed Burma 164th out of 168 countries last year, just ahead of Cuba, Eritrea, Turkmenistan, and North Korea. This year, the country might do even worse.

"The police and army continue to hunt for journalists and activists who photographed and filmed the [September 2007] crackdown on the pro-democracy demonstrations," RSF says in its January report.

All TV and radio stations in Burma are government owned. The same is true for the country's three daily papers, which routinely run front-page stories along the lines of "Maj-Gen Khin Zaw of Ministry of Defense inspected bridges on the railroad yesterday," or Maj- Gen Tha Aye of the Ministry of Defense attended a ceremony to broadcast fertilizers for summer paddy."
Far more popular than the dailies are the 80-odd privately owned weekly and monthly magazines here – which are read, according to the British Broadcasting Corporation's (BBC) World Service Trust, by some 40 percent of the urban and 20 percent of the rural population.

Yet these have to submit everything from their editorials to cartoons to a government censorship board before publication. Falling afoul of the board results in immediate punishment ranging from having the paper closed, to years of imprisonment (see sidebar story).

Very slow Internet access – which, in any case, is found only in the biggest cities – while cheap, is still a luxury for many. It, too, is under government control. Officially, all e-mails go through the authorized government-run Internet service providers, where detailed data on users is collected, and the mail itself is scoured, sometimes causing days of delays. Popular e-mail sites such as hotmail.com and gmail.com, along with foreign newspapers and a long list of other supposedly undesirable sites, are blocked.

Following last year's riots, all Internet access was cut off for three weeks. And, according to several Internet café owners, since then, they have been pressured to register the personal details of all customers and save screen images every five minutes on each computer – all of which could be demanded at any time by authorities.

So how does news actually get in, out, and about? The commercial papers are locked in a never-ending game of cat and mouse with the censors, explains an editor of one popular weekly here, who spoke on condition of anonymity because of security concerns. For example, newspapers typically re-send the same stories to the censor board a few weeks later, rewritten, with a new headline. "If we fail the first time, we restick the main point about three quarters of the way down in the story and surround it with very technical language to get the censors bored. We can still say a lot," he explains.

"Journalism is a vehicle for doing what we care about – which is actively advocating for social and economic change," admits the publisher of another weekly, who also asked his name not be used.

Meanwhile, foreign shortwave radio services are enormously popular here, with an estimated 40 percent of Burmese tuning in to the BBC, Voice of America Burmese broadcasts, Radio Free Asia, and the Democratic Voice of Burma. Small Chinese-made radios cost as little as $5.
Watching satellite television is harder because of frequent electric outages, and the expense. Nonetheless, it is popular with Burmese gathering in tea shops to watch sports and catch news.
"My constituency is a small town in upper Burma, but even there we have small satellite dishes and radios, and everyone is listening to the radio or watching the tennis," says U Han Tha Even, spokesman of the opposition NLD. "Even the military is listening to the BBC. Where else would they get information?"

In addition, in Rangoon and Mandalay, months-old copies of The Economist or Time magazine pass like gold from hand to hand. At night, under generator-run lights, locals crowd into makeshift outdoor secondhand book markets, browsing.

The Internet cafes in these main cities are packed with youngsters overriding the blocks with endless formulas to reach proxy servers – and freely surfing the web, in open defiance of the law. They chat with friends across the border in Thailand, check gmail accounts, read news, search for scholarship opportunities overseas, and follow American celebrity antics.
"I think there as many ways to enter gmail through side portals as there are ways to block it," says Zaw Zaw, a young Internet cafe owner, who admits he does not follow rules about tracking customers, and, so far, nothing has happened.

"Media from the outside is so very important," stresses Burmese monk in exile Abbot U Uttara, who heads the Sasana Ramsi Vihara in London. "Not only to stay informed, but because it conveys to those within Burma that the world has not forgotten them."

The flow of information goes both ways. While Burma is notoriously strict about letting foreign journalists into the country and restricts travel within Burma, many do enter, and a lot of what the junta is trying to cover up is reported anyway. Meanwhile, courageous local journalists reporting for outside media are very active. Burmese news sites based outside the country – such as Irrawaddy.org~~a href="http://"/~~and Mizzima.com – put out daily reports using journalists within.

During September's demonstrations, despite a heavy crackdown on media, and the shooting to death of a Japanese journalist (which the government claims was accidental), images of the beatings and shootings of unarmed protesters crossed the world within minutes of the events – courtesy, mainly, of local activist journalists who rushed to nearby cafes or embassies with photos and reports. Mobile phones, while more expensive in Burma than almost anywhere else, are also becoming popular – allowing for immediate sending of both photos and text messages.
Valentine's Day poet Saw Wai remains in jail, says the weekly publisher, but there is no doubt others will continue fighting the boundaries here by cheekily sending out subversive messages, flooding the censors with reworded news stories, buying more radios, and bypassing blocked sites. "The times where you could isolate a whole country will never return. It's just not possible," he says. "Ours are small victories, but they are still victories."

Read More...